သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“Wifi Internet ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

    ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ Wifi Internet လုပ်ငန်းများ အဆင်ပြေ ချောမွေ့မှုရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆)ရှိ Yatanarpon Teleport Wifi လုပ်ငန်းနှင့် ရပ်ကွက်ကြီး (၃)ရှိ Mahar Net Wifi လုပ်ငန်းများအား တွေ့ဆုံပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍာနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် Internet ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေး ကဏ္ဍာစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် သိသင့်သိထိုက်သည့် အချက် အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ နည်းပညာခေတ်တွင် Wifi Internet သည် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်နေပြီး အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်း၊ စားသုံးသူများ၏ နေ့စဉ်လူမှု့ဘဝအဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြိမ်ကြိမ်ပြောဆိုသော်လည်း စားသုံးသူ၏ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍လိုအပ်သော သတင်း အချက်အလက်ပြည့်စုံ မှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေးများ ပြည့်ဝစွာရရှိစေရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“စဉ့်ကိုင်မြို့ရှိ ကြည်ဟန် စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

        ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၈) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ  ကြည်ဟန် စားသုံးဆီအရောင်း ဆိုင်သို့ သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့် ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဘူးသွပ်ဆီမဟုတ်သော ရောနှောဆီ များကိုလည်း ရောင်းချခြင်းမပြုလုပ်ရန်နှင့်  နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိ သောစားအုန်းဆီများကို ရည်ညွှန်းစျေး၊ သယ်ယူပို့ ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီး ရောင်းချ ခြင်းမရှိရန် လိုအပ်ကြောင်း၊  ထိုသို့ ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန်ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                                                  

“စဉ့်ကိုင်မြို့ရှိ စိန်သိန်းစက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

  ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာ လ(၁၈)ရက်နေ့တွင် စဉ့်ကိုင်မြို့ရှိ စိန်သိန်း စက်သုံးဆီအရောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး ၊ စျေးနှုန်းမြင့်တက်မှုမရှိစေရေး ၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်သိုလှောင်ရောင်းချခြင်း မပြုလုပ်ရန်၊  အချင်အတွယ် မှန်ကန်စွာ ရောင်းချ ရန်နှင့်အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းပြတ်လတ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တက်ခြင်းရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ(၁၈)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိ မြနှင်းဆီစတိုးဆိုင်နှင့် ရတနာလင်း စတိုးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အသင့်သောက်အချိုရည်များ၊ အရန်သင့်အစားအစာများ၊ အာဟာရဖြည့်စွက်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ သွားတိုက်ဆေးများနှင့် ဆပ်ပြာအမျိုးမျိုးတို့အား ကုန်ပစ္စည်းပြတ်လတ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တက်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မုန့်မျိုးစုံရောင်းချသည့်ဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ဓါတ်မြေဩဇာများ ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

          ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းများနှင့် မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများအား ပြင်ပ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၁၁၉၉၀၀/-)ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် (၁၅၃၀၀၀/-)ကျပ်ဖြင့် သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရ ပါသည်။

DOCA( မန္တလေး)

“ စဉ့်ကိုင်မြို့နယ်ရှိ မင်းတံခွန်ဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၁၈)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ စဉ့်ကိုင်မြို့နယ်ရှိ မင်းတံခွန်ဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါး များရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး အမျိုးမျိုးများအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ၊ ဆရာဝန်ညွှန်ကြားချက်မပါသော ပိုးသတ်ဆေး အမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုရန် ၊ လုပ်ငန်းလိုင်စင် ရှိ/မရှိ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန် မသင့်သော ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး၊လိမ်းဆေးအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် ၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ဘေးထွက်ဆိုးကျိုး ၊ကြိုတင်သတိပေး ချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာ ဖြင့်ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

“စဉ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၁၈)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ၊ သပြေရိုးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြော ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး) က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေး နှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီး  အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီထုတ်ယူခွင့် ကျေးရွာများမှ အိမ်ထောင်စုစာရင်းများနှင့်အညီ အပြည့်အဝရရှိရေး ထုတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ

   မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိန်ပန်းမြိုင်(ရေလဲကလေး)တော်တလုပ်ကျေးရွာရှိ အိမ်ထောင်စု စာရင်းများအတိုင်း စားအုန်းဆီထုတ်ယူခွင့် စာအုပ်များရရှိနိုင်ရေး ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အခြခံ အိမ်ထောင်စု စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး၍ ပြည်သူများရရှိနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်၍ စနစ်တကျ ထုတ်ပေး နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

    မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ဒုခရိုင်ဦးစီးမှူးသည် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ဌာန၏ လမ်းညွှန်ချက်များအတိုင်း စားသုံးသူကျေးရွာနေပြည်သူများ ဆီစာအုပ်ဖြင့် စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေးကို အခြေခံ အိမ်ထောင်စူ စရင်းများနှင့် တိုက်ဆိုင်စိစစ်၍ စနစ်တကျပေးအပ်ဆောင်ရွက်လျက်ရှိသည်၊ ပေးအပ်ပြီးကျေးရွာစာရင်မျာကို လည်း အသေးစိတ်စာရင်းများဖြင့် စာရင်းရေးသွင်းထားရှိကာ သတ်မှတ်ချက်များနှင့် အညီ ရောင်းချ သွားနိုင်ရေးကို ကျေးရွာနေပြည်သူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို ရှင်းလင်းပြီး လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်နိုင်ရန် စိန်ပန်းမြိုင်(ရေလဲကလေး)တော်တလုပ်ကျေးရွာရှိ အိမ်ထောင်စု ၂၂၈၈၊ လေးအိမ်စု ၁၂၄၇၊ လင်္ကျားကြီး ၃၃၂၄ ၊ ဝဲဒေါင့် ၃၀၃၊  သာယာကုန်း ၅၂၅၊ အဂါး ၉၅၄၊  ဆီစာအုပ်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၉.၉.၂၀၂၅) မှ (၁၅.၉.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၆၃၇၂) အိတ်၊ ပေါ်ဆန်းမွှေး (၁၆၁၂၃) အိတ်၊ ပေါ်ကျွဲ (၅၈၅၁) အိတ်၊ ဧည့်မထ (၃၇၈၄၇) အိတ်၊ ဆန်ကွဲ (၇၂၂၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၁၅၄၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၅၅၄၇) အိတ်၊ ငစိန် (၃၅၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၄၉၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ခရိုင်စားသုံးသူရေးရာကော်မတီ ဆွေးနွေးပွဲ Zoom Link ဖြင့် အစည်းအဝေးတက်ရောက်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ခရိုင်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များသည် ၁၇-၉-၂၀၂၅ ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် မအူပင်ခရိုင် အထွေထွအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ရုံးချုပ်နေပြည်တော်မှ ဦးဆောင်ကျင်းပသော ခရိုင်စားသုံးသူရေးရာ ကော်မတီများနှင့် ဆွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရုံးချုပ်နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွ၍့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာကော်မတီ လုပ်ငန်းများ သက်ဝင်လှုပ်ရှားရန်လိုအပ်ကြောင်း စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို ဥပဒေဖြင့် ၂၀၁၉ ဥပဒေအသစ်ပြင်ဆင်ပြဌာန်း ဆောင်ရွက်လာခဲ့သည်မှာ ယန့အချိန်ထိ ဖြစ်ကြောင်း၊ ပြည်သူများနှင့် ပူးပေါင်း၍ ၁၀နှစ်တာကာလအတွင်း လှုပ်ရှားဆောင်ရွက်မှုများ ထိရောက်အောင်ဆောင်ရွက် လာနိုင်ခဲ့ကြောင်း၊ ကော်မတီများကို အမြန့်ဆုံးဖွဲ့စည်းဆောင်ရွက်ပြီး ကော်မတီအစည်းအဝေးများကို ၃လ တစ်ကြိမ်ကျင်းပဆောင်ရွက်နိုင်ရေး မှာကြားပြီး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ ပြန်လည်ထားရှိ လက်ခံဆောင်ရွက်နိုင်ရန် အာစီယံနိုင်ငံများမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ သိရှိနိုင်ရန် ယခုလို တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း မှာကြားပြောကြားခဲ့သည်။

   ဆက်လက်၍ နေပြည်တော်မှ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာ ဦးမျိုးထိုက်က အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) အဓိကလုပ်ငန်း စဉ် ၅ရပ် ကို ရေးဆွဲ ဆေင်ရါက်မှု အခြေအနေများကို ရှင်းလင်းခြ်း၊ ကုန်စည်များ အတုထုတ်လုပ်ပါက ဥပဒေအရ ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်အောင် ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ရှင်းလင်းခဲ့သည်။ အစည်းအဝေး နိဂုံးချုပ်အမှာစကားကို ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ပြောကြားရာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အဓိက ဒေါက်တိုင် ဖြစ်သည့် ၃ခုရှိပြီး အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်ကြားမှုကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ရန်တို့ကို ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများက စုပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းဖြစ်၍ လှုပ်ရှားမှုဆောင်ရွက်ရန်ကို မှာကြားခဲ့ပြီး အစည်းအဝေးကို ညနေ  ၁၆၃၀ အချိန်တွင်ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ