
၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “အွန်လိုင်းအသိပညာပေး (Talk Show)” အားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးမှ “Talk Show” ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံဦးစိုးညီညီမှလည်း“အွန်လိုင်းရောင်းချခြင်းဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာ များဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အားလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲ တင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
