သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကုန်သည်များအသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၂၈.၂.၂၀၂၅) ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့်ဈေးများရှိ ဆန်အ ရောင်းဆိုင်အချို့အားစိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချလျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများ သည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန် စည်ဒိုင်မှတစ်ဆင့် ပြန်လည် ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ တံဆိပ်အမှတ်အသားများဖြင့် ပြန်လည်ထုပ်ပိုး ရောင်းချခြင်း ဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုးမတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လူဦးရေနှင့်စားသုံးမှုအရ စပါးစိုက်ပျိုးထွက်ရှိမှု အပေါ် ဆန် လိုအပ်ချက်ရှိသော်လည်း ဧရာဝတီ၊  ပဲခူး ၊  မန္တလေး အစရှိသည့် တိုင်းဒေသကြီးများမှလည်း ဆန်စီးဝင်မှု များလည်းရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် သက်ဆိုင်ရာဌာနများမှ လည်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေး ဆောင်ရွက်လျှက်ရှိနေသည့် အတွက် ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှုတို့ကို မတွေ့ရှိရဘဲ ပုံမှန်ဈေးကွက် အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

           ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဦးစီးအရာရှိ ဒေါ်ခင်သီ၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးလှစိုး  ၊ ဒုတိယဦးစီးမှူးဒေါ်လဲ့လဲ့ဌေး၊ ဌာနခွဲ စာရေး ဦးသိန်းထွန်း ၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး တို့သည် အလုံမြို့နယ်၊   ဆင်မင်းဈေးတာဝန်ခံ ဒေါ်ယဉ်ယဉ်ကြည်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၈.၂.၂၀၂၅ ရက်နေ့၊   နံနက် (၀၈:၄၅) အချိန်တွင် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း (လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့်   ဈေးနှုန်းအခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့ရှိ ဆန်ဆိုင်များတွင် ဆန်ရောနှောရောင်းချခြင်းရှိမရှိ ကွင်းဆင်းမှုအခြေအနေ

မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၈-၂-၂၀၂၅ ရက်နေ့ ညနေ (၁၅:၃၀)အချိန်တွင် အမှတ်(၇)ရပ်ကွက် အေးမြသီတာဈေးရှိ ဆန်လက်လီလက်ကား ရောင်းချလျက် ရှိသော ဆန်အရောင်းဆိုင်များသို့ ဆန်ရောနှောရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြင်းခြံဈေးကွက်အတွင်း၌ ရွှေဘိုပေါ်ဆန်း၊ ဧရာပေါ်ဆန်းဆန်များတွင် ဆန်ကြမ်းအမျိုးအစားများ ရောနှောရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ မဂျမ်းတောတစ်အိတ်လျှင် ၁၃၃၀၀၀ကျပ်၊ ဧရာမင်းတစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ဖန်သီးသုခတစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ရက်၉၀ဆန် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ သုခတစ်အိတ်လျှင် ၇၅၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ၊ မတ်လ ၃ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) ကို နှစ်စဉ်ဂုဏ်ပြုကျင်းပပြုလုပ် လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆောင်ပုဒ်ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့တော်ခန်းမ၌ (၁၁-၃-၂၀၂၅) ရက်နေ့တွင် ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိခြင်းနှင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ MRCCI နှင့် ညီနောင်အသင်းများ၊ သူနာပြုတက္ကသိုလ်နှင့် ပညာရေးကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၉၃)  ဦးခန့်  အခမ်းအနား တက်ရောက်နိုင်ရေး  ဖိတ်ကြား၍ စားသုံးသူရေးရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး နှင့် ပတ်သက်သော အသိပညာဗဟုသုတ ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ရန် လျာထား ဆောင်ရွက်လျက် ရှိပါသည်။

              ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မတိုင်မီ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် ပညာပေးအစီအစဉ် Talk Show များ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ မတိုင်မီတစ်ပတ်အလိုမှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး       Facebook Page များတွင် စားသုံးသူအခွင့်အရေးများနေ့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက် များ ကြိုတင်ဖြန့်ဝေခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။အထိမ်းအမှတ်အခမ်းအနားနေ့ ဆောင်ပုဒ် ပါဝင်သည့် ( ၁၈ × ၆ ) မြေစိုက် ပိုစတာအား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ရှေ့မျက်နှာစာ တွင် စိုက်ထူခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအား မန္တလေးမြို့တော် စည်ပင်သာယာ‌ရေးကော်မတီ၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ကုန်စုံဆိုင်များတွင် ကြက်အူချောင်း၊ ဝက်အူချောင်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်နှင့် လူသုံကုန်ပစ္စည်းများတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ တာဝန်ခံကလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် နံနက်(၉၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၀)ပေပါ(သို့)ပိဿာ ၂၂၀၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၅ခုနှစ်၊ ဖေ‌ဖော်ဝါရီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက် ခဲ့ရာ (၃၇) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုး၊ အခြားပြုပြင် ထုပ်ပိုး/ ထုပ်လုပ်ထား သောစားသောက်ကုန်အမျိုးမျိုး၊ Solar လျှပ်စစ်ထုတ်စက်များအပါအဝင် အိမ်သုံးလျှပ်စစ် ပစ္စည်း အမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)  

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

            စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များကသိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြ ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ Top One ကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်း၊ ဆင်ညီနောင်စား သောက်ကုန်လုပ်ငန်း၊ စိန်ရတီကိတ်နှင့် ကိတ်စိုမုန့် မျိုးစုံလုပ်ငန်း၊ အောင်တံခွန်စားသောက်ကုန်၊ ရွှေစင်မင်းကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်း၊ မြကေသီ ကိတ်နှင့်ကိတ်စိုမုန့်မျိုးစုံလုပ်ငန်းမှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအားစိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ပြန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ