
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒီဇင်ဘာလတတိယပတ် လူထုလမ်းလျောက်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် လမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်ကျေးရွာရှိ ပြည်သူများ အားကန့်ဘလူမြို့နယ်လက်လီကိုယ်စားလှယ်ဦးနွေဦးမှ စားအုန်းဆီရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့မှစတင်ကာ အစိုးရစက်မှုလက်မှု(သိပ္ပံ)ကျောင်းအထိ တစ်ပျော်တစ်ပါးလမ်းလျှောက်ခဲ့ရာ ကိုယ်ကာယလေ့ကျင့်ခန်းစုပေါင်းပြုလုပ်ပြီး နံနက်စာကော်ဖီနှင့် မုန့်တို့ဖြင့်ဧည့်ခံကာ ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ လမ်းလျှောက်ပွဲတွင်ပါဝင်ခဲ့သူ လူဦးရေ(၄၀၀၀)ကျော်ကို ဆန်(၁)ပြည်အခမဲ့ပေးခဲ့ပြီး (၁)ဦးလျှင်စားအုန်းဆီ(၅၀)ကျပ်သား ရောင်းချရောင်းချပေးခဲ့ရာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
