သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်္ဂလာတောင်ညွန့်မြို့နယ်၊  City Express သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊  City Express သို့ (၁၂-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီ အချိန် တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် City Express တွင် ရောင်းချလျှက်ရှိ သော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်း များကောက်ခံခြင်း၊ ကုန်ပစ္စည်းများ ကန့်သတ်ရောင်းချမှုအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ တို့ကို သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအရာရှိက ကုန်ပစ္စည်းများစစ်ဆေးရာတွင် စားသုံး သူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ၊ ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည် နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ် Yadancrpon Teleport အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Yadancrpon Teleport   အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာတွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ် Telecom (Mytel) အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Telecom (Mytel)   အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ် Ocean Wave အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး’

         စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Ocean Wave  အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်၊ City Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၂. ၉. ၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊တို့နှင့်ပူးပေါင်း၍ တာမွေမြို့နယ် City Martသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ် လပ်မှုရှိ/မရှိနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ /မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ် Myanmar Net အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  Myanmar Net အင်တာ နက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့အတွင်း မိုးကောင်းစားသောက်ကုန်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများအား ဈေးကွက်မရောက်မီ ဖော်ပြရာတွင်မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ မိုးကောင်း စားသောက် ကုန်လုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက် မရောက်မီကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်း များ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိ စေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့အတွင်း CM လူသုံးကုန်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားများအား ဈေးကွက်မရောက်မီ ဖော်ပြရာတွင်မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) နှင့်ဝန်ထမ်း များသည်  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်ရှိ CM လူသုံးကုန်လုပ်ငန်းအား   လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီကွင်းဆင်း စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာန များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင် အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသား များ ပြည်စုံစွာပါရှိ စေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက် အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

Two Diamond Baby Collection အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၁၁.၉.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် Two Diamond Baby Collection မှ ကလေးအသုံးအဆောင်ပစ္စည်းများအား အမှတ်(၄၆/၂(က))၊ ဗိုလ်လရောင် လမ်း၊ (၃၀)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ် ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Burma New Antique အား  Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန် မှု ရှိ/မရှိကို(၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် Burma New Antique အား အမှတ် (၁၇၂ /၃)၊ ဘုရင့်နောင်လမ်း၊ ၄၈ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ