မြောင်းမြခရိုင်ဝါးခယ်မ မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ အာဟာရ ဖြည့်စွက်စာများ ရောင်းချမှု ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်ဝါးခယ်မမြို့နယ်တာဝန်ခံရုံးမှဦးအောင်မိုးနှင့်ဝန်ထမ်း များသည် (၁၅.၁.၂၀၂၆)ရက်နေ့နံနက်(၁၁:၀၀)နာရီတွင် မြို့နယ်ထွေ/အုပ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်   ပူးပေါင်း၍  ဝါးခယ်မမြို့ရှိ  ဆေးဆိုင်များအား အာဟာရဖြည့်စွက်စာများ   ရောင်းချမှုနယ်မြေဈေးကွက်စောင့်ကြည့်   စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  စားသုံးသူရေးရာဦးစီးဌာန  ၊ဝါးခယ်မမြို့နယ်တာဝန်ခံမှဆေးဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော၂၀၁၉ပါဥပဒေပြ ဌာန်းချက် များမှဥပဒေအခန်း (၁၈)ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြား ချက်များ၊လိုက်နာဆောင်ရွက်ကြရန် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှုအညွှန်းအတိုင်း ထားသိုရောင်းချကြရန်ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း စစ်ဆေးရောင်းချကြရန် အစားအသောက်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန် ဆေးဆိုင်ပိုင်ရှင် များအား သတိပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)