သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ဆီစာအုပ်များဖြန့်ဝေခြင်း

       ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ပုံရေကျော်အုပ်စုသို့  စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကိုယ်စားလှယ်တို့သည် (၂၀.၉.၂၅) ရက်နေ့၊ နံနက် (၇:၀၀) အချိန်တွင် ဆီစာအုပ်များ ဖြန့်ဝေပေး ခြင်းနှင့် ဆီရောင်းချခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကျေးရွာရှိ ပြည်သူများအား ဆီစာအုပ်ဖြင့် ဆီဝယ်ယူရရှိနိုင်စေရန် ကျေးရွာရာအိမ်မှူးနှင့် အတူ အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်(၁) အုပ်နှုန်းဖြင့် ဆီစာအုပ်ပြုလုပ်ဖြန့်ဝေပြီး ဆီကိုယ်စားလှယ်များ ဆီလာရောက်ရောင်းချပါက စာအုပ်ဖြင့် လာရောက်ဝယ်ယူကြရန် အုတ်ပုံကျော်ကျေးရွာရှိ ပြည်သူများအား ဆီစာအုပ်ဖြင့် ဝယ်ယူသူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကြာကွင်းအုပ်စု အ.လက ကျောင်းအသိပညာပေးဟောပြောခြင်း

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားဦးစီးဌာနတို့ ပူးပေါင်း၍ (၂၂.၉.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြာကွင်းအုပ်စု၊ အ.လ.က (သော်ကကွင်း) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့အား ကြည်ပြီးမှ ဝယ်ယူစားသုံးသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

(DOCA ဧရာဝတီ)

  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသော မုန့်ဆိုင်များအားစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အုန်းပင်စုကျောင်းရှိ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်စစ်ဆေး ခဲ့ပါသည်။

           ထိုသို့သွားရောက်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကျောင်းမုန့် ဈေးတန်းတွင်ရောင်းချနေသောသူများအား သန့်ရှင်းလတ်ဆက်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသောကုန်ပစ္စည်းများကိုသာရောင်းချစေရေး၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲမပါသော မုန့်များအားရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်၊ ကျောင်းသား/ကျောင်းသူများ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရေး စသည့်အကြောင်းအရာများကို ရှင်းလင်းမှာကြား ခဲ့ပါသည်။

(DOCA ဧရာဝတီ)

  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

                  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၃.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် အုန်းပင်စုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ များအား လူငယ်အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေး များအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အုန်းပင်စုကျေးရွာ သန္တိသုခကျောင်းတွင် စားအုန်းဆီရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၁:၀၀)အချိန်တွင် ငပုတောမြို့နယ်  အုန်ပင်စုကျေးရွာ သန္တိသုခကျောင်းတွင် စားအုန်းဆီရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ စားအုန်းဆီလက်လီ ရောင်းချနေသော စိန်ဇော်ဂျီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲ ထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့်ပိဿာချိန်အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စိန်ဇော်ဂျီဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိန်ဇော်ဂျီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ သန္တိသုခကျောင်း မြရတနာဓမ္မာရုံတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ သန္တိသုခကျောင်း မြရတနာဓမ္မာတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာ ပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် တစ်ခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm.website တွင်လည်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြား နိုင်ပါကြောင်းအသိပေးဟောပြောခဲ့ပြီး ထို့ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ စုစုပေါင်း (၆၀) ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။

(DOCA ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ(၂၄)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင်ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ Apache တံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၄၀၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိပ်လျှင် (၂၆၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေး နှုန်းများမှာ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)

ဒေးဒရဲမြို့ "ဖြိုးဟိန်း"စက်မှုလက်မှုလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

            ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၅ခုနှစ် စက်တင် ဘာလ၂၄ရက်နေ့၊ နံနက်၁၀နာရီအချိန်တွင်ဒေးဒရဲမြို့အမှတ်၂ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ "ဖြိုးဟိန်း"စက်မှုလက်မှုလုပ်ငန်းသို့သွားရောက်ပြီးSMEလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
       အဆိုပါကွင်းဆင်းရာတွင် မြို့နယ်တာ၀န်ခံက"ဖြိုးဟိန်း"စက်မှုလက်မှုပိုင်ရှင် ကိုထက်ဝေယံ ဖြိုးအားထုတ်လုပ်သည့်ပစ္စည်းများနှင့်ပတ်သက်၍မေးမြန်းရာတွင်အနိမ့်တင်ရေစက်များ၊ရေတင်ပိုက်လုံးများကို အဓိကထားထုတ်လုပ်လျက်ရှိပြီး ဒေးဒရဲကျေးရွာများမှလာရောက်၀ယ်ယူ ကြောင်းအရင်းအနှီးအနေဖြင့် ကျပ်သိန်း၂၅၀ခန့်ရှိပြီးလုပ်သားဦးရေမှာ မိမိအပါအ၀င် သုံး ယောက်နှင့်လည်ပတ်လျက်ရှိပြီး တစ်ဦးလျှင်လစာအနေဖြင့် ၁၅၀၀၀၀ကျပ် ဖြစ်ကြောင်းပြော ကြား ခဲ့ပြီး မြို့နယ်တာ၀န်ခံမှလိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ကျေးရွာများအရောက် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် စက်တင်ဘာလ(၁၉)ရက်၊ နေ့လယ်ပိုင်းက ကျေးရွာများအရောက် စားသုံးဆီများသွားရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

            အဆိုပါစားသုံးဆီရောင်းချရာတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ကြီးမှူး၍ အောင်သပြေခိုင် ကုမ္ပဏီမှ ဖြန့်ဖြူးသည့် စားသုံးဆီ (၁)ပိဿာလျှင် (၇၂၁၇)ကျပ်နှုန်းဖြင့် ထင်းကွင်းကျေးရွာ နှင့် ကလပ်ရပ်ကျေးရွာ ရှိ မိဘပြည်သူများအား စားသုံးဆီဖူလုံစေရေးအတွက်  ရောင်းချပေးခြင်း ဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ဆီကုန်သည်ကြီးများ အသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ သတ်မှတ်ရက်များ အလိုက် မြို့ပေါ်ရပ်ကွက်ကြီး များနှင့် ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စားသုံးဆီကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူနိုင်ရန် လှည့်လည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်စက် လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကျိုက်လတ်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း တို့က ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန်၊ စပါး ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကိုလေ့လာ စုံစမ်းခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ