
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နေ့လည် (၂း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ဓါတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိ နှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်း နှင့် သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးအား (၃း၀၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
