သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသော ၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်ကဖျာပုံမြို့ အထက (၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပခဲ့ပါသည်။
            ရှေးဦးစွာကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip အားပြသပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊အိုဇုန်းလွှာ၏ အဓိပ္ပါယ်၊ခရမ်းလွန်ရောင်ခြည်လှိုင်း အမျိုးစားများ၊ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ရန်နည်းလမ်းများနှင့်၂၀၂၅ ခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး"ဟူသောဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာများအားအသိပညာပေး ဟောပြောသည်။ ထိုနောက်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အဆင့်ကျင်းပပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ကျေင်းသူများအား ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်၊မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က ဆုများအသီးသီးပေးအပ်ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများကလက်ခံရယူကြသည်။ဆက်လက်၍ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲ စာအုပ်များပေးအပ်ရာ အထက (၃)ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။

( Docaဧရာဝတီ)


 

           ဖျာပုံမြို့နယ်၌ အမှိုက် (၄)မျိုး ခွဲခြားစွန့်ပစ်တတ်စေရေးအသိပညာပေး ဟောပြောပွဲကျင်းပ

            ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန် မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ စျေးများနှင့် ဌာနဆိုင်ရာ ရုံးများတွင် ကျောင်းသား၊ကျောင်းသူများ၊ပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန်ရည်ရွယ်၍ အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် လိုက်လံအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ်အချိန်က ဖျာပုံမြို့နယ်အတွင်း လိုက်လံအသိပညာပေး ဆောင်ရွက်ကြသည်။
             အဆိုပါ အမှိုက် (၄)မျိုး ခွဲခြားစွန့်ပစ်တတ်စေရေးအသိပညာပေး ဟောပြောပွဲရာတွင် ဖျာပုံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဦး၊ဦးစီးအရာရှိဒေါ် သက်သက်ကြူနှင့်ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊အခြေခံပညာကျောင်းများ၊ စျေးများတွင် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရန် အမှိုက်ခြောက်၊ အမှိုက်စို ၊ ဘေးအန္တရာယ်ရှိအမှိုက် ၊ ပလတ်စတစ်အမှိုက်များ ခွဲခြားစွန့်ပစ်စေရေး အသိပညာပေး ဆောင်ရွက်ခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့်
 လက်တွေ့သရုပ်ပြခြင်းများလိုက်လံဆောင်ရွက်ကြကြောင်း သိရှိရသည်။

( Doca ဧရာဝတီ )

   နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ                                                       ဈေးနှုန်းချိုသာစွာရောင်းချပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၂)နေ့၊ နံနက်( ၁၁ : ၀၀)အချိန်က ဖျာပုံမြို့ ပဥ္စမာရဇိံ ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားအခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေးရာတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ဖျာပုံခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ဆရာ/ဆရာမများ၊ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ၊ဆန်၊ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် စားသုံးဆီ(၅၀)ကျပ်သား (၁)ဗူးလျှင်(၃၅၀၀)ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်း၊ကြက်ဥတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် စတင်ဘာဘာလ (၂၂)ရက်နေ့ နံနက် (၈)နာရီအချိန်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား နေ့ရက်အလိုက် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့နယ် အ-ထ-က (ဖျာပုံတမံ)ကျောင်း တွင် စာဖတ်ရှိန်မြှင့်တင်ရေး" လူငယ်စကားဝိုင်း" ကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊လူငယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့် ကောင်းများ ဖြစ်လာစေရန်၊အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ​ ​စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀ : ၀၀)အချိန်က ဖျာပုံမြို့ နယ် အ-ထ-က (ဖျာပုံတမံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
                  အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင် အ-ထ-က (ဖျာပုံတမံ) ကျောင်းအုပ် ဆရာမဒေါ် ဝင်းဝင်းသန်းကအဖွင့်အမှာစကားပြောကြားပြီးဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းကျော်ကျော်နှင့်အတူ အထက(ဖျာပုံတမံ)ကျောင်းမှ Grade (11) မှ မဝင်းကေသွယ်က " ကျောင်းသားနှင့်ကိုယ်ကျင့်တရား" ၊ မသွယ်ထက်ဇင်က " ကျောင်းသားနှင့်စာအုပ်စာပေ"၊ Grade (10)မှမောင်ညီဝဏ္ဏကျော်က"အချိန်၏တန်ဖိုး"၊မောင်စန်းလင်းက " ကျောင်းသားနှင့်စာအုပ်စာပေ" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့တွင်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီးသန်းဦး ဦးဆောင်​သော တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီအချိန်ကဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက္ကမျွမ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
                အဆိုပါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ ယာယီဒုတိယရဲမှူးကြီးသန်းဦး၊ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးနိုင်ဦး၊ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးစိန်လွင်အောင်၊(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး)မြို့နယ်များမှ ဒုရဲအုပ်များနှင့် တပ်ဖွဲ့ဝင်များ၊ သတရ (ဖျာပုံ)မှတပ်ဖွဲ့စုမှူး ရဲအုပ်နိုင်ဦး ၊ လတန(ဖျာပုံ)စိတ်-၃မှ ရဲအုပ် အောင်ထွန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊အမှတ် (၈၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ) မှ ဒုရဲအုပ် ဝိုင်းအောင်ချစ်နှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော စုပေါင်းအဖွဲ့မှ ဖျာပုံမြို့အမှတ်(၁၈)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက္ကမျွမ်စေတီတော်ကြီး ဝန်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ စေတီတော်မြတ်ကြီးအား ရောင်တော် ဖွင့်ခြင်း၊ ဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပရိဝုဏ်အတွင်း/အပြင်ရှိ အမှိုက်များ၊ချုံနွယ်များ ရှင်းလင်းခြင်း၊ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

( Doca ဧရာဝတီ )

ကျေးရွာများသို့ စားအုန်းဆီထုတ်ယူမှုစာအုပ်ဖြန့်ဝေခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်ဆင်ကူးကျေးရွာအုပ်စုရှိအိမ်ထောင်စု (၃၉၆)စုအတွက်(၁၈.၉.၂၀၂၅)နေ့(၁၀:၀၀)အချိန်တွင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်တကွငါးဦးကော်မတီဖြင့် လာရောက်ထုတ်ယူရာတွင် တစ်အိမ်ထောင်စုလျှင် ( ၁ ) ပိဿာနှုန်းဖြင့်ဆင်ကူးကျေးရွာအုပ်စုရှိအိမ်ထောင်စု( ၃၉၆ )စုအတွက် စာအုပ်( ၃၉၆ )အုပ် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျေးရွာများသို့ စားအုန်းဆီထုတ်ယူမှုစာအုပ်ဖြန့်ဝေခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မငေးကလေးကျေးရွာအုပ်စုရှိအိမ် ထောင်စု(၄၅၁)စုအတွက်(၁၇.၉.၂၀၂၅)နေ့(၁၀:၀၀)အချိန်တွင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွငါးဦးကော်မတီဖြင့် လာရောက်ထုတ်ယူရာတွင် အိမ်ထောင်စု တစ်စုလျှင် (၁)ပိဿာ နှုန်းဖြင့်  မငေးကလေးကျေးရွာအုပ်စုရှိ   အိမ်ထောင်စု ( ၄၅၁ )စုအတွက်   စာအုပ်(၄၅၁)အုပ်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင်စက်သုံးဆီဆိုင်များအားကွင်းဆင်း

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်    ၂၀၂၅ခုနှစ်၊  စက်တင်ဘာလ၂၂ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ဒေးဒရဲမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းခြင်းကို ဆောင်ရွက်ခဲ့  ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က စက်သုံးဆီ  ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ မီးဘေး အန္တရာယ်ကြို တင်ကာကွယ်ရေးဆောက်ရွက်ထားရှိမှုနှင့် စက်သုံးဆီသိုလှောင် ထားရှိမှု အခြေအနေများနှင့်ရောင်းချ  နေသောစက်သုံးဆီများအခြင်အတွယ်မှန်ကန်စွာရောင်းချခြင်း ရှိ / မရှိအားရတနာကောင်းကင်စက်သုံးဆီဆိုင်၊ဧရာရွှေဝါစက်သုံးဆီဆိုင်၊နန်းထိုက်ဧရာစက်သုံးဆီ ဆိုင်၊ Denkoစက်သုံးဆီဆိုင်တို့ကိုသွား  ရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA (ဧရာဝတီ)

မှော်ဘီ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၄.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီ မြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် ဦးဝေလင်းအောင် စားအုန်းဆီအရောင်းဆိုင်မှ မိမိသည် ဝေမာကုမ္ပဏီမှရရှိသောခွဲတမ်းအား ဝါးနက်ချောင်းကျေးရွာရှိ သရက်တော၊ ဈေးကွက်သစ်နှင့် ရှမ်းပိုင်ရွာများမှ အိမ်ထောင်စုများသို့လည်း‌ကောင်း၊ ဒေါ်နွယ်နွယ်ဝါလက်လီအရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းအား ဝါးနက်ချောင်းကျေးရွာအရှေ့ပိုင်း ၁၊ ၂၊ ကျောက်တောင်စု ၁၊ ၂နှင့် ဝါးဖြူ တော (၆)ပိုင်းမှ အိမ်ထောင်စုများသို့လည်း‌ကောင်း တစ်အိမ်ထောင်လျှင် (၅၀)ကျပ်သားနှုန်းဖြင့် အပိုင်အလိုက်ခွဲဝေပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များမှ သတ်မှတ်ပေးသော ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး နေ့စဉ် လက်ကျန်မထားရှိဘဲ ခွဲတမ်းများ ကုန်စင်အောင်ရောင်းချပေးပါကြောင်း၊ မိမိတို့ဌာနမှလည်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ၊ သိုလှောင်ထားခြင်းများရှိခဲ့လျှင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ဖေ” နနွင်းမှုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်း

               ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဒေးဒရဲမြို့ ၊ အောင်မင်္ဂလာရပ်ကွက်၊ အနော်ရထာ လမ်းရှိ  “ဖေ” နနွင်းမှုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့ ကွင်းဆင်းခဲ့ရာတွင် “ဖေ” နနွင်းမှုန့် လုပ်ငန်းပိုင်ရှင်က အိမ်တွင်း တပိုင်တနိုင် ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်းနှင့် ရောင်းချမှုအနေဖြင့် မြို့ပေါ်ရှိ ဈေးဆိုင်များသို့သာ ရောင်းချကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင လက်ကား (၂၅၀၀) ကျပ်၊ လက်လီ(၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ လုပ်သားဌားရမ်းမှု မရှိဘဲ မိသားစုဝင်များဖြင့်သာ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ