သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ အလှကုန်ပစ္စည်းများ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ (၂၃.၉.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလှကုန်ဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

         

ကျုံပျော်မြို့နယ်အတွင်း ကောက်စောစပါးများ ရိတ်သိမ်းရောင်းချနေမှုအား ကွင်းဆင်းလေ့လာခြင်း

              ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းသည် (၁၉.၉.၂၅) ရက်နေ့၊ ညနေ (၁၅း၃၀) အချိန်တွင် ထိန်ငူကြီးကျေးရွာရှိ တောင်သူဦးအောင်ဇော်ဦး စိုက်ပျိုးထားသော မိုးစပါး (၇) ဧက ရိတ်သိမ်းရောင်းချနေမှုအခြေအနေများနှင့် တစ်ဧက အထွက်နှုန်းကုန်ကျစရိတ်၊ အကျိုးအမြတ် ရရှိမှုများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ကွင်းဆင်း၍ ဆွေးနေါးမေးမြန်းခဲ့ကြောင်းသိရှိ ရပါသည်။

(DOCA ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ အ.ထ.က ရေစခန်းကျောင်းဝင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၅) ရက်နေ့၊ နေ့လည်(၁၂:၀၀) အချိန်တွင် (အ.ထ.က) ရေစခန်းရှိ ကျောင်းမုန့်ဈေးတန်းတွင်   ကျောင်းမုန့်ဈေးတန်း ကြီးကြပ်မှုကော်မတီ ဆရာမများနှင့် အတူစစ်ဆေးခဲ့ရာတွင် ရောင်းချလျက် ရှိသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရန်၊  ရက်လွန်မုန့်များ၊ FDA မှ တားမြစ်ထားသော မုန့်များရောင်းချခြင်းမပြုရန်နှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ် ကင်းစေမည့်မုန့်များကိုသာရောင်းချရန် ပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

ကျုံပျော်မြို့နယ်၊ အ.ထ.က ရေစခန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်ခြင်း

     ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ (အ.ထ.က) ရေစခန်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၂) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

မြို့နယ်တွင်းကောက်စောစပါး ရိတ်သိမ်းရောင်းချနေမှု အခြေအနေများ အဖွဲ့ဖြင့်ကွင်းဆင်း လေ့လာဆောင်ရွက်ခြင်း

  ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၅) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီ အဖွဲ့ဝင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး တို့နှင့်အတူ မြို့နယ်တွင်း ကောက်စောစပါး ရိတ်သိမ်း၊ ရောင်းချနေမှု အခြေအနေများ ကွင်းဆင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။ ယခုရက် ရိတ်သိမ်းစပါးမျိုး မှာ မှော်ယီ-၃ ၊ GW-11 ၊ စသည့် စပါးများဖြစ်ပြီး ရိတ်ချွေစက်ကျ စပါးအစို ပေါင် ၅၀ ဖြင့် တင်း(၁၀၀) ကျပ် ၈၅၀၀၀၀ မှ ၈၈၀၀၀၀ ကြားဖြင့်လည်းကောင်း၊ ဆန်စက်အရောက် အစို ပေါင် (၅၀) စပါးတင်း(၁၀၀) ကျပ် ( ၉၀၀၀၀၀ မှ ၉၅၀၀၀၀ ကြား) ဖြင့်လည်းကောင်း ၊ စက်အရောက် စပါးအခြောက် ပေါင်(၅၀) တင်း(၁၀၀)လျှင် ကျပ် ( ၁၃၀၀၀၀၀ မှ ၁၃၂၀၀၀၀ ကြား) ရောင်းဝယ်လျှက်ရှိပါသည်။ အဖွဲ့မှ တောင်သူများအား စပါးဈေးနှိမ်၍ ဝယ်ယူခြင်း မပြုရန် စပါးကုန်သည်များအား မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဓနုဖြူမြို့နယ် Gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ၂၁-၉-၂၀၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံညွှန်ကြားမှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နည်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးခိုင်လွမ်းမိုးနှင့်အဖွဲ့ မီးသတ်ဦးစီးဌာနလက်ထောက်မီးသတ်ဦးစီးမှူး တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်(၁၈)စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေး ထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ် မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် ငရုတ်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင်အသိပညာပေး ဟောပြောဆွေးနွေးခြင်းပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၁.၉.၂၀၂၅ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့နယ် ငရုတ်လုပ်ငန်းရှင်(၁၅) ဦးအား တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြော ဆွေးနွေးခဲ့ကြသည်။

     အဆိုပါဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး က စားသုံးသူကာကွယ် ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်အကြောင်း ကိုလည်းကောင်း ၊ ဓနုဖြူမြို့နယ်တွင် ငရုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်နေ၍ ဈေးကွက်ရရှိနေသော ငရုတ်စိုက်ပျိုးထုတ်လုပ်မှု ပိုမိုစိုက်ပျိုးနိုင်ရေးနှင့်  ဈေးကွက်ခိုင်မာရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် ပြည်တွင်းမှ ဒေသတွင်း ထွက်ကုန်စည်များကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့တင်ပို့ ရောင်းဝယ်နိုင် သည်အထိ တိုးမြင့်စိုက်ပျိုးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ဆောင်ရွက်မှုများကို ရှင်းလင်းခြင်း ငရုတ် တစ်ဧကစာ စိုက်ပျိုးပျိုးပါက အကြမ်းဖျဉ်း ကုန်ကျစရိတ် (၅)သိန်းမှ (၇)သိန်းကြား ကုန်ကျနိုင်ကြောင်း စိုက်ပျိုးသူ များထံမှ ကွင်းဆင်းသိရှိရ၍ ငရုတ်စိုက်ပျိုးမှု ကုန်ကျစရိတ်သည် ဒေသတစ်ခုနှင့် တစ်ခု ကုန်ကျစရိတ် တူညီမှု မရှိနိုင်ကြောင်း၊ ငရုတ်ပထွက်တိုးရေးနှင့် ငရုတ်ဈေးကွက်ရရှိစေရေး ဌာနများက လည်း ပြည်တွင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက် လျှက်ရှိကြောင်း အကျယ်တဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် စီးပွားရေးလုပ်ငန်းရှင် သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် အကြောင်းအရာအားကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲဝင်များကိုရှင်းလင်းခြင်း

      ၂၁.၉.၂၀၂၅ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်က ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်း အဖွဲ့ဝင်များဖြင့် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရမည့်လုပ်ငန်းနှင့် ဈေးနှုန်းတည်ငြိမ်နိုင် ရေးအတွက် စောင့်ကြည့်စစ် ဆေးမည့်လုပ်ငန်းအကြောင်းကို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်၊

                ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်း စားသုံးသူ ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရန် နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးလုပ်ငန်းများကို အပတ်စဉ် လစဉ် စစ်ဆေးဆောင်ရွက်ခြင်းများ၊ သက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အဓိကကျသည့် သက်ဆိုင်ရာ ဌာနများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခြင်းများ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီ ဈေးနှုန်းများ တည်ငြိမ်ရေး၊ အရေးပါသည့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစားပေးခွင့်ပြုပေးလျက်ရှိပြီး ကုန်ဈေးနှုန်းတည် ငြိမ်ရေးမြို့နယ်အဖွဲ့များမှလည်း လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်သွားကြရန်ကို ဆွေးနွေးပြီး မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ မှ မိမိတို့ဒေသအလိုက် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု တိုးတက် ရေးနှင့် ကုန်‌ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်သုံး သပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်အတွင်းရှိ Deliveryလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် သိကောင်းစရာကိစ္စရပ်များ အသိပညာပေး ဟောပြောခြင်းအား ၂၁.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက Delivery လုပ်ငန်းရှင် ပြည့်ဝကုန်စည်ပို့ဆောင်ရေး ခေးခေးလေး ကုန်စည်ပို့ဆောင်ရေး၊ Royal Express လုပ်ငန်းများအား မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းလုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရ မည့်လုပ်ငန်းစဉ် လျော်ကြေးငွေပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို ကာလအကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကို လုပ်ငန်းလုပ်ကိုင်သူ Deliveryလုပ်ငန်းရှင် များအားအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ စားသုံးသူရေးရာ အချက်အလက်နှင့်ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

     ဝန်ဆောင်မှုလုပ်ငန်းများ များပြားလာ၍ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစွာ ဝယ်ယူ နိုင်ရေးအတွက် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်လျှက်ရှိသော ဥပဒေပါတားမြစ်ချက်များကို လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းစားအုန်းဆီရောင်းချသည့် စားအုန်းဆီလက်ကား/လက်လီ ရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များသို့ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲ စားအုန်းဆီရောင်းချမှု ဈေးနှုန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

                      ဓနုဖြူမြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ‌ရောင်းချသော ဆီအရောင်းဆိုင် ၁၅ဆိုင်သို့  မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးတို့သည် ဆီရောင်းချမှုကို စစ်ဆေးဆောင်ရွက်ရာ  စားအုန်းလီ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချပိဿာ၊ သတ်မှတ်ရည်ညွှန်းဈေး၊ ဆီစာအုပ်ဖြင့် စားသုံးသူများ ဝယ်မှကို စစ် ဆေးခြင်း၊ သတ်မှတ်စည်ကမ်းချက်များအတိုင်းရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ရောင်းချသူလုပ်ငန်းရှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်မသမာ သောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေး ကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို အခါအားလျော်စွာ စောင့်ကြည်စစ်ဆေးသွားမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များကို အသိပေးရှင်းလင်းခဲ့သည်။ 

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ