နတ်တလင်းခရိုင်တွင် ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

Powered by Drupal

         နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ လုပ်ငန်းများကို ဈေးကွက်မရောက်မီ စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေးအတွက်   စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း နတ်တလင်းခရိုင် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မိ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင့်၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၃) ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း  (၃) ခုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့် လုပ်ငန်း (၃)ခုသည် ညွှန်ကြားချက်နှင့် အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကို တွေ့ရှိရပြီး လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)