သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၂၂.၁၁.၂၀၂၅ ရက်နေ့၊ ၀၉:၃၀ နာရီချိန်မှ ၁၂:၀၀ ချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ မော်လမြိုင်မြို့နယ်အတွင်းရှိ စစ်ကဲကုန်း ရပ်ကွက်၊ မြိုင်သာယာရပ်ကွက်နှင့် ဈေးကြို ရပ်ကွက်အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် Denko (၁)၊ စွမ်းမြန်မာ (၀၀၅)၊ မြတ်မေတ္တာမွန်၊ Regency၊ နီလာရွှေစင် (၁)၊ Denko(၂)၊ စွမ်းမြန်မာ(၀၀၁)နှင့် ဟောင်သရော စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိနှင့် ဆီသယ်ယာဉ်များ ရောက်ရှိမှု ရှိ/မရှိ အခြေအနေအား မြို့နယ်ဆပ်ကော်မတီမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

     မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မြင်သာရပ်ကွက်၊ မြင်သာတေရဝါဒ ပရိယတ္တိစာသင်တိုက်နှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေး (မူလွန်)ကျောင်း၌ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကို (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား ဦးစွာပြောကြား၍ ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဥ်း၍ သိကောင်းစရာ များကိုဟောပြောဆွေးနွေး၍ ‌ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးစည်သူမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ထိုနည်းလမ်းများထဲမှ Consumer Call Center သို့ ဖုန်းခေါ် ဆို၍ တိုင်ကြားနိုင်သည့်နည်းလမ်းအား လက်တွေ့ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြော ပွဲသို့ ဆရာ/ဆရာမ (၈) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၄) ဦး တက်‌ရောက်၍ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိရပါသည်။

DOCA (မွန်)

စိုက်ပျိုးရေးသုံးယူရီးယားဓာတ်မြေသြဇာဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၃.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ကော်မတီအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေသြဇာ အမျိုးမျိုးတို့၏ အရည်အသွေးနှင့် စျေးနှုန်းတို့အား စစ်ဆေးရာတွင် အာဗိုအမှတ်တံဆိပ် ၁၀ ပတ်လည် ၅၀ Kg တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ အာဗို ၂၀း၁၂း၁၂ ၅၀ Kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ကွန်ပေါင်း (သီးစုံ) ၁၀း၁၀း၅ ၅၀ Kg တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ ရွှေနဂါး (အသီး) ဓာတ်မြေသြဇာ ၅၀ Kg တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ထိုစျေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့် အမြတ်အစွန်းအနည်းအငယ်သာ ယူ၍ ရောင်းချနေသဖြင့် စျေးနှုန်းသင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများအတွက် အဆင်ပြေကြောင်း သတင်းရရှိပါသည်။

 DOCA (မွန်)

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၂.၁၁.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီ ရောက်ရှိလာမှုအား သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ သထုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်စစ်ဆေးခဲ့ကြသည်။

      ထို့သို့ စစ်ဆေးရာတွင် သထုံမြို့နယ်စားအုန်းဆီ ကိုယ်စာလှယ်များထံသို့ ယာဥ်အမှတ် (6J-7536)၊ ယာဥ်မောင်း ဦးကျော်မင်း မော်တော်ယာဥ်ဖြင့် (Myat Ah Kan Co. Ltd) သို့ စားအုန်းဆီ (၂၁) ပေပါ ရောက်ရှိပြီး၊ ယာဥ်အမှတ် (6J-7536)၊ ယာဥ်မောင်း ဦးကျော်ဝင်းအောင် မော်တော်ယာဥ်ဖြင့် (Lwin Maung Maung Co. Ltd) သို့ စားအုန်းဆီ (၆၄) ပေပါ ‌ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

              ၂၃.၁၁.၂၀၂၅ ရက် တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးခင်ဇော်မှ စားသုံးးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ရောင်းချခြင်း၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

    ၂၂.၁၁.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Myat Ah Kan CO. Ltd မှ လက်လီကိုယ်စားလှယ် ဒေါ်ညိုညိုချောမှ စားသုံးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့်ရောင်းချခြင်း၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ပြင်ဦးလွင်မြို့မစျေးကွင်းဆင်းစစ်ဆေး”

        ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချ သောစျေးဆိုင်များအား နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စျေးကွက်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့မစျေးကြီးအတွင်း ရောင်းချသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ၊ဘဲဥ၊ ဆန်၊ ဆီ၊ ကုန်စုံဆိုင်များအား စျေးနှုန်းကြီးမြှင့်ရောင်းချခြင်းမပြုရန်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များအနေဖြင့် ရောင်းချသောပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသည့် ပစ္စည်းများကိုသာရောင်းချရန်၊ ဆန်ဆိုင်များအနေဖြင့်လည်း လစဉ်ထုတ်ပြန်သော သက်မှတ်ရည်ညွှန်း ဆန်စျေးများဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဗွီနိုင်းများ ချိတ်ဆွဲ၍ရောင်းချနိုင်ရေး၊ သက်မှတ်ရည်ညွှန်းစျေးထက်ကျော်လွန်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်ရောင်းဝယ်မှုဖြင့် အရေးကြီးကုန်စည်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

     ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဘောမ်ဇုံး(ရုံးအုပ်)သည် ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၀)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂)မျိုး၊စားသုံးသူများအနေဖြင့်အွန်လိုင်းမှတဆင့်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုဝယ်ယူရာတွင်စိစစ်သင့်သည့်အချက်အလက်များ၊မှတ်ပုံတင်ထားသောအွန်လိုင်းရောင်းချမှုလုပ်ငန်းများမှဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊စားသုံးသူများအနေဖြင့်ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူရာ၌နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်သည့်‌နေရာများ၊တိုင်ကြားမှုများအပေါ်စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊တရားမဝင်တင်သွင်းလာသည့်ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

သိမ်အင်းရပ်ကွက်ရှိစားသုံးသူများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၄.၁၁.၂၀၂၅) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သိမ်အင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

 စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်များပေါ်တွင် စိတ်ကျေနပ်မှုရရှိ စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းစသည့်အချက်များ၊စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသောစားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ(1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေးဟော ပြောခဲ့ပါသည်။

DOCA(ကချင်)

 

မြို့မရပ်ကွက်ရှိ ဆေးနှင့်ဖြည့်စွက်စာအမျိုးမျိုးရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

     မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၄.၁၁.၂၀၂၅ ရက်နေ့ ၁၁:၀၀ အချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဆေးနှင့်ဖြည့်စွက်စာအမျိုးမျိုး ရောင်းချသော လုပ်ငန်းရှင် ဒေါ်မေရီလုလုအောင် (အသက် ၃၀ အထက် မ- ၁ဦး)နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံပေး ထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရ မည့်အချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှု နှင့် ပြစ်ဒဏ်များ၊ FDA တွင်မှတ်ပုံတင်ထားသည့် ဆေးနှင့် ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့် မတ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူး ခြင်း၊ ဈေးတက်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြာင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ