
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းဖြန့်ဖြူးရောင်းချမှုရှိ/ မရှိ၊ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျရောင်းချပေးခြင်းရှိ/ မရှိ၊ အလေးချိန်မှန်ကန်စေရေးနှင့် ရရှိလာသည့် ဆီပိဿာချိန်များအား ပြည်သူများထံ အမှန်တကယ်ရောင်းချပေးမှုရှိ/ မရှိ အခြေအနေများကို ယနေ့ ၂၂.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အနေဖြင့် နေ့စဉ်စားအုန်းဆီ ၁၉ ပေပါ၊ တစ်လလျှင် ၄၉၀ ပေပါဖြင့် လစဉ်စားအုန်းဆီပိဿာချိန်ပေါင်း (၅၃၉၀၀) ခွဲတမ်းရရှိပြီး အဆိုပါဆီများကို ပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးစစ်ဆေးခဲ့ပြီး ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ အလေးချိန်မှန်ကန်စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးအတွက် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တောင်ငူခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
