သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်အတွင်းရှိ ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများ မေးမြန်းခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရေးအတွက် လူသုံးကုန်၊ စားသောက် ကုန်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသည့်အတိုင်း ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ၊ မပါနှင့်တင်သွင်းသည့်ကုမ္ပဏီလိပ်စာများကို စစ်ဆေးပြီး ရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာလျှင် ရောင်းချရန်နှင့် စားသုံးသူဘေးအန္တရာယ်ကင်း သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ပိုင်းခရိုင်အတွင်းရှိ Modern Mart များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် မြောက်ပိုင်းခရိုင်အတွင်းရှိ Modern Mart များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ကုန်ပစ္စည်းတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဒေါ်နီလာဝင်း၊ ဦးစီးမှူးက လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ အချက်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲ လျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ကျော်(၂)ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ “ကျော်(၂)” ဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ကျော်(၂)”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အင်းစိန်မြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄) ဦးတို့သည် (၉.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ ဘိုကုန်းဈေး ရှိ အမှတ် (၂၀၇)ဆိုင်တွင် ရောင်းချနေသူ ဒေါ်စန်းစန်းနွယ်ဆိုင်သို့ စားအုန်းဆီရောင်းချနေခြင်း အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးတာဝန်ခံမှ ပူးပေါင်းပါဝင်လျက် သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချပေးပြီး စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လ လျှင် (၂)ပိဿာရရှိမှာဖြစ်ပြီး ရောင်းချချိန်ကိုလည်း ဆီကားဝင်ပြီး ညနေပိုင်းအထိ ရောင်းချပေးပါ ကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း ရေးသွင်းထား ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှ လည်း ထုတ်ရန်ကျန်သောစာအုပ်များ အား နောက်နေ့တွင် ပြန်လည်ထုတ်ပေးရန် တိုင်ကြားချက်များ မရှိအောင်လည်း ဂရုစိုက်ဆောင်ရွက်လိုကြောင်း စည်းကမ်းချက်များအား လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ပင်လုံဈေးရှိ ဦးမောင်ကျော်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

   (၉.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦးတို့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ပင်လုံဈေးသို့ စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၁၉၀၀)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဦးမောင်ကျော်ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိသည်ရပ်ကွက်(၂)ခုအား အလှည့်ကျ နေ့စဉ်စာအုပ်စနစ်ဖြင့် ရောင်းချပေးရပါ ကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ဈေးနှုန်းအပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူ ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဖျာပုံမြို့နယ်အတွင်းရှိ “စိန်ဝင်း(၂)”ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ “စိန်ဝင်း(၂)” ဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နေ့လယ် (၁၀: ၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတု များ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “စိန်ဝင်း(၂)”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေါ်အေးအေးသွယ်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦးတို့ သည် (၉.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:3၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဈေးတွင် စားအုန်းဆီလက်လီရောင်းချနေသော ပျံကျကပ်ပြား ဒေါ်အေးအေးသွယ် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဈေးတာဝန်ခံ ဦးစိုးထွဋ်အောင်မှပူးပေါင်းပါဝင်လျက် မိမိရရှိသော ခွဲတမ်းအား ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင် (၂.၅၀)ကျပ်သားရရှိကြပြီး စနစ်တကျရောင်းချပေးခြင်း၊ ဈေးနှုန်း တင်ရောင်းချခြင်းများ မရှိပါကြောင်း လက်ကား ကိုယ်စားလှယ်များမှ သတ်မှတ်ပေးသောဈေးနှုန်း အတိုင်း ရောင်းချလျက်ရှိပါကြောင်း လက်ကျန်လည်း မထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

  (၉.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၄)ဦး ဈေးတာဝန်ခံတို့ပူးပေါင်းပါဝင်လျက် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၀)ဈေးတွင် စားအုန်းဆီလက်လီရောင်းချ နေခြင်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် လက်လီအရောင်းကိုယ်စားလှယ်ဖြစ်သော ဦးညီညီအောင်သည် မိမိ ရရှိသောခွဲတမ်းအား စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းလိုက်ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက်(၉)နာရီမှ (၅)နာရီထိ ရောင်းချပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကို နောက်တစ်နေ့နံနက်တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာများလည်း ထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

NEW DAY စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

  ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းရေး)နှင့် ဝန်ထမ်းများသည် (၉-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်း များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင် များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၈၃၀ကျပ်)၊ (95-၂၈၉၅ကျပ်)၊ (HSD-၂၅၄၅ကျပ်)၊ (PHSD-၃၁၁၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေ များ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင် ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်း Dumex Dupro အစစ်/ အတု များရောင်းချခြင်းရှိ/ မရှိ စစ်ဆေး

         ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ Dumex Dupro များထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်များအား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ