သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေမဲဆိပ်ကမ်းသို့ ဆိုက်ရောက်သည့်ရေယာဉ်ဝင်ရောက်မှု အဖွဲ့စုံဖြင့် စစ်ဆေးခြင်း

“ကော့မှူးမြို့နယ်အနောက်ခြမ်းကျေးရွာများသို့ သက်ဆိုင်ရာဌာနဆိုင်ရာများမှကွင်းဆင်း အသိပညာပေးဆွေးနွေးခြင်း”

“ ကော့မှူးမြို့နယ်သရက်တောကျေးရွာ၌သဘာဝဘေးအန္တရာယ်(ရေဘေးအန္တရာယ်)ကြိုတင် ကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း”

“တွံတေးမြို့နယ်အတွင်းရှိမုန့်ဖတ်အရောင်းဆိုင်များတွင်မုန့်ဖတ်အမျိုးမျိုးအား ဖော်မလင်နှင့်ဆိုးဆေးပါဝင်မှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း”

စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက် လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိနှင့် စားအုန်းအရည်အသွေးတို့အား စစ်ဆေး ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှ တဆင့် စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။ DOCA(မန္တလေး)

“မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်သမင်ခြံကျေးရွာ၌မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ ”

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များတွင်ဆေးဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေး ”

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တောင်ကြီး မြို့ပေါ်ရှိ ကုန်စုံဆိုင်များဖြစ်သော ဇွန် မီနီမတ်နှင့် သန်းကြွယ်စတိုးတို့တွင် Signal သွားတိုက် ဆေးအတုများ ရောင်းချနေမှုများရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ရုံးချုပ်၏ညွှန်ကြားချက်အရ စျေးကွက်အတွင်းဝင်‌ရောက်လာသော တရားမဝင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုရှိ/ မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/ မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား တရားမဝင်အတုအပပစ္စည်းများ ရောင်းချခြင်းများ မပြုလုပ်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် ၊ ဇွန်လ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့် ကျေးရွာ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ရပ်ကွက်သူ ရပ်ကွက်သားများ (၂၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ