ကျောက်ပန်းတောင်းမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့မအခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂.၂.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တိုင်းရင်း ဆေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင်ပါရှိသော ကုန်အ ညွှန်းအမှတ်အသားများအား ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင် ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ် တဝင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးနှင့် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် အသိပညာများ ဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၃)ဦး၊ ဆရာ/ ဆရာမ(၁၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၂၅)ဦး၊ စုစုပေါင်း (၃၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)