သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး ပေါင်း၍  ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

          အဆိုပါ ‌ကွင်းဆင်းစစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ ဆန်အိတ် များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ ၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင် ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သူဌေးစာစား သောက်ကုန်လုပ်ငန်းအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မီးစက်လမ်း၊ (၃)ရပ်ကွက်၊ အဖျောက်မြို့၊ တိုက်ကြီးမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ထားဝယ်မြို့ရှိ ဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လယ် (၁၅း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့တို့ဖြင့်ပူး‌ပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများနှင့်ရရှိမှုအခြေအနေများ၊ လက်ကျန် အခြေအနေများ ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးတွင် Consumer Call Center အကြောင်း အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ  ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂)နာရီအချိန်တွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ ရပ်ကွက်နေပြည်သူ ၅ ဦးအား  စားသုံးသူကာကွယ်ရေး နစ်နာဆုံးရှုံမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်အကြောင်းကို အသိပညာပေး ခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေးရာတွင်  စားသုံးသူ ပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှု ရှိလာပါက တိုင်းကြားနိုင်သော Consumer Call Center အကြောင်းကို သိရှိနိုင်ရန် ရှင်းလင်းခြင်း  စားသုံးသူသာမက၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် သတင်း အချက် အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း ၍ စုံစမ်းမေးမြန်း ရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလို သည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ကျောင်းသား မောင်မျိုးသော်ဇင် မှ Consumer Call Center (1535) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေး နှင့်တာဝန်များအကြောင်း အား ခေါ်ဆိုမေးမြန်းခဲ့ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Online ဖြင့်မှတ်ပုံတင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လည်(၂း၃၀)ခွဲအချိန်တွင် မြိတ်မြို့၊ ကန်ဘောင်ရိုးရပ်ရှိ နေနီရှိန်းလွင် Online Shop သို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ အမှန် တကယ်တည်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ထောက်ခံချက်အမှတ်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ရောင်းချ နေသောပစ္စည်းများ မှန်ကန်မှုရှိမရှိနှင့် တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောပစ္စည်းများသာရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောပစ္စည်းများ‌ရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

   ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာ ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တ ရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ဆန်နှင့်စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ နောက် လယ်ရပ်နှင့် တလိုင်းစုရပ်ရှိ ဆန်အရောင်းဆိုင်များနှင့် ဆီအရောင်းဆိုင်များအား သတ်မှတ် ရည်ညွှန်းစျေးများနှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီး ဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင် များဖြင့် သတ်မှတ်ထားသောရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)

 

ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံး အနေဖြင့် (၈-၁၀-၂၀၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်(၄)ဆိုင်သို့ သွားရောက်၍ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချမှု အခြေအနေများကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ဆိုင်တွင်‌ရောင်းချပြီး လက်ကျန်အခြေ အနေနှင့် လက်ရှိရောင်းချနေမှု ဈေးနှုန်းအခြေအနေအား စာရင်းကောက်ယူခြင်းများ  ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရန်ကုန်မြို့မှ လက်ကားဝယ်ယူရရှိပြီး၊ ပန်းတနော်မြို့နယ်တွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု မရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်ရှိ Pusi Lay အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒါးပိန်တောင်ကျေးရွာအုပ်စု၊ သခွတ်ပင်ရပ်ကွက်၊ လှည်းကူးမြို့နယ်ရှိ “Pusi Lay အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်း”အမည်ဖြင့် Online  စနစ်ဖြင့်ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသောစာရင်း ကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဈေးဆိုင်များနှင့်ရပ်ကွက်အတွင်း ရောင်းချနေသောဆေးဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ စားသောက်ကုန်အမျိုးမျိုးရောင်းချသည့်ဆိုင်များ ဆေးဝါးအရောင်းဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်တောင်ပိုင်းခရိုင်)မှ ဦးဆောင်၍ ရှောင်  တခင် ကွင်းဆင်းစစ်ဆေးခြင်းအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါ၍ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသီဟ(အစားအသောက်)နှင့် ဦးစီးအရာရှိ ဦးမင်းကိုလတ် ဆေးဝါးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စုံ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ PHS ဦးဝေယံစိုးဝင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်စုစုနိုင်၊ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာန ခွဲစာရေး ဦးတင်ထွန်းဦးတိုသည် စားသောက်ကုန်များဖြစ်သော မုန့်ဟင်းခါးဖတ်၊ ညှပ်ဖတ်၊ နန်းကြီး၊ ခေါက်ဆွဲ၊ ပဲသွေး၊ ငရုပ်သီးစိမ်းမှုန့်၊ မျှစ်ချဉ်၊ မျှစ်ဝါ၊ ဂျင်းချဉ်၊ ဂျယ်လီမေမေ(နီ၊ဝါ)၊ ကြက် အူချောင်းတို့တွင် ဖော်မလင်နှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ရပ်ကွက်အတွင်းရောင်းချသော ဆေးဆိုင်များဖြစ်သော ထွန်းဝေဆေးဆိုင်၊ ရာပြည့်ဆေးဆိုင်၊ အေးမေတ္တာဆေးဆိုင်၊ သစ်ဆန်းဆေးဆိုင်၊ ဦးစံရွှေ+ဒေါ်တင်အိဆေးဆိုင်များ တွင် လိုင်စင်များရှိ/မရှိ စစ်ဆေးခဲ့ကြရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ အထက်ပါအတိုင်း ဆေးဝါးများ သက်တမ်းကျော်လွန်ရောင်းချခြင်းမပြုလုပ် ရန် FDA Reg ထောက်ခံချက်များ ပါဝင်ရှိသော ဆေးဝါးများကိုသာ ဝယ်ယူရောင်းချကြရန် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ