သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်အရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄.၆.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပင်လုံမြို့အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံမြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ အချိန်အတွယ် မှန်ကန်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

မန္တလေးတိုင်းဒေသကြီးမှ ဇွန်လတွင် အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးအား ဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျ ဖြစ်စေရန် နှင့်ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေ များကိုထည့်သွင်းစဉ်းစားကာ ဦးစားပေး ကုန်စည်(၁၀) မျိုးသတ်မှတ်၍ လအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ဇွန်လတွင် ဦးစားပေးကုန်စည်အဖြစ်သတ်မှတ်ထားသော အသင့်စားခေါက်ဆွဲ ခြောက်အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့်စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက်များ၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ DOCA(မန္တလေး)

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၈.၆.၂၀၂၅ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ သော စတုတ္ထအကြိမ်မြောက်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာရှိ ဆေးဝါးတက္ကသိုလ်ဝင်း၌ ကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲ များကို ရာသီတုပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြှင့်တက်ခြင်းအန္တရာယ် တို့မှကာကွယ်နိုင်ရန်၊ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သဘာဝ ပတ်ဝန်ကျင် စိန်းလန်းစိုပြေရန်နှင့် သာယာလှပစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြု လုပ်ခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ခရေ၊မယ်ဇယ်၊ စိန်ပန်းပြာ၊ ပိတောက်၊ ယင်းမာ၊ တမာ၊ ကံ့ကော်၊ သပြေဘူတ၊ ပျဉ်းကတိုး၊ သ‌ေင်္ဘာတည်စသည့် သစ်ပင်မျိုး(၁၁)မျိုး၊ ပျိုးပင်ပေါင်း(၈၀၀)ကို စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ ကြောင်းသိရှိရပါသည်။ DOCA( မန္တလေး)

လှိုင်သာယာမြို့နယ်တွင် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

မင်္ဂလာဒုံမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချသော ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ