သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ သွားရောက်၍ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန် ပေါင်မုန့်၊ ကိတ်မုန့်များ ရောင်းချခြင်းရှိ/မရှိ ရေသန့်ဗူးများ အချိုရည်များအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့စွာ ထားရှိမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ မြန်မာတိုင်းဆေးရောင်းချလျက်ရှိသော ချိုချိုမွှေးဆေးဆိုင်သို့   ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မြန်မာတိုင်းရင်းဆေးများ ရောင်းချသော ချိုချိုမွှေးဆေးဆိုင်သို့ သွားရောက်၍ ဆိုင်တွင်ရောင်းချသော မြန်မာဆေးများတွင် FDA ထောက်ခံချက်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ မြန်မာဆေးများသည် အများအားဖြင့် အမှုန့်များဖြစ်သောကြောင့် မှိုတက်ခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအာဟာရ ဖြည့်စွက်စာများအား  ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ မြတ်မေတ္တာဆေးဆိုင်သို့ သွားရောက်၍ Dupro ကလေးအာဟာရဖြည့်စွက်စာ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ၊  ကလေးများအတွက် ဘေးထွက်ဆေးကျိုးရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပုသိမ်မြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ FDA မှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆေးဈေးနှုန်းများ မြင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် Ma Nann အလှကုန်ပစ္စည်းအား မြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး မှူးသည် ၁၇.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် တိုက်အမှတ် (၂၇)၊ ဥမ္မာဒန္ဒီအိမ်ရာ၊  ပုသိမ်မြို့ရှိ Ma Nann အလှကုန်ပစ္စည်းအား  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ရပ်ကွက်ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင်ထားသော ကုန်စည်၊ ဝန်ဆောင်မှု ကိုက်ညီမှုရှိ/ မရှိနှင့် အခြားအချက်အလက်များ ပြည့်စုံမှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေး ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

 (DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ငပုတော မြို့နယ် မြို့မဈေး မိဆုဆိုင်တွင်  ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေး မိဆုဆိုင်တွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ သုံးစွဲသူဘေးအန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာန မှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ကြရန်နှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသည့် Baby Mild ကလေးပစ္စည်းများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် မိဆုကုန်မျိုးစုံ ရောင်းချသောဆိုင်အား အသိပညာပေးဆွေးနွေး ခဲ့ပါသည်။

(DOCA) ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု ဂုံညှင်းတန်းကျေးရွာရှိ အခြေခံပညာ အ.ထ.က ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတောမြို့နယ် ဂုံညှင်းတန်းအုပ်စု ဂုံညှင်းတန်းကျေးရွာရှိ အခြေခံပညာ အ.ထ.က ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ များအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေး များအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၂.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်နှင့်တွေဆုံ၍ ဈေးနှုန်း ဈေးကွက်နှင့် ဆန်/စပါး သိုလှောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာ ဆန်စက်မှ ဆန်နှင့်စပါးများအား သိုလှောင်ထားရှိမှုနှင့် ဆန်များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုကြရန်၊ မြန်မာနိုင်ငံဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘမေတ္တာဆန်စက်ပိုင်ရှင်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အုတ်ရှစ်ကွင်းကျေးရွာနှင့် စက်ကုန်း၊ကံကြီးကွင်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေသော စိန်ဇော်ဂျီဆီဆိုင်အား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ငပုတောမြို့နယ် အုတ်ရှစ်ကွင်းကျေးရွာနှင့် စက်ကုန်း၊ကံကြီးကွင်းကျေးရွာတို့တွင် စားအုန်းဆီရောင်းချ နေသော စိန်ဇော်ဂျီဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း ဗွီနိုင်းချိတ်ဆွဲထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ မြို့နယ်တာဝန်ခံမှ စားအုန်းဆီလက်လီ ရောင်းချနေသော စိန်ဇော်ဂျီဆီဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိခြင်း ရှိ/မရှိ၊ ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူး ရောင်းချရန်၊ ဈေးနှုန်းနှင့် ရောင်းချသည့်ပိဿာချိန်အရေအတွက်အား ဗွီနိုင်းဖြင့် အများပြည်သူမြင်သာအောင် ချိတ်ဆွဲရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စိန်ဇော်ဂျီဆီဆိုင်ပိုင်ရှင်အား စားအုန်းဆီ လက်လီ/လက္ကားရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားရှိခြင်းများစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိန်ဇော်ဂျီဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA) ဧရာဝတီ

 ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းအုပ်စု အုတ်ရှစ်ကွင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီစာအုပ်ဖြန့်ဝေပေးခြင်းပြုလုပ်

 

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာန တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းအုပ်စု အုတ်ရှစ်ကွင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူ ပြည်သူများအား ဆီဝယ်ယူရန်အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီစာအုပ်ပြုလုပ်သောလူမှလွဲ၍ အခြားလူများ ဝယ်ယူခြင်းမပြုရန်၊ ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ်ပမာဏကိုသာ ဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည် ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးထား သည့်နေရာသို့ သတင်းပို့ တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်း မပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး အုတ်ရှစ်ကွင်းကျေးရွာတွင် စုစုပေါင်း ဆီစာအုပ်(၂၀၀)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။

(DOCA) ဧရာဝတီ

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ