သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၁၁ ရက်၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ညွှန်ကြား ရေးမှူးချုပ် မှဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စများ ဆွေးနွေးခြင်း အား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး နှင့်ဝန်ထမ်းများက virtual စနစ် ဖြင့် တက်ရောက်ခဲ့ပါသည်။

          ထိုဆွေး‌နွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအားလုံး မဲပေးနိုင် ရေး အ‌လေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   မဲစာရင်းတွင်မပါဝင်သူများအနေဖြင့် ပုံစံ-၃(က)ဖြင့် လျှေက်ထား၍ဖြစ်စေ၊ ပုံစံ-၃ ဖြင့်လျှောက်ထား၍ဖြစ်စေ မဲပေးနိုင်‌ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ တိုင်းနှင့်ပြည်နယ်များကလည်း အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နံနက် (၁၁း၀၀) နာရီဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား‌‌ရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော စက်မှုလုပ်ငန်းသုံး စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာမူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြော ကြားခြင်း၊ စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေ ထွေဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

    ဘိုကလေးမြို့နဘ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချ နေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါ သည်။

    ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ် မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Yar Yar’s May May Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို(၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Online Yar Yar’s May May Online Sale  မှ “အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ” အား  အမှတ်(၁၅)၊ ဘုရင့်နောင် (၁၁) လမ်း၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ်ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

   ၂၀၂ခုနှစ်၊ စက်တင်ဘာ လ ၁၂ ရက်နေ့၊ နံနက်၁၁း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော်၊ ယာဥ်အမှတ် 7K- 6531 (Hino) မော်တော်ယာဥ်ဖြင့် လည်းကောင်း၊  Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ (၅၂) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ(၂၈)ပေပါတို့ကို  ယာဥ်မောင်း ဦးမျိုးမင်းဦး၊ ယာဉ်အမှတ် 7F-3017/Nissan မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ရောက်ရှိလာသော စားအုန်းဆီ (၁၄၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံ ဆိုင်အပါအဝင် လက်လီ ဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်း စျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသောဆေးနှင့်ဆေးပစ္စည်းများအားဈေးနှုန်းဈေးကွက်စောင့် ကြည့်ကွင်းဆင်းစိစစ်ခြင်း

     ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ မြို့မဈေးအတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များ၏ ဈေးနှုန်းဈေးကွက် ရောင်းချမှုအခြေအနေများအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင် ညွှန်ကြားချက်ပါအတိုင်း ဆေးပစ္စည်း(၁၂) မျိုးတို့တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိကြောင်းနှင့် ပစ္စည်းပြတ်လပ် မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ ၁၅း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MyRO မှတ်ပုံတင်စနစ်ဖြင့်ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စီးဝင်/စီးထွက် ကိစ္စရပ်များ၊ MyRO လစဥ် လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းစဥ်တွင် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများ update ပြုလုပ်နိုင်ရေး၊ ဆန်စျေးနှုန်း/စျေးကွက် သင့်တင့်မျှတစွာဖြင့် ရောင်းချ နိုင်ရေးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( တနင်္သာရီ)

ထားဝယ်မြို့ ဆိပ်ကမ်းရှိ ဦးစွန်ဝိုင်တံတားသို့ ရောက်ရှိလာသော ဆန်အိတ်များ စစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည် ၁၃း၀၀ နာရီအချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့ဆိပ်ကမ်းရှိ ဦးစွန်ဝိုင်တံတားသို့ ရောက်ရှိလာသော (အောင်တက်တိုး-၁) ရေယာဉ်ဖြင့် ၁၂ ပြည်ပါ ဆန်အိတ် ၆၀၀၀ အိတ်များအား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာပူးပေါင်း အဖွဲ့များဖြစ်သော အကောက်အခွန်ဦးစီးဌာန၊ မြန်မာဆိပ် ကမ်းအာဏာပိုင်အဖွဲ့၊ရေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနတို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSMEပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲ Talk Show စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

     ပုသိမ်        အောက်တိုဘာ       ၅ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSMEပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲ Talk Show စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်သည့်အလျောက် MSME ထုတ်ကုန်များခင်းကျင်းပြသရာတွင်  စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများအပါဝင် အမယ်မျိုးစုံခင်းကျင်းပြသထားပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် One Region One Product (OROP) ထုတ်ကုန်များစွာဖော်ထုတ်ထားပါကြောင်း၊ ထုတ်လုပ်မှု သုတေသန၊ ဈေးကွက်သုတေသနတို့ကိုတက္ကသိုလ် ကောလိပ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများ ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး  MSME လုပ်ငန်းများ တွင် အသုံးပြုလျက်ရှိပါကြောင်း၊ ခရီးသွားရာသီစတင်တော့မည်ဖြစ်သဖြင့်  မိမိတို့၏ဒေသထုတ်ကုန်များနှင့် ဆွဲဆောင်ရန်လည်း လိုအပ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုတ်ပိုးမှုစနစ် သေသပ်ကောင်းမွန်စေရေး၊ ကုန်ပစ္စည်း အမှတ်တံဆိပ်နှင့် expire date များပါဝင်စေရန် Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များကလည်း စိတ်ပါဝင်စားစွာနားထောင်၍ ပြန်လည်ဆွေးနွေးပေးကြစေလိုကြောင်း၊ MSMEလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်းအမှာစကားပြောကြားသည်။

       ဆက်လက်၍ MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က Moderator အဖြစ် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆန်စက်လုပ်ငန်းရှင် များအသင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မွေးမြူရေးနှင် ကုသရေးဦးစီးဌာနတို့မှ Panellists အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများ၏ မေးမြန်းမှုများအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

ထားဝယ်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခြင်း

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်‌ဆေးရာတွင် စားသုံးဆီများအားအလေးချိန်မှန်ကန်စွာဖြင့် ရောင်းချနေမှု အခြေ အနေများ၊ ဝိသမလောဘဖြင့် ရောင်းချမှုများမရှိစေရေး၊  သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ‌ရောင်းချနေမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ