
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ထုတ်လုပ်ရောင်းချနေသော ဇင်ယော်ပဲကြော်လုပ်ငန်း၊ ဇင်ယော်ရှယ်ပြောင်းမုန့်ကြော်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ကိစ္စနှင့်ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇင်ယော်လုပ်ငန်းမှ ထုတ်လုပ်ရောင်း ချနေသော ပဲကြော်နှင့်ပြောင်းမုန့်ကြော်များတွင် ထည့်သွင်းထားသော ကုန်အညွှန်းအမှတ်အသား များမှာ စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများနှင့် ကိုက်ညီမှုမရှိသောကြောင့် ဌာန၏ကုန်အညွှန်းအမှတ်သားများအတိုင်း ထည့်သွင်းပေးပါရန်နှင့် ဌာနတွင် ကုန်အညွှန်းအမှတ်သားလျောက်ထားရန်နှင့် ဈေးကွက်ဖြန့်ဖြူးမည့် စားသောက်ကုန်များ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်ပြီး၊ စားသုံးသူများစိတ်ကျေနပ်မှု ရှိစေရေးနှင့် ထုတ်ကုန်များ ထုတ်ပိုးမှုကောင်းမွန်စေရေးတို့အား အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း နှင့် ဈေးကွက်၊ ဈေးနှုန်းနှင့်၊ အရည်အသွေးမြင့်မားစေရေးတို့အား ရှင်းလင်းပြောကြား ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
