
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် My RO တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများကို မှန်ကန်စွာရေးသွင်းပေးနိုင်ရေး၊ ဒေသတွင်း ဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေး၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့်ရောင်းချ စေရေးတို့အတွက် လစဉ်ဆောင်ရွက်လျက်ရှိရာ (၅.၂.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်ဝန်ထမ်းများသည် မြင်းခြံမြို့ရှိ ‘‘အောင်ကမ္ဘာ’’ ၊ ‘‘မွန်မွန်’’ ၊ ‘‘အကယ်ဒမီ’’ စသည့် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်းစိစစ်မှုများဆောင်ရွက်ခဲ့ပါသည်။ My RO နှင့် စပ်လျဉ်း၍လုပ်ငန်းရှင်များ သိရှိလိုက်နာစေရေးအတွက် ကွင်းဆင်းစိစ်ခြင်း၊ အသိပညာပေးခြင်း၊ Viber Group များလည်း ဖွဲ့စည်း၍ ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များမှလည်း လိုက်နာဆောင် ရွက်လျက်ရှိပါသည်။
DOCA(မန္တလေး)
