
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် ဦးစီးမှူးဦးမင်းဇော်လတ်သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့် ပူးပေါင်း၍(၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ(၉)ဆိုင်တွင် ရောင်းချနေသော မြင်းပျံတံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်ဦးစီးမှူးမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
