
မန္တလေးတိုင်းဒေသကြီး၊မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင်သည့်အဖွဲ့အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းနှင့် ၂ဘီး/ ၃ ဘီး မော်တော် ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်နေရာများသို့ သွားရောက်၍ ပြခန်းအတွက် အနိမ့်ဆုံးသတ်မှတ်ထားသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင် ပြခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။၁၀.၂.၂၀၂၆ ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန်တွင် Inspire Automotive Ltd. (Zeekr Brand)၏လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်း ပြခန်း ဖွင့်လှစ်ခွင့်တင်ပြထားသည့်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်၊ ၇၈လမ်း၊ ရန်ကုန် - မန္တလေး၊ ခင်စောမူကွေ့နေရာနှင့်သိုလှောင်မည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၇၃ လမ်းနေရာများသို့ သွားရောက်၍ လျှပ်စစ်သုံးမော်တော်ယာဉ် အရောင်းပြခန်းအတွက် သတ်မှတ်ထားသည့်အနိမ့်ဆုံး သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့်တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
