
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့ (၁၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ(၂)ဦးတို့သည် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ အလှကုန်အရောင်းဆိုင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ပြည်သူများ သုံးစွဲနေသော အလှကုန်အမျိုးမျိုးအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်ရောက်ကုန်စည်များကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောင်းချနေသည့် အလှကုန်ဆိုင်ရှင်များအား ကုန်စည်ရောင်းချသူ၊ ဝန်ဆောင်မှုပေး အပ်သူ၏ အချက်အလက် အမည်၊ အမျိုးအစား၊ ကုန်စည်အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်သည့် နိုင်ငံ၊ တင်သွင်းသူ၏ အမည်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်မှုရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန် သတ်မှတ်ထားသော အချက်များပါဝင်မှုရှိ/ မရှိ၊ ဈေးကွက်ရောက်ကုန်စည်များ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိ/မရှိစစ်ဆေးခဲ့ရာ ဆိုင်ရှင်များက သတ်မှတ်ချက်များကို လိုက်နာရောင်းချကြောင်း တွေ့ရှိရပြီး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
