မကွေးမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးသည် (၂၀..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆန်စပါး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မကွေးမြို့ပေါ်ရှိ ဆန်လက်လီ/လက်ကား အ‌ရောင်းဆိုင်များနှင့် ဆန်သို လှောင်ရုံများအား ဆန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်လက်လီ/လက်ကားဆိုင်များနှင့် ဆန်သို လှောင်ရုံပိုင်ရှင်များထံမှ ဆန်ဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်မှုအခြေအနေများ၊ ပြန်လည်ရောင်းချနေမှု အခြေအနေ၊ ဆန်ဈေးနှုန်းများနှင့် ဆန်လက်ကျန်များအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဆန်များဝယ်ယူရာတွင် ဆန်အမျိုးအစားအလိုက် ဝယ်ယူသည့်ပြေစာများအား စနစ်တကျမှတ်တမ်းထားရှိနိုင်ရေး၊ ဆန်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ MyRoတွင် မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်ဆိုင်များအား မှတ်ပုံ တင်ထားရှိနိုင်ရေး၊ မှတ်ပုံတင်ထားသည့်ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံများအားလည်း လစဉ်သတ်မှတ်ရက် အတွင်း ကုန်ရ/ ကုန်ထုတ်/လက်ကျန် စာရင်းများဖြည့်သွင်းနိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)