သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

            (၆-၅-၂၀၂၅)ရက်နေ့ ၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်း၍ သာကေတ မြို့နယ်နှင့်ဒေါပုံမြို့နယ် အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီ ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းဆင်းစစ်ဆေးရာ ရည်ညွှန်းဈေးအပေါ် အမြတ် ၂ %  သယ်ယူခ ၊  လုပ်သားခများ ထည့်သွင်း၍ သင့်တင့်သောဈေးနှုန်းနှင့် အရေအတွက်မှန်၊ အလေးချိန် မှန် ၊  ဈေးနှုန်းမှန်ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ရောင်းချရာတွင်လည်း အိမ်ထောင်စု (၁)စုလျှင် (၅၀) ကျပ်သားကို စာအုပ်စနစ်ဖြင့် ရောင်းချပေးကြောင်း ကွင်းဆင်း စိစစ်သည့်အရောင်း ဆိုင်များ၊ ဈေးများလက်လီ/လက်ကား ကိုယ်စားလှယ်များထံမှ စိစစ် မေးမြန်းသိရှိရပြီး ဈေးနှုန်းမြှင့် တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးဆောင်ရွက်ခြင်း

            (၆-၅-၂၀၂၅)ရက်နေ့ ၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်၊ အထူးစုံစမ်းစစ်ဆေးရေးဌာနတို့နှင့် ပူးပေါင်း၍ သာကေတ မြို့နယ်နှင့်ဒေါပုံမြို့နယ် အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီ ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွင်းဆင်းစစ်ဆေးရာ ရည်ညွှန်းဈေးအပေါ် အမြတ် ၂ %  သယ်ယူခ ၊  လုပ်သားခများ ထည့်သွင်း၍ သင့်တင့်သောဈေးနှုန်းနှင့် အရေအတွက်မှန်၊ အလေးချိန် မှန် ၊  ဈေးနှုန်းမှန်ဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ရောင်းချရာတွင်လည်း အိမ်ထောင်စု (၁)စုလျှင် (၅၀) ကျပ်သားကို စာအုပ်စနစ်ဖြင့် ရောင်းချပေးကြောင်း ကွင်းဆင်း စိစစ်သည့်အရောင်း ဆိုင်များ၊ ဈေးများလက်လီ/လက်ကား ကိုယ်စားလှယ်များထံမှ စိစစ် မေးမြန်းသိရှိရပြီး ဈေးနှုန်းမြှင့် တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MSME လုပ်ငန်းများသို့ကွင်းဆင်းဆောင်ရွက်မှု

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှ ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိများသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြင်းခြံမြို့ အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်တံခွန် အကြော်လုပ်ငန်းသို့ (၈.၅.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ပြည်တံခွန် အကြော်စုံလုပ်ငန်းသို့  ကွင်းဆင်းထုတ်လုပ်မှုအခြေအနေအား မေးမြန်းဆွေး နွေးရာတွင် နေ့စဉ်အာလူးကြော်ကုန်ကြမ်းသုံးစွဲမှု စက်မှုလုပ်ငန်းသုံးများအတွက် စားအုန်းဆီသုံးစွဲမှု၊ ကုန်ချောထွက်ရှိမှုနှင့်ဈေးကွက်တင်ပို့ဖြန့်ဖြူးမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရန်၊ ဈေးကွက်မရောက်မီ ကုန်စည် များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ မြင်းခြံခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)တွင် စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း စသည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

သဲသဲလှုပ်အာလူးကြော်လုပ်ငန်းသို့ကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိ များသည် နံနက် (၉:၀၀)  နာရီအချိန်တွင် အမှတ်(၁၇) ရက်ကွက်ရှိ သဲသဲလှုပ်အာလူးကြော် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သဲသဲလှုပ်အာလူးကြော်လုပ်ငန်းရှင်အား လုပ်ငန်းထုတ် လုပ်မှုအခြေအနေအား မေးမြန်းဆွေးနွေးရာတွင် နေ့စဉ်အာလူးကုန်ကြမ်း ပိဿာချိန်(၁၆၀) ခန့် ကြော်ရကြောင်း၊ လုပ်ငန်းသုံးဆီ သုံးစွဲမှုအနေဖြင့် အချိန်(၃၀)ပိဿာ ကုန်ပြီး ထွက်ရှိမှုကုန်ချော ပိဿာ အာလူးကြော်(၂၅) ပိဿာရရှိကြောင်း၊ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်ပြင်ဦးလွင်မြို့များသို့ တင်ပို့ရကြောင်း၊ အာလူးကြော်လက်ကား တစ်ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါရှိရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်အား ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ ပြည့်စုံစွာဖော်ပြရန်စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော”

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အသိပညာပေးဟောပြော ခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၈-၅-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၁၂၄လမ်း၊ ၆၀×၆၁ လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ (JMGC Co.,Ltd) စာကလေးမုန့်တိုက်နှင့် အမှတ် (၇-၁၅)၊ တတ-၁၂၊ ဘုရင့်နောင်လမ်း၊ စလုံးရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ(ဇလပ်ဝါဘီစကစ်) စက်ရုံတို့မှ အလုပ်သမား(၁၀၀)ဦးခန့်အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးပါက တိုင်ကြားနိုင်သည့် နယ်ပယ်များအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့ရှိ ဒေသန္တရဦးစီးဌာနတွင် အရန်သားဖွားသင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၇-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဒေသန္တရဦးစီးဌာနမှကြီးမှူးကျင်းပသည့် အရန်သားဖွားသင်တန်းသူများအား စားသုံးသူ ကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံမှုများဖြစ်ပေါ်ပါက CICC သို့ တိုင်ကြား နိုင်ကြောင်း၊ Call Center 1535 ရုံးချိန် (၂၄)နာရီ အတွင်းတိုင်ကြားနိုင်ကြောင်း လက်တွေ့ခေါ်ဆို မေးမြန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သင်တန်းသူ (၂၄)ဦး  တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁:၂0)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာရှိ City Mart ဆီ အရောင်းကောင်တာ၌ Duck၊ Best၊ စံချိန်၊ Fortune၊ GOOD CHOICE၊ Lotus၊ သူကြီးကတော်၊ အမေထွား၊ ရွှေပုံ၊ ငွေသဇင်မင်း၊ နှစ်သက်၊ ဧရာဝတီနှင့် ရန်ကုန်အမှတ်တံဆိပ် မြေပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီနှင့် မြေပဲရောနှောဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး ပါရှိသောအလေးချိန်တွင် ပိဿာ၊ ကျပ်သားများကို မြန်မာလို ပြည့်စုံစွာဖော်ပြထားပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ရောင်းချပါက ဥပဒေအရေးယူ‌ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ခံအားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလစဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးများ အတိုင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆.၅.၂၀၂၅) ရက်နေ့ နံနက် (၁၁:၅0)အချိန်မှစ၍ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့ရှိ Super Center များရှိ ဆန်အရောင်းကောင်တာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့  ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ Terminal Mall၊ လှိုင်သာယာမြို့နယ်ရှိ City Mart နှင့် Ocean Super Center များတွင် ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ် တို့၏ (Kg) ဈေးနှုန်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်ထားသော သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တာဝန်ခံများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

          ၆.၅.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၁၀)နာရီအချိန်တွင် စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၃/ A)၊ အောင်ချမ်း သာလမ်း၊ ၃/၁ တိုးချဲ့ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Six Six Eight Co.,Ltd သို့ မြေပြင်စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းဖြင့် ရောင်းချနေသောလုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆.၅.၂၀၂၅ ရက်နေ့ နေ့လည် (၁၂:၁၅)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၆၃၈)၊ ရတနာလမ်း၊ (၉)ရပ်ကွက်ရှိ Once N Again အွန်လိုင်းအမည်ဖြင့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဈေးကွက်အတွင်း ရောင်းချနေသာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ လုပ်ငန်းများ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန် တစ်ကယ်တည်ရှိခြင်းရှိ/မရှိ၊ ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်းမြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ