ကျိုက်လတ်မြို့နယ် (အ.လ.က) ကညင်ကုန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (အ.လ.က) ကညင်ကုန်း ကျောင်းတွင်၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်ဆရာ/မ (၁၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၈၀) ဦး၊ စုစုပေါင်း(၉၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် (ဒု-ကြီးကြပ်ရေးမှူး) ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm website နှင့် Call Centre 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)