သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်ရှိ ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၇.၇.၂၀၂၅ နေ့၊ နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်းစီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပါဝင်ပြီး မအူပင်မြို့နယ် လက်လီ/ လက်ကားဆီဆိုင် (၈)ဆိုင် အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိမရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဒုခရိုင်ဦးစီးမှူးက စားအုန်းဆီ လက်ကား/ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများဖော်ပြ၍ ရောင်းချမည့် ဆီပိဿာများကို မြင်သာသောနေရာတွင် ချိတ်ဆွဲကာဗီနိုင်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရက်များအတွင်း ဆီစာအုတ်ဖြင့် ဝယ်ယူထားရှိမှု စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ရည်ညွှန်ဈေးထက်ကျော်လွန်ရောင်းချသူများအား သတိပေးစာဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ဆီစာအုတ်များ ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပေါ်ဘာပါက  ဆီဆိုင်များမှ မှန်ကန်ကြောင်းထောက်ခံစာ ပေးနိုင်ရန် အသိပေးဆောင်ရွက်ခြင်း၊ ဝယ်သူနှင့် ရောင်းချသူများအကြား တိုင်ကြားခြင်းမျိုး မရှိစေရန် ပညာပေးပြောကြားခဲ့ပြီး၊ မအူပင်ဈေးကွက်အတွင်း ဆီဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမျိုးကို စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းတည်ငြိမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုမြို့နယ် ရှမ်းဈေးအတွင်း ရောင်းချလျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ၁၄.၇.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးနှင့် အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်း ရောင်းချလျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်း ရောင်းချ လျက်ရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ အသင့်ဖျော် ကော်ဖီနှင့် လက်ဖက်ရည်ထုပ်တစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံမှု၊ ကြိုတင်သတိပေးချက်မရှိသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၅.၇.၂၀၂၅ ရက်နေ့ နေ့လည် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် ဆန် စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာ၊ ဘူတာလမ်းရှိ ဒေါ်သင်းသင်းမော်ပိုင်ဆိုင်သည့် “ထိပ်တန်း” ဆန်စက်နှင့် ဆန်စပါးသိုလှောင်ရုံအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဉ် ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါးရောင်းဝယ်မှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၅.၇.၂၀၂၅ ရက်နေ့ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒုတိယဦးစီးမှူး ဦးစည်သူတို့သည် ဆန် စပါးသိုလှောင်ရုံများ မှတ်ပုံတင်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးမြတ်မောင်မောင်ပိုင်ဆိုင်သည့် “စိတ်တိုင်းကျ” ဆန်စက်နှင့် ဆန်စပါးသိုလှောင်ရုံအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်စပါး ဝင်/ထွက် လက်ကျန်စာရင်းအား လစဉ် ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါးသိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါးရောင်းဝယ်မှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စားအုန်းဆီအရောင်းကိုယ်စားလှယ်နှင့်တွေ့ဆုံ

   ၁၄.၇.၂၀၂၅ ရက်‌နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင် ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ အောင်ဆန်း (၂) လမ်းရှိ Kaung Hlyan New Asia Co.Ltd မှ ဆီအရောင်းကိုယ်စားလှယ် ဦးဝင်းလွင်ထွန်းနှင့် တွေ့ဆုံခဲ့သည်။

   ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ် တာဝန်ခံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သည့် စားအုန်းဆီများကို စားသုံးသူ ပြည်သူများသို့ လက်လီကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်အရေ အတွက်၊ သတ်မှတ်အလေးချိန်ပြည့်မီစွာရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဗီနိုင်းများချိတ်ဆွဲရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရဖွယ်ရှိကြောင်းကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော အလှကုန်ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၈-၇-၂၀၂၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပန်းတနော် အနောက်ပိုင်းရပ်ကွက် မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်(၆၅နှင့်  မြို့မဈေးရှိ အလှကုန်ပစ္စည်းရောင်းချ သောဆိုင်(၇) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများကို တင်သွင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် စစ်ဆေးရေးအရာရှိများက လက်လီ/လက်ကား ရောင်းချဖြန့်ဖြူးနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူး ရောင်းချနေခြင်းရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တားမြစ်အလှကုန်များရောင်းချခြင်း၊ သတ်တမ်းလွန်အလှကုန်များရောင်းချခြင်း၊ တရားမဝင်အလှကုန်များရောင်းချခြင်းနှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော အလှကုန်များ မြို့နယ်ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန် ပညာပေးခဲ့ပြီး ဈေးကွက်အတွင်း စစ်ဆေးဆောင်ရွက်သည့်အခါ စစ်ဆေးတွေ့ရှိပါက FDAဌာန၏ ဥပဒေ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများ၊ တရားမဝင်တင်သွင်၊ ဖြန့်ဖြူးရောင်းချမှု ဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းအသိပေးခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘီးလင်းမြို့နယ်တွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များအား စားသုံးသူဘေးအန္တရာယ်ကင်းစေရေး ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၄.၇.၂၀၂၅) ရက်နေ့၌ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ နီလာစျေးအတွင်းတွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး အတွက် အသင့်‌ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ပါ/မပါနှင့် တင်သွင်းသည့် ကုမ္ပဏီလိပ်စာများကိုစစ်ဆေးပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်စည်များအား ကုန်အညွှန်း အမှတ်အသား  ပြည့်စုံမှသာလျှင် တင်သွင်းရောင်းချရန်နှင့် ကုန်စည်များ ရောင်းချရန်အတွက် ဝယ်ယူရာတွင် ကုန်စည်အတု/အပများအား ဂရုစိုက်ရွေးချယ် ဝယ်ယူရောင်းချစေရန်အတွက်ကို အထူးသတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာရှိ စပါးစိုက်ခင်းများ စိုက်ပျိုးထွက်ရှိမှုအား ကွင်းဆင်းလေ့လာ

    (၁၃.၇.၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာ  ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး တို့သည် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာ စပါးစိုက်ခင်း စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းလေ့လာခဲ့ရာတွင် ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာရှိ စပါးစိုက် တောင်သူ  ဦးမြင့်စိုးအား တွေ့ဆုံမေးမြန်းရာတွင် စပါး(၂၀) ဧကခန့် စိုက်ပျိုးထားပြီး အဆင့်မြင့် မျိုးဖြစ်သည့် ပေါ်ဆန်း/တောင်ပျံမျိုးကို စိုက်ပျိုးထားပြီး တစ်ဧကလျှင် စပါး(၆၅)တင်းခန့် ထွက်ရှိကြောင်းနှင့် သွင်းအားစုသုံးစွဲမှုနှင့်ကုန်ကျစရိတ်အခြေအနေ၊ တောင်သူ၏ အကျိုးအမြတ် ရရှိမှုတို့အား မေးမြန်းခဲ့ရာ ယခုနှစ်သည် သွင်းအားစုစရိတ်များ အနည်းငယ်တက်လာသဖြင့် ကုန်ကျစရိတ် အနည်းငယ်တက်လာသော်လည်း အကျိုးအမြတ်ရရှိမှုမှာ တွက်ခြေကိုက်ကြောင်း လေ့လာ သိရှိရပါသည်။

 DOCA (မွန်)

သထုံမြို့နယ်တာဝန်ခံမှ ဒေးဗရိန်းကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

   ၁၄.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် ဒေးဗရိန်းကျေးရွာရှိ အုပ်ချူပ်ရေးမှူးနှင့်ပူးပေါင်း၍ စပါးစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ ‌ဒေးဗရိန်းကျေးရွာရှိ စပါးစိုက်တောင်သူ ဦးတင်နီကျော်အား တွေ့ဆုံမေးမြန်းရာ စပါးဧက(၃၀)စိုက်ပျိုးပြီး စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ယခင်ထွက်ရှိနှုန်း၊ သွင်းအားစုသုံးစွဲမှုနှင့် ကုန်ကျစရိတ်အခြေအနေ၊ တောင်သူ အကျိုးအမြတ် ရရှိမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 DOCA (မွန်)

ကျိုက်ထိုမြို့နယ် ဒေသခံပြည်သူများအား စားအုန်းဆီသက်သာသော စျေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေး

   မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် (၁၄.၇.၂၀၂၅)ရက်နေ့ မွန်းလွှဲ (၄း၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆီအရောင်း ကိုယ်စားလှယ်ထံသို့ Kaung Hlyan New Asia Co.Ltd မှ ယာဥ်အမှတ်(9B-8875)၊ ယာဥ်အမှတ်(4G-2351)၊ မော်တော်ယာဥ်ဖြင့် စားအုန်းဆီ (၄၄) ပေပါ ရောက်ရှိကြောင်း သိရှိရပါသည်။

   အဆိုပါ စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ သွားရောက် စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးအပေါ် သယ်ယူ ပို့ဆောင်ခ ကုန်ကျစရိတ် အမြတ်၂%တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချ သွားမည်ဖြစ်ကြောင်း လက်လီအရောင်းကိုယ်စားလှယ်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂%  ရယူ၍  မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည် ရောင်းချ ပေးလျက်ရှိပါကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော လက်လီကိုယ်စားလှယ်များ ထံသို့ သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ