“အောင်ဟိန်း” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း ကွင်းဆင်း

Powered by Drupal

             ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “အောင်ဟိန်း” မုန့်မျိုးစုံလုပ်ငန်း ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက် (၁၁ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့ (၁၇)ရပ်ကွက်ရှိ “အောင်ဟိန်း” အမှတ်တံဆိတ်ဖြင့် ထုတ်လုပ်နေသော မုန့်မျိုးစုံလုပ်ငန်းတွင်  ထုတ်ပိုးမှုစနစ်ကျနမှုရှိစေရေး၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များထည့်သွင်းပါရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊  မိမိတို့ ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)