
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကို ဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိရာ (၂၇.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ တက်လမ်းအမှတ်တံဆိပ် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်မှ Consumer Call Center (၁၅၃၅) လိုင်းခွဲ(၂)ရန်ကုန်မြို့သို့ အသင့်စားမုန့်အမျိုးမျိုးတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
