
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ Online Sale ရောင်းဝယ်မှုများအား အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျောက်ထားလာသည့် Online လုပ်ငန်းများကို စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ဟင်္သာတမြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်း၊အိမ်အမှတ်(၇၆၉)ရှိ Online Sale ဖြင့် ရောင်းချလျက်ရှိသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် စစ်ဆေးရေးအရာရှိ ဦးမိုးကျော်က Online စနစ်ဖြင့်ရောင်းချနေသော Hnin Shwe Eain Lin(Lia) အလှကုန်နှင့် အဝတ်အထည် ဆက်စပ်ပစ္စည်းအရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင် မနှင်းရွှေအိမ်လင်းနှင့် တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း၊ တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
