
(၄.၃.၂၀၂၆)ရက်နေ့၊ နေ့လည်(၃:၀၀)အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ အော်ယောရပ်ကွက်တွင် အိမ်ထောင်စု တစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ မိမိရရှိသော ခွဲတမ်းများကို သတ်မှတ် ဈေးနှုန်းအပေါ် (၂%) အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးလျက်ရှိကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာ ချိန်တွယ် ပေးကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရှမ်း)
