
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဓနုဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ဓနုဖြူမြို့ လူထုအခြေပြု Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း စားသုံးသူများဘက်မှလည်း သိရှိထားသင့်သည့် အချက်အလက်များစွာရှိပြီး ယင်းတို့ကိုလည်း သိရှိနားလည်သဘောပေါက်ထားမှသာ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူရာတွင်သဘောတူညီထားသည့်တန်ဖိုးနှင့် အညီ ပေးချေခြင်း၊ (ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နစေရန် ရည်ရွယ်၍မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ (ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ်လူထု ဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၊ စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီတွေအနေနဲ့ စားသုံးသူတွေနဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတို့ကို သုံးစွဲရာကနေ လိမ်လည်လှည့်ဖြားမှု မခံရစေဖို့အတွက် ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ပြန်လည်ကုစားနိုင်ခြင်း၊ တိုင်ကြားနိုင်ခြင်း အခွင့်အရေးများရှိပါကြောင်း၊ တိုင်ကြားမည်ဆိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Consumer Call Center-1535 သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ၊ DOCA Myanmar Mobile Application မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါတိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အများပြည်သူများ သိရှိနိုင်စေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
