
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက် ရှိရာ (၅.၃.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်း(၂)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ FDAမှ ဝန်ထမ်း(၁)ဦး တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ မတ်လတွင် ဦးစားပေးစစ်ဆေးရမည့်ကုန်စည်အဖြစ် ဆပ်ပြာမှုန့် အမျိုးမျိုး တို့အား သရက်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ကုန်စုံဆိုင်များတွင်ရောင်းချနေသော ဆပ်ပြာမှုန့်အမျိုးမျိုး တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များနှင့် ပြည့်စုံခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်း၊ စားသောက်ကုန်နှင့် အခြားလူသုံးကုန်ပစ္စည်းများတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရေး၊ ကုန်အညွှန်းအမှတ်အသား၏အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၁)တွင် ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ကုန်စုံဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြီး၊ FDAမှဓာတုဆိုးဆေးများသုံးစွဲထားသော အစားအသောက်များရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးဌာနမှ စားသောက်ကုန်များကို စနစ်တကျထားရှိရန်၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းမပြုရန်တို့ အား ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)
