သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသောဘိလပ်မြေ ဈေးနှုန်းဈေးကွက် အခြေအနေကိုမေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၀.၁၀.၂၀၂၅) နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ မြို့မဈေးရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း  နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲရောင်းချနေကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံ ဒေါ်တင်တင်မော်နှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူ အခွင့်အရေးနှင့်အကျိုးစီးပွားရေးကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမ (၃)ဦး၊ ကျောင်းသား/ ကျောင်းသူ (၈၅) ဦး၊ စုစုပေါင်း(၈၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဌာန၏ သမိုင်း ကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်သူဇာကျော်က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း သည့်အကြောင်း အရာများ၊ အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် ကုစားပေးခြင်းများ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ MyRoတင်ထားသည့် ဆန်/ စပါး လက်ကျန်အခြေခံစာရင်းများ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် MyRo တင်ထားသည့် ဆန်/ စပါး လက်ကျန်စာရင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကိုအခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှုအခြေအနေများနှင့်  ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ် မြေပြင်သိုလှောင်မှုအခြေအနေမှန်စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့် လုပ်ငန်းရှင်များအား တွေဆုံဆွေးနွေးခြင်း

    ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာနခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်စပ်လျဥ်း၍ အွန်လိုင်း စနစ်ဖြင့်ရောင်းချနေသာ လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအား မှတ်ပုံတင်လျောက်ထားခြင်း ဆောင်ရွက် ရန် နှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန်ကြော်ငြာစာများ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များစသည်တို့ကို အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA (တနင်္သာရီ)

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိ သောကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင် များသို့ သွား ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ စစ်ဆေးရာ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ် အသား နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ခရိုင်ဦးစီး မှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့ သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ‌ဆေးနှင့်ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား တရားဝင်တင်သွင်းထားသော ဆေးဝါး များကိုသာ ဆက်လက်ရောင်းချသွားရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လျှောက်ထားခြင်းအား အသိပညာပေးဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ၁၄ ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာနခရိုင်ဦးစီးမှူးရုံး၌အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထား ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ သတင်းအချက်လက်နည်းပညာနှင့် အရည်အသွေးစီ မံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရ မည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာ( လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ(နေထိုင်ကြောင်းဖြစ် ရန်)၊ ရဲစခန်း ထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၌ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ရောနှောဆီအပါအဝင် စားသုံးဆီ အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်စည်အုပ်စု()ခုတွင်ပါရှိရမည့်အချက်အလက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(/၂၀၂၁)နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်အမှတ်(/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေး နွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖျာပုံမြို့နယ်အတွင်းရှိ “ဝ”တစ်လုံး ဆန်စက်သို့ MyRoတင်ထားသည့် လက်ကျန် အခြေခံစာရင်းများအခြေအနေကို ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်စက်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတို့ ပူပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆန်စက်များ၏ လက်ကျန် ဆန်/ စပါး သိုလှောင်မှုစာရင်း ၈/၂၀၂၅ MyRo တင်ထားသည့် လက်ကျန်စာရင်းကို အခြေခံ၍ မြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ဝ”တစ်လုံး ဆန်စက်အား ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ  စပါး/ ဆန်သိုလှောင်မှု ရ၊ ထုတ်၊ ကျန် စာရင်းများကို မြေပြင်အခြေအနေမှန်စာရင်းနှင့် အနီးစပ်ဆုံး ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ