
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် အစားအသောက်များကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန် ဟောပြောခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲကြရန်၊ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြထားသောအခြေအနေ၊ အာမခံချက်၊ ထူးခြားချက် အကျိုးသက်ရောက်မှု့၊ အသားတင်အလေးချိန်၊ အရည်အသွေးအဆင့်အတန်း စသည်တို့ပါဝင်ရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိဆောင်ရွက်နေသော စားသုံးသူရေးရာ ကိစ္စရပ်များနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
