သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ရန်ကုန်တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်ရှိစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် များသို့ကွင်းဆင်းစိစစ်ခြင်း  ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်း စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲ စာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော ဦးဟိန်းသော်ဇင်ဦး လက်လီလက်ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက် မှ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ ဦးရဲဝင်းဟိဏ်း လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက်မှ ဦးဟိန်းမင်းလတ် လက်လီအရောင်းဆိုင်၊ ဦးကျော်သူရအောင် လက်လီအရောင်းဆိုင်၊ ဒေါ်မြသီ တာကျော် လက်လီအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်လဲ့လဲ့ဝင်း လက်လီ အရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးခန့်ဌေး လက်လီအရောင်းဆိုင်၊ ဦးမြင့် မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီ၊ လက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကို စိစစ်ကြပ်မတ်ခဲ့ ကြောင်း သိရှိရသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ ရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သင့်တင့်မျှတသော သယ်ယူခ၊ လုပ်သားခများ ထည့်သွင်း တွက်ချက်၍ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ရောင်းချသော လက်လီလက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်ဦးစီးမှူးရုံးတွင် Myro ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များနှင့် ပူးပေါင်း၍ Myro ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း (၄၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးက Myro တွင် မှတ်ပုံမတင်ရသေးသောသူများ မှတ်ပုံတင်နိုင်ရေး၊ မှတ်ပုံတင်ပြီးပါက သက်တမ်းတိုးနိုင်ရေး၊ လစဉ် လဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ မပျက်မကွက် ထည့်သွင်းပေးရန်နှင့် လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများဆောင်ရွက်သွားရန် ဌာနမှ လမ်းညွှန် မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီများအား ပြည်သူများထံသို့ သက်သာသောရည်ညွှန်းစျေးဖြင့် ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

      ၂၀.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့မှ စားအုန်းဆီ  ရောင်းချသော ကုမ္ပဏီများဖြစ်ကြသည့် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan  ကုမ္ပဏီတို့သည် အပါတ်စဥ် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်း စျေးအတိုင်း လက်လီကိုယ်စားလှယ်တို့မှတစ်ဆင့်  ရောင်းချပေးနေကြောင်း သိရပါသည်။

     ထို့သို့ ရောင်းချပေးလျက်ရှိရာ (၁၈.၁၀.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီ (၄၃) ပေပါအား မြို့နယ်သို့ တင်ဆောင်ရောက်ရှိခဲ့ပြီး ထိုနေ့မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများသို့ စားအုန်းဆီရောင်းချရန်အတွက် မြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာများမှ စားအုန်းဆီရောင်းချစေမည့် နေရာဒေသများအား  အညီအမျှ  ခွဲတမ်းချ အစီအစဥ်ဆောင်ရွက်၍ လက်လီကိုယ်စားလှယ်များအား ရောင်းချစေခဲ့ပြီး၊ ထိုသို့   ရောင်းချနေမှုများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရ စားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုမရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ စျေးနှုန်းနှင့် ရောင်းချသူအမည်တို ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့ကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

  DOCA (မွန်)

 

“Kosmos” Page အမည်ဖြင့် အွန်လိုင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

      ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် Kosmos” Page အမည်ဖြင့် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်သက်ထားဝေလွင်နှင့်‌ တွေ့ဆုံ ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းအား အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ပါဝင်သောအချက်များ၊ အွန်လိုင်း ရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်ခြင်း၏ အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးအကြောင်း၊ တိုင်ကြားနိုင်မှုနှင့် အရေးယူဆောင်ရွက်နိုင်မှုအကြောင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် “MPT, ATOM” လုပ်ငန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် “Excellent” ဖုန်းဆိုင်သို့လည်းကောင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကွင်းဆင်းစစ်ဆေး၍ ဆက်သွယ်ရေး (ဝန်ဆောင်မှု)(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအားအများပြည်သူများလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက ကြိုတင်အသိပေးရန်နှင့် ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများမှ ငွေပြန်အမ်းသည့် Refound Policy များထားရှိဆောင်ရွက်နိုင်ရေး အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ်ရှိ ဓနတိုး ဆန်ဆိုင်/ဆန်သိုလှောင်ရုံအား MyRO တွင်မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး

      ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်း မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ ဓနတိုး ဆန်ဆိုင်/ ဆန်သိုလှောင်ရုံသို့ သွားရောက်၍ ဆန်သိုလှောင်ရုံအား MyRO တွင်မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်သိုလှောင်ရုံပိုင်ရှင် ဒေါ်အိအိဖြိုး၏ ဆန်သိုလှောင်ရုံအား MyRO တွင်မှတ်ပုံတင်ရန်အတွက် လိုအပ်သည့်အချက်အလက်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အသိပေးဆွေးနွေးပြီး ဆန်သိုလှောင်ရုံ၏ သိုလှောင်ထားမှုအခြေအနေ၊ ဆန်ဈေးနှုန်းတည်ငြိမ်မှု ရှိ/မရှိနှင့် ဆန်ရောင်းဝယ် ဖောက်ကား မှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်ခရိုင်၊ပြည်မြို့တွင်Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် (၁၁.၉.၂၀၂၅)နေ့ ရွာဘဲရပ်ကွက်ရှိ စက်မှုဇုန်ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၆.၉.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆီလုပ်ငန်ရှင်များအား လည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ (၂၂.၉.၂၀၂၅) ရက်နေ့တွင် ဆန်စပါးလုပ်ငန်းရှင်များအားလည်းကောင်း ၊ ပန်းတောင်းမြို့နယ်၌ (၂၂.၉.၂၀၂၅)ရက်နေ့တွင် နတ်မောက်အုပ်စု၊ နက်မောက်ကျေးရွာရှိ ပြည်သူများအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ထွန်းဝင်းသဘာဝခေါင်းလျှော်ရည်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

      ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဒု-ဦးစီးမှူး ဦးစည်သူတို့သည် သထုံ မြို့နယ်၊ မရမ်း‌ချောင်ကျေးရွာ၊ အမှတ် ၂၊ ဝိဇ္ဇာ ၁ လမ်းရှိ ထွန်းဝင်းသဘာဝခေါင်းလျှော်ရည် လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထွန်းဝင်းသဘာဝခေါင်းလျှော်ရည်လုပ်ငန်း ရှင်အား မိမိတို့ထုတ်လုပ်သော ကုန်စည်များအပေါ် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်‌ဆေးခဲ့ရာ ဈေးကွက်မရောက်မီ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်သော သဘာဝခေါင်းလျှော်ရည်များကိုသာ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တ်ဘာလအတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဘုရင့်နောင်လမ်းမကြီး၊ နဝဒေးလမ်းဆုံရှိ “သပြေ” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ ဈေးကြီး(၅)ရုံရှိ “ပြည့်ကျော်” ကရေကရာလုပ်ငန်းသို့လည်းကောင်း၊ သိမ်လမ်း၊ အမှတ်(၆၂၃)၊ ဆင်စုရပ်ကွက်ရှိ “မြင်းပျံ” ဖျော်ရည်လုပ်ငန်း သို့လည်းကောင်း၊ (၁၄)လမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ အပိုင်း(၃)ရှိ “အောင်ကမ္ဘာ” မလိုင်လုံးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၂၁)၊ F လမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ “ရွှေမြင့်မိုရ်” ချက်နို့ဆီလုပ်ငန်း သို့လည်းကောင်း၊ မအူရွာ၊ ဆင်စုရပ်ကွက်ရှိ “ကောင်းသန့်”မလိုင်လုံး လုပ်ငန်းသို့လည်းကောင်း၊ အောင်ဆန်းတိုးချဲ့ရပ်ကွက်ရှိ “ပေါက်ကြီး” ပေါင်မုန့်လုပ်ငန်း သို့လည်းကောင်း၊ အောင်ဆန်း ပြည်သာယာရပ်ကွက်ရှိ “အက်ရှင်” ငှက်သိုက်လုပ်ငန်းသို့လည်းကောင်း၊ သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

         

ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ အမေ့အိမ်အမှတ်တံဆိပ်ပဲကြော်လုပ်ငန်းအားကွင်းဆင်း

     ၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထို မြို့နယ်၊ အမှတ် (၆၉) အိုးဖိုပိုင်း၊ ကျိုက်ပိကျေးရွာရှိ ဦးကြည်စိုး၏ အမေ့အိမ်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားအတည်ပြုချက်ရယူနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းရာတွင် ပဲကြော်အမျိုးမျိုးတို့ ထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ပဲကြော်တစ်မျိုးချင်းစီအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ကုန်အညွှန်းအမှတ်အသား မပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားချက်မရှိသော ပဲကြော်အမျိုးမျိုးတို့အား ရောင်းချခြင်း မပြုရန်နှင့် ပဲကြော်လုပ်ငန်းအတွက် ကုန်ကြမ်းများသိုလှောင်ထားရှိမှု၊ ကုန်ချောထုတ်လုပ် နိုင်မှုအခြေအနေများ တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ