သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် Online Sale နှင့် ပက်သက်၍ လုပ်ငန်းရှင်များအား အသိပညာပေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်၍ ထုတ်လုံဌာနခွဲ တာဝန်ခံ ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Online Sale စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခဲ့ပါသည်။

      ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက Online Sale စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ကုန်စည်များကို မှတ်ပုံတင်ဆောင်ရွက်ထားပြီး ရောင်းချမည်ဆိုပါက ယုံကြည်မှု၊ အာမခံချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဈေးကွက်ပိုမိုကျယ်ပြန့် ချဲ့ထွင်နိုင်မည်ဖြစ်သည်။ စားသုံးသူများအနေဖြင့် ပိုမိုယုံကြည်စိတ်ချစွာ သုံးစွဲလာမည်ဖြစ်ပြီး စားသုံးသူကာကွယ်ရေးအနေဖြင့်လည်း အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပဲ ရောင်းချ၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာက  ကုန်သွယ်ရေးဦးစီးဌာနသို့ အသိပေးပြီး ကုန်သွယ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား  အသိပညာပေး ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ဆေးနှင့် ဆေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ ဆေးဆိုင်များအား လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊  သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို (၂၃-၇-၂၀၂၅) ရက်နေ့နံနက်(၁၀)နာရီက ဆေးဝါး ရောင်းချသည့် ဆေးဆိုင်(၇)ဆိုင်အား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

     ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ရောင်းချ​သော ဆေးဝါးများတွင်အ ညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ ဆေးပါကင်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ-မရှိ၊   စစ်ဆေးခြင်း၊  ဆောင်ရွက်ခဲ့သည်။

     အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သင်းသင်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Hla Mon Trading Co.,Ltd ၏ ဆန် သိုလှောင်ထားရှိမှုနှင့် ဆန်ကွဲအရည်အသွေး သိုလှောင်မှုများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မိုင်(၃၀) ရန်ကုန်-ပုသိမ်လမ်း၊ ဆားမလောက် ဦးလှဦး၏ ကုမ္ပဏီလီမီတက် မှ ဆန်နှင့် ဆန်ကွဲများ ၊Myanmar White Rice Thee Pu 15% Broken (WMDPS) 600 MT  အရည်အသွေးကောင်မွန်စွာ သိုလှောင်ထားရှိမှုကို ၂၃-၇-၂၀၂၅ ရက်နေ.နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

   အဖွဲ့စုံပါဝင်သော စစ်ဆေးရေးအဖွဲ့မှ ဦးလှဦးကုမ္ပဏီလီမီတက်၏ ဆန်နှင့် ဆန်ကွဲအရည်အသွေး ကိုစစ် ဆေးခြင်း၊ သိုလှောင်ထားရှုမှုပိုင်ပုံများကို ကြည်ရှုစစ်ဆေးခြင်း၊ ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေကို ကျွမ်းကျင်အဖွဲ့မှ သတ်မှတ်ထား တဲ့ အရည်အသွေးနဲ့ အလေးချိန် ကိုက်ညီမှု ရှိမှ ပြည်ပတင်ပို့အရည်အသွေး ပြည်မှီမည်ဖြစ်ကြောင်း စစ်ဆေး ခြင်း၊ ဆန်နဲ့ဆန်ထွက်ပစ္စည်းတွေရဲ့ အလေးချိန်နဲ့ အရည်အသွေးကိုက်ညီမှု ရှိ၊မရှိနှင့် အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေ ပြည့်စုံစွာဆောင်ရွက်ထားမှု ရှိ၊မရှိတို့ကို စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စစ်ဆေးချက်တွေ ရရှိပြီးမှသာ ပြည်ပတင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခွင့် ရှိမည်ဖြစ်၍ အဖွဲစုံဖြင့် ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီမှ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရှိရပြီး စစ်ဆေးရာတွင်   MITS, MRF, DOCA & DOTအဖွဲ့ များ ပါဝင်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့  ပြန်/ဆက်ရုံးတွင် online sale အကြောင်းအရာနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးTalk Show ဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ပြန်/ဆက်ရုံး၌၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် စာဖတ်ပြည်သူ(၁၂)ဦးအား online sale အကြောင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခြင်း၊  စားသုံးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်စားသုံးသင့်ကြောင်း၊ online မှ အရောင်းအဝယ် ဆောင်ရွက်ရာတွင် online မှတ်ပုံတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန်လိုအပ်သည့် အချက်များအားပြောခြင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးများရှိပါက လူကိုယ်တိုင် သော်လည်းကောင်း၊ ဆက်သွယ်ရေးနည်းလမ်းမှသော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့်  call center 1535  မှလည်း ခေါ်ဆိုတိုင်ကြားသည်ကို ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)      

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

      တိုင်းဒေသကြီးe-Government ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ()တွင် ဇူလိုင် ၂၂ နေ့၊့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး e -Government ဦးဆောင်ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

     ဦးစွာတိုင်းဒေသကြီး e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတိုင်းဒေသကြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးရန် ဖြစ်ပါကြောင်း၊ e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား e-Government အထောက်အကူပြု သင်တန်းများဖွင့်လှစ်ခဲ့ရာ ဆက်လက်ဖွင့်လှစ်သွားရန်လိုအပ်ပါကြောင်း၊ အများပြည်သူများ အွန်လိုင်းမှကြည့်ရှု ကွညျညိုသဒ်ဒါပှားနိုငျစရေနျနှင့ျ လေ့လာနိုင်ရန်အတွက် Pagoda Digital Directory Web Portal တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းတန်ခိုးကြီးဘုရားများ၏ သမိုင်းဆိုင်ရာ အချက်အလက်များကို လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အချက်အလက်များ မှန်ကန်ပြည့်စုံစေရေးနှင့် ခိုင်မာမှုရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် မိမိတို့ ကော်မတီများအလိုက် ဆောင်ရွက်မှုများအား တင်ပြဆွေးနွေးပေးရန် အမှာစကားပြောကြား ခဲ့သည်။

    ဆက်လက်၍ တိုင်းဒေသကြီး e-Government လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဖွဲစည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်၊ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတို့မှ တာဝန်ရှိသူများက အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ e-Government ဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးနိုင်မှုအခြေအနေ၊ e-Government ဆိုင်ရာ  အခြေခံအဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်းစစ်တမ်းကောက်ယူမည့်အစီအစဉ်များ၊ သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်စဉ်များမှ ကာကွယ်ရန်အတွက် အကြံပြုချက်များနှင့် ကာကွယ်ရန်နည်းလမ်းများ ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် ဆန်ကုန်သည် အသင်းရုံး၌ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးဆောင်ရွက်

            ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ (၁၇) ရက်နေ့တွင် ဆန်ကုန်သည်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင် (၂၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဆွေးနွေးမှုတွင် ဆန်ဈေးနှုန်း၊ ဈေးကွက် အခြေအနေ တည်ငြိမ်မှုရှိ/မရှိ၊ ဒေသတွင်း ဆန်သိုလှောင်ရုံများတွင် ဆန်ဖူလုံမှုရှိမရှိနှင့် လည်ပတ်လျက်ရှိသော ဆန်စက်များတွင် ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ စပါးခွံ အစားထိုးလောင်စာတောင့်များ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် အခြားဒေသများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေများအား ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင်အမေ့အိမ်ရေသန့် စက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

      ၂၀-၇-၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ၇ရပ်ကွက် ၊ မင်းလမ်းရှိ အမေ့အိမ် ရေသန့် နှင့် ရေခဲ ထုတ်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုလက်မှု ကြီးကြပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် အမေ့အိမ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးဇေယျာမင်းနှင့် တွေဆုံ၍ ရေခဲ့ ထုတ်လုပ်မှု အခြေအနေများ၊ ရေအသုံးပြုမှု စနစ်အကြောင်း ကိုမေးမြန်းခြင်း၊ လုပ်ငန်းလိုင်စင်များကို စစ်ဆေးခြင်း၊ တစ်နေ့ ရေခဲ အမျိုးအစား ပေါင် ၃၀၀တုံး အတုံးအရေအတွက် ၁၀၀ဝန်းကျင် ၂၄နာရီအတွင်း ထွက်ရှိကြောင်း၊ အဝီစိရေးကို အသုံးပြုပြီး ၊ ထွက်ရှိသော ရေခဲများကို ငါးကန်များ၊ အချိုရေရောင်းချသူလုပ်ငန်းများ ဝယ်ယူကြောင်း၊ ဒေသတွင်းအသုံးပြုနိုင်ရန် တပိုင်တနိုင်ထုတ်လုပ်နိုင်ကြောင်း သိရှိရပြီး ရေခဲစက်မှုထုတ်လုပ်သော ရေခဲများ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  Talk Show အစီအစဉ်အား ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်း Talk Show အစီအစဉ်တွင် စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာကွယ်ပေးလျက်ရှိကြောင်း၊ အကာကွယ်ပေးမှုများအား အကျယ်တဝင့်ပြောကြားခြင်း၊ အသိပညာပေး ဆောင်ရွက်မှုဆိုင်ရာ ဟောပြောပွဲများဆောင်ရွက်ခြင်းနှင့် အများပြည်သူ သုံးစွဲမူများသော Social media များ၌လည်း အသိပညာပေး ဖော်ပြလျက်ရှိကြောင်း ပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၂.၇.၂၀၂၅) နေ့  နေ့လယ်(၁၄:၀၀) နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။

     ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်းတနော်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒေါ်သင်းသင်းမာ ကစားသုံးသူ ကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်ပစ္စည်းများတွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသား များနှင့်ပတ်သက်၍ စားသုံးသူပြည်သူများပိုမိုသိရှိစေရန် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊  ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ် စသည့်စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လိုအပ်ချက် အကြောင်းအရာများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုအပ်သည့်အချက်များ၊ ပစ္စည်းများခွဲခြား၍ သတ်မှတ်ထားမှုနှင့် ကုန်အညွှန်းအမှတ်အသားဆောင်ရွက်လျှင် ဆက်သွယ်ရမည့် အကြောင်းအရာများတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ ကုန်စည်ကို ဖြစ်စေ၊ ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်းမှဆင့် (Online)စနစ် များကို shop vedio ဖွင့်ပြပြီး လုပ်ငန်းရှင်များ နားလည်နိုင်စေရန် ဥပမာပေး ရှင်းလင်းခဲ့ သည်၊။ မှဆင့်  ဝန်ဆောင် မှုပေး၍ ရောင်းချသည့် လုပ်ငန်းကို ဆိုလိုကြောင်း၊ (အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃)၊ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းဝယ်ယူမှုနှင့် ပတ်သက်၍ စားသုံးသူများ လိမ်လည်မှု (၂)မျိုးဖြင့် လိမ်လည်ခံနေရကြောင်း၊ ၎င်းကို ကာကွယ် ထိန်းကြောင်း နိုင်ရန် သက်ဆိုင်ရာ ဌာနများက ဥပဒေစည်းမျဉ်း များဖြင့် ထိန်ကြောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊အွန်လိုင်းမှတ်ပုံတင်ဆောင် ရွက်ပြီး လုပ်ငန်းလို အပ်ချက် နှင့် အသိပညာ အွန်လိုင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လုပ်ငန်းကို အမိန်ကြော်ငြာစာ ထုတ်ပြန်ပြီးကာလ ၆လအကြာတွင် ပြင်ဆင် ရက်သတ်မှတ်ထားပြီး သတ်မှတ်ကာလ ကျော်လွန်ပါက မှတ်ပုံတင်ဆောင်ရွက်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ မရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များ သိရှိနိုင်ရန် မသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းTalk Show ကျင်းပပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showကို (၂၂.၇.၂၀၂၅) နေ့ နံနက် (၁၀:၃၀) နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။

     ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Showပြုလုပ်ရခြင်းရည်ရွယ်ချက် အားရှင်းလင်း ဆွေးနွေးပြီး မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး  ဥပဒေအကြောင်း သိကောင်းစရာများ နှင့် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ် အခန်း(၁၁)  ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ ဖော်ပြရမည့် အာမခံချက်များ အကြောင်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်နှင့် စားသုံးသူ ပြည်သူများအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

    စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ