သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခရီသွားဝန်ဆောင်မှုအား စစ်ဆေး

              ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၊ မစကတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၀ : ၀၀) အချိန်တွင် ဖျာပုံမြို့နယ် ကားဝန်းအတွင်းရှိ ရာဇာအောင် ဂိတ်အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရီးသွားပြည်သူများအား အခြေခံလိုအပ်ချက်များ အပေါ် စိတ်ကျေနပ်မှုရရှိစေရေး၊ သတ်မှတ်ထွက်ခွာမည့်အချိန် မှန်ကန်စွာထွက်ရှိစေရေး၊ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံစွာ ပို့ဆောင်ပေးရေး၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း မရှိစေရေး၊ ယာဉ်အားမဆင်မခြင်မမောင်းနှင်စေရေး၊ ယာဉ်မောင်းသူအား အရက်သေစာသောက်စားပြီး မမောင်းနှင်စေရေးနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးTalkShowပြုလုပ်

           ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ(၁၆)ရက်နေ့၊‌ နံနက်(၁၀:၃၀) တွင် ဒေးဒရဲမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါဆွေးနွေးပွဲတွင် ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အသိပညာပေး Talk Showကျင်းပရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ဒေးဒရဲမြို့နယ်တာ၀န်ခံရုံးမှဒုတိယလက်ထောက်ကြီး ကြပ်ရေးမှူး ဦးခန့်စည်သူက ထုတ်ကုန်များ လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိ စေရေးအတွက် ဈေးများ၊ ကျောင်းများ၊ ကျေးရွာများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်အသီးသီးအား စားသုံးသူကာကွယ် ရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့် အချက် များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဈေးကွက် မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသား ပြဌာန်းချက်များအား အလေးထား လိုက်နာဆောင်ရွက်မှုသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်း များအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင် မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

 

Agrastarဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

               ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင်  ဒေးဒရဲမြို့နယ်‌ထောင်မှူးချောင်ကျေးရွာ  သို့သွားရောက်၍  Agrastarဆန်စက်တွင်ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊  စပါးဆန်ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးခြင်းနှင့်စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊သက်တမ်းတိုးရန်ရှိပါကသက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအ‌နေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရ သည်။

DOCA (ဧရာဝတီ)

စာဖတ်ပြည်သူများအားMSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြော

             ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၁၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူ(၁၃)ဦးအားSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံမှSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းရှင်များနှင့်လစဉ်တွေ့ဆုံ၍ထုတ်လုပ်သောကုန်စည်များအရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေ များ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာ‌များရရှိစေရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှဖွင့်လှစ်သောသင်တန်းများတက်ရောက်နိုင်ရေးဆောင်ရွက်ပေးမှုအခြေအနေများကိုဆွေးနွေးဟောပြောခဲ့ပါသည်။
           ထို့ပြင်SMEလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ဌာနမှ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများဖော်ပြနိုင်ရေးအတွက်ဆောင်ရွက်ပေးမှုအခြေနေ များနှင့် ယ‌နေ့နိုင်ငံတော်အကြီးအကဲအ‌နေဖြင့်လည်း “တိုင်းရင်သားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်နှင့်  ပြည်တွင်းစီးပွား ရေးလုပ်ငန်းများတွင် အဓိကအားဖြင့် SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်အားပေးကူညီဆောင်ရွက်သွားရန်”  လမ်းညွှန်မှုပြုထားသဖြင့်   MSME များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို  အထူးအလေးထား ကြိုးစားဆောင် ရွက်ရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိသည်။ 

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာရှိ အိမ်ထောင်စုများအား ဆီဝယ်ယူ ခွင့် လျှောက်လွှာ ပေးအပ်မှု အခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျီစု၊ကျုံဖား ကျေးရွာရှိ မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် လျှောက်လွှာပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူ ပြည်သူများ လည်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း အတွက် ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊စည်းကမ်းများနှင့် ရောင်းချမှုရှိစေရေး၊ ဆီရောင်းချ နေမှုများအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပြန်လည်ပေးပို့ သွားရန် ပြောကြားခဲ့ပြီး ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် “ခရီးသွားဝန်ဆောင်မှု” လုပ်ငန်းနှင့် ပက်သက်၍ ကွင်းဆင်းစိစစ်

   စားသုံးသူရေးရာဦးစီးဌာန ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့မ (၇) ရပ်ကွက်၊ (၁၈) လမ်းရှိ “မင်းဖြိုးမောက်” ခရီးသည် ပို့ဆောင်ရေး  လုပ်ငန်းသို့ ဝန်ဆောင်မှုနှင့် ပက်သက်၍ ကွင်းဆင်းစိစစ် ခဲ့ကြပါသည်။

     မြို့နယ်တာဝန်ခံက “မင်းဖြိုးမောက်” ခရီးသည်ပို့ဆောင်ရေးမှ ဂိတ်မှူး ဦးရာဇာအား မေးမြန်းရာတွင် ယာဉ်လိုင်း ပြေးဆွဲမှု့အနေဖြင့်  နံနက် (၅:၃၀) မှ နေ့လည် (၁၃:၃၀) နာရီ အချိန်ထိ တစ်နေ့ကို (၄) ကြိမ်ပြေးဆွဲ လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဘိုကလေး-ဖျာပုံ ကားခမှာ (၅၀၀၀) ကျပ်၊ ဘိုကလေး-ရန်ကုန် ကားခမှာ (၁၀၀၀၀) ကျပ် ခန့်ရှိပြီး ထိုင်ခုံ (၁၅) ခုံပါရှိသည်။ဝန်ဆောင်မှု အနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ထွက်ခွာပေးပြီး၊ ရေသန့်ဘူးများ၊ ကြွပ်ကြွပ်အိတ်များ ပေးလျက်ရှိကြောင်း၊ တွေ့ဆုံ မေးမြန်းခဲ့မှု အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Talk Show အစီအစဉ်ပြောကြားခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၅.၁၂.၂၀၂၅) နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဒေါ်တင်စန္ဒာယာဉ် က Talk Show အစီအစဉ်ပြောကြားခဲ့ပါသည်။

          အဆိုပါ Talk Showတွင်စားသုံးသူရေးရာဦးစီးဌာနမှ(ဒု-ကြီးကြပ်ရေးမှူး) ဒေါ်တင်စန္ဒာယာဉ် က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဌာန၏ မျှော်မှန်းချက်အနေဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်၊ ရည်မှန်းချက်အနေဖြင့် စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ၊ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် ကျောင်းဟောပြောပွဲများ၊ အလုပ်ရုံဟောပြောပွဲ၊ ပြည်သူအသိပညာပေးဟောပြောပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းမုန့်ဈေးတန်း၊ ဈေးရုံ တို့တွင် ရောင်းချနေသော စားသောက် ကုန် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိဌာနဆိုင်ရာများနှင့် ပူးပေါင်း ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ငွေစင်္ကြာ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီ အချိန် တွင် အမှတ်(၆) ရပ်ကွက်ရှိ ဦးကျော်စိုးလွင် ပိုင်ဆိုင်သော ငွေစင်္ကြာ ဆန်စက် သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရေးနှင့် သိုလှောင်ထားရှိသည့် ဆန်စပါးလက်ကျန်အခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဆန်စက်၏ ကြိတ်ခွဲ ထုတ်လုပ်မှု အရည်အသွေး ပြည့်မီစေရေး၊ အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်အပေါ်တာဝန်ရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် နှင့် တားမြစ်ချက်များအကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိမြေပြင်တွင်ဆန်/စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ My ro တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများကိုပါ လေ့လာကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းနှင့် တွေ့ဆုံဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) နေ့၊ နံနက် (၁၀:၀) နာရီ အချိန် တွင် အမှတ်(၂) ရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်း ဥက္ကဌ ဦးစိန်အောင်ထွန်းနှင့် အဖွဲ့များအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တို့ ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသင်းဥက္ကဌ ဦးစိန်အောင်ထွန်း မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်းကို (၃၁.၃.၂၀၁၉) ရက်နေ့တွင် အသင်းဝင်(၉) ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါ သည်။ ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ စက်သုံးဆီဈေး နှုန်းဈေးကွက် တည်ငြိမ်ရေး၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်းမှ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအသင်းအနေဖြင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှု အခြေအနေများအား ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေး ကိစ္စများ ဆွေးနွေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း (၄၂)မျိုးကို ဓနုဖြူမြို့နယ်ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ FDA နှင့်အတူ ကွင်းဆင်းစစ်ဆေး 

        ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၂)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယပါတ်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရောင်းချနေသော အလှကုန်အမျိုးမျိုးတို့အား သုံးစွဲရန်မသင့် သောကြောင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ရောင်းချနေသောအလှကုန်များကို နမူနာကောက်ယူခြင်း၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ လူသုံးကုန်နှင့် စားသောက်ကုန်များ   ဒေသခံပြည်သူများသုံးစွဲရာ ကျန်းမာရေးဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်သော စားသောက်ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန်နှင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ