သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကလွင်ရပ်၊ စပါးရွှေဝါလမ်းရှိ Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များသာဖော်ပြ ထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လုပ် ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း ထုတ်ကုန်များထုတ်လုပ်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက် အလက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပြီးပါက ဌာနသို့ပြန်လည်တင်ပြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းမှတဆင့်စျေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် ကော့သောင်းမြို့ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  စာဖတ်သူများ စုစုပေါင်း(၂၀)ဦးအား  အွန်လိုင်းမှတဆင့်စျေး ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းမှစျေး ဝယ်ယူရာတွင် မိမိဝယ်ယူမည့်Pageနှင့် Wesbite တို့သည် စားသုံးသူများအကြားနာမည် သတင်းကောင်း မွန်ခြင်း ရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိစိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသော စနစ်ရှိ/မရှိ၊ သတ်မှတ်ထား သည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိထားရမည် ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက်အလက် များပေးအပ်ရန် လိုအပ်လာပါက ကျိူးကြောင်း ခိုင်လုံမှုရှိ/မရှိ သတိထားရမည့် အကြောင်းအရာ များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ အထက(၃)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ရက်နေ့၊ နံနက်(:)နာရီတွင် ကော့သောင်းခရိုင်စား သုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည်ကော့သောင်းမြို့ အထက(၃)စာသင် ကျောင်း၌ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀)ဦးတို့အား  စားသုံး သူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအခွင့်အရေးအပြည့် အဝရရှိ ရေးစေရေး၊ စားသုံးသူနစ်နာလျှင်တိုင်ကြားနိုင်သည့်နည်းလမ်းများစသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ပြီး အထက(၃)စာသင် စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန် စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သောစားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန် အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မအူပင်မြို့နယ်အတွင်း ဦးစားပေး ကုန်စည် ၁၀ မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီဒေသကြီး၊ မအူပင်မြို့နယ်အတွင်း  စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချနေသည့် အရောင်းဆိုင်များ၌ ဦးစားပေးကုန်စည် (၁၀)မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ အခြေအနေတို့ကို ၁၁.၁၂.၂၀၂၅ရက်နေ့ နံနက် (၈၀း၀၀)နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

         ထိုသို့ကွင်းဆင်းရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင် FDA၊ ခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အခွန်လွတ်ဈေး၊ မြို့မဈေး၊ မင်္ဂလာဈေးကြီးအပါအဝင်၊ ရပ်ကွက်အတွင်းအရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးဖြစ်သည့် မုန့်မျိုးစုံ၊ ကိတ်၊ ကိတ်ခြောက်၊ ပူးတင်းပေါင်မုန့်၊ လေဖောင်းအကြော်မုန့်များ၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် အသင့်စားခေ့က်ဆွဲခြောက်အမျိုးမျိုး၊  လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ စကင်းကဲလ်အမျိုးမျိုး၊  သွားတိုက်ဆေး၊ လိုးရှင်း၊ ရေမွေး၊ အလှဆီနှုတ်ခမ်းနီအမျိုးမျိုး၊ ဆေးအမျိုးမျိုး အစရှိသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ၊ မရှိအခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများပါရှိမှုရှိ၊ မရှိအခြေ အနေများကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။

          မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် အတူ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်စေရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းများ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို လစဉ် ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၇၈)ပေပါအား ယာဉ်အမှတ် 7K/3515

     ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၃.၁၂.၂၀၂၅) ရက်နေ့တွင် ရောက် ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံနှင့်ဆန်ရောင်းချနေသည့်ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

     ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂ခုနှစ်၊ဒီဇင်ဘာ ၁၀ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံနှင့် ဆန် ရောင်းချနေ သည့် ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူ များအတွက် ရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများနှင့် စားအုန်းဆီစျေးနှုန်းများသည် ဒေသ အတွင်း ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။     

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၈ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၄၀)ပေပါအား ယာဉ်အမှတ် 4J/7593 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၈.၁၂.၂၀၂၅) ရက်နေ့တွင် ရောက် ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပန်းတနော်မြို့နယ် အင်းမ အ.ထ.က ကျောင်းတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ အသိပညာပေးဟောပြော

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ အ.ထ.က  စာသင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

         အသိပညာပေး ဟောပြောရာတွငင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်‌ကျော်သက်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း၊ မှတ်ပုံတင်ခြင်း အမျိုးအစား၊ ပြင်ဆင်သတိပြုဖွယ် အထောက်အထားများနှင့် သတိပြုဖွယ်အချက်များ၊ ဦးစီးဌာန၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်အမိန့် (၅၀/၂၀၂၃)ကို ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို (၅၁/၂၀၂၃) ဇူလိုင် ၂၁ရက်နေ့က ဥပဒေပါ အခန်း(၈)ခန်းဖြင့်ထုတ်ပြန်ထားကြောင်းကိုလည်းကောင်း၊ အခွင့်အာဏာအပ်နှင်းခြင်းအမိန့်ကို (၄၉/၂၀၂၃( ဇူလိုင် ၁ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနသို့ အပ်နှင်းခြင်းကိုလည်းကောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရာတွင် လုပ်ငန်းအမျိုးအစားနှင့် မှတ်ပုံတင်ရမည့်သူများ၊ လျောက်ထားနိုင်သည့် အမျိုးအစားများကို လူငယ်များသိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းခြင်း၊ eComReg System လျောက်ထားမှုနှင့် သတိပြုရမည့် အချက် အလက်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအကြောင်း၊ သက်ဆိုင်ရာဌာနသို့ အမှုတွဲလွဲပြောင်းခြင်း၊ မှတ်ပုံတင်မရှိပဲ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဟောပြောခဲ့ရာ ကျောင်းသူများမှ မရှင်းလင်းသည်များကို မေးမြန်းသဖြင့် ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပြီး တက်‌ရောက်သူ ၁၃၅ဦး ရှိကြောင်း သိရှိရပါသည်။

DOCA (‌ဧရာဝတီ)

Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့၊ မန္တလေးမြို့တော် ခန်းမတွင် Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၉:၀၀)နာရီ အချိန်တွင် စီးပွားရေးရာဝန်ကြီးမှ ကြီးမှူး၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အဖွင့်မှာစကား ပြောကြားခဲ့ပါသည်။  အခမ်းအနားသို့  စီးပွားရေးရာဝန်ကြီးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးမှူးများ၊  Capital Connect Company Limited မှ တာဝန်ရှိလူကြီးမင်းများ၊ လက်ကား/လက်လီ ကိုယ်စားလှယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက် Capital Connect Company Limited မှ တာဝန်ရှိသူက Edible Oil System နှင့် စပ်လျဉ်း၍ Video Clip ရှင်းလင်းတင်ပြခဲ့သည်။ တော်ဝင်ဧကရာဇ်မှ တာဝန်ရှိသူကလည်း စားသုံးဆီများ သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် GPS, CCTV စနစ်များ တပ်ဆင်စောင့်ကြည့် စစ်ဆေးနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB မှ တာဝန်ရှိသူက ဆီကုန်သည်ကြီးများအတွက် ဝန်ဆောင်မှုပေးအပ်နေမှု အခြေအနေအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် စားသုံးဆီ သယ်ယူပို့ဆောင်မှုနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၅၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ