သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၁)အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက်ကုန်အသီးအနှံများ၊ အသား/ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန် ၊ စဉ်းနီတုံးများကို အသား/ငါးများ ခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲ များကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံး ထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ် ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ဝမ်းလျောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)

 

ကျောင်းကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စား များအား သွေးတိုး၊နှလုံး၊ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေး များပေးခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေး ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃30) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ နံနက် (10:30)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျောင်းကုန်းမြို့နယ် ဆန်စပါး အသင်းဖွဲ့စည်းခဲ့ပါသည်။

          အဆိုပါဆွေးနွေးမှုတွင် ဥက္ကဌ တင်မြှောက်မည့်သူအား ရွေးချယ်တင်မြောက်၍ အမှုဆောင် အဖွဲ့ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဥက္ကဌရွေးချယ်တင်မြှောက်ပြီးနောက် အမှုဆောင်(၉)ဦး ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)

သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သားများရောင်းချခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ ‌(၂၁)ရက်နေ့ နံနက် (8:00)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေး/ကု ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးတွင် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပါသည်။

    အဆိုပါရောင်းချမှုတွင် စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ အပတ်စဉ် သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ ဆီ၊ ကြက်ဥ၊ ကြက်သား၊ ဆန် များကိုလည်း စားသုံးသူ ပြည်များထံသို့ သက်သာစေရေးအတွက် ရောင်းချပေးခြင်းအား သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)

 

 

ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၁၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံမှ ခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိနိုင်ရန်လည်းကောင်း၊ ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်းရှိ/ မရှိ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီကိုယ်စားလှယ်များအား လက်လီ/လက္ကားရောင်းချနေသော ဆိုင်များတွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချ ကြရန်၊ မိမိတို့ရောင်းချမှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်တာများကိုလည်းတင်ပြကြရန်၊ စားအုန်းဆီ စာရင်းများကိုလည်း နေ့စဉ်ပုံမှန်တင်ပြကြရန်၊  ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားပြီးစားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှု အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ရောင်းချနေသော မုန့်ဟင်းခါးဖိုများအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈.၇.၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ငပုတောမြို့န်တွင် ရောင်းချနေသော မုန့်ဟင်းခါးဖိုများအား သန့်ရှင်းခြင်း၊ တာရှည်ခံဆေးများသုံးစွဲခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တွင်ရောင်းချနေသော မုန့်ဟင်းခါးဖိုများ အားတာရှည်ခံဆေးများသုံးစွဲခြင်း၊ သန့်ရှင်းခြင်းရှိ/ မရှိ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များကိုသာဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၈.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင်  ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသောဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသာ (ကံထူးစံ)ဆန်ဆိုင်နှင့် (စိန်နှင့်မြ)ဆန်ဆိုင်များတွင် ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆန်ဆိုင်များမှ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် စားအုန်းဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ ဇူလိုင်လ ( ၂၁ )ရက်နေ့ နံနက် (10:00)အချိန်တွင် ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အစားအုန်းဆီ ကိုယ်စားလှယ်များအား စားအုန်းဆီရောင်းချဖြန့်ဖြူးရာတွင် အချိန်အတွယ်ပြည့်ဝစွာရောင်းချပေးရန်၊ မိမိတို့ရရှိသည့် အရေအတွက်ကိုလည်း ပြည့်ဝစွာရောင်းချပေးရန် ပြောကြားဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးမှုတွင် မိမိတို့ရရှိသည့် စားအုန်းဆီအရေအတွက်အား စားသုံးသူ ပြည်သူများသို့ ရောင်းချရာတွင်လည်း အရေအတွက်ပြည့်ဝစွာရောင်းချပေးရန်၊ ချိန်တွယ်ရာတွင်လည်း အချိန်အတွယ်ပြည့်ဝစွာ ရောင်းချပေးရန်၊ စားအုန်းဆီများအားရောင်းချရာတွင်လည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများမပြုလုပ်ကြရန်၊ မိမိတို့ရောင်းချရန် ရရှိသည့်စားအုန်းဆီ အရေအတွက်အား စားသုံးသူပြည်သူများသို့ အပြည့်အဝရောင်းချပေးရန်တို့ကို ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA  ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်( ၅)ရပ်ကွက်ရှိလက်လီ/ လက်ကားရောင်းချနေသော မြဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၀၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်( ၅)ရပ်ကွက်ရှိ လက်လီလက်ကားရောင်းချနေသော မြဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်(၅)ရပ်ကွက်ရှိ လက်လီလက်ကားရောင်းချနေသော မြဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ယဉ်မွန်ကျော် ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီလက်ကားရောင်းချနေသော ယဉ်မွန်ကျော်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ယဉ်မွန်ကျော်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ