သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

                       စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဦးစီးအရာရှိနှင့်ဝန်ထမ်း များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲတို့နှင့်ပူးပေါင်း၍ (၂၉.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အောင်ပန်းမြို့ပေါ်ရှိ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုယာဉ်လိုင်းများအား သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ထားခြင်းရှိ/မရှိ ခရီးသည်ပို့ဆောင်မှု့နှင့်ကုန်ပစ္စည်းပေးပို့ရေးဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စာသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေရေးဆောင်ရွက် ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေး ရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူစိတ်ကျေနပ်သည် အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာန များ၏ စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အောင်ပန်းမြို့ရှိ မော်တော်ယာဉ်လိုင်း(၈)ခုအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊   

DOCA(ရှမ်း)

 

ဟဲဟိုးမြို့တွင် အသိပညာပေးဆွေးနွေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၈.၁.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလောမြို့နယ်၊ဟဲဟိုးမြို့တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

           အဆိုပါဟောပြောပွဲများ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောရာ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချရာတွင်ပါရှိရမည့်  ကုန်အညွှန်းအမှတ်အသားများဖော်ပြပါဝင်ရမည့် သတ်မှတ်ချက်(၈)ချက်အကြောင်း၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များကို ရွေးချယ်တက်စေရန်၊ စတင် ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ကြည်ရှုနိုင်စေရန်၊ မိမိဝယ်ယူသော ကုန်စည် ကြောင်း စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။     

 DOCA(ရှမ်း)       

ကျောက်ပန်းတောင်းမြို့တွင် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

         မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ(၂၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ‘‘အောင်’’ ၊ ‘‘ဒေါ်မြင့်မြင့်’’ ၊ ‘‘ရွှေစကား’’  စသည့် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း၍ သက်တမ်းတိုးဆောင်ရွက်ခြင်းနှင့် လစဉ်လဆန်း(၁)ရက် နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် ဒေသတွင်းဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် My RO သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        MyRO တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံများ သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mmတွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့ အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန် လက်ကျန်စာရင်းများကို ထည့်သွင်းပေးနိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်တာဝန်ခံနှင့် My RO လုပ်ငန်းရှင်(၁၁)ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံးရေ(၁၇)လုံးရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် ဆန်သိုလှောင်ရုံများအတွက် သက်တမ်း တိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်း တိုးခြင်းနှင့် ရထုတ်ကုန်စာရင်များရေးသွင်းခြင်းအား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် လုပ်ငန်းရှင်များလည်း သိရှိနားလည်လာပြီး ရထုတ်ကျန်စာရင်းရေးသွင်းခြင်းလုပ်ငန်းရှင်ဦးရေး တိုးတက်လာပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် Online Sale လုပ်ငန်းနှင့်စပ်လျဉ်း၍အသိပညာပေးTalk Show ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များအား နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ‌ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ Online Sale လုပ်ငန်းများမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေ ပြုဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လိုသူသည် ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ် ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ မုန့်တီ‌ရောင်းချသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်များကိုသတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ မုန့်တီရောင်းချသည့် ဆိုင်များအား မုန့်တီများအား  အသင့်စားထုတ်ပိုးရောင်းချမှုရှိ/မရှိနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မော်ထွန်း (ဒု-ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် မုန့်တီများ ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ထုတ်လုပ်သည့်ကုန်စည်များသည် စားသုံးသည့်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် အဓိကထားပြုလုပ်ရောင်းချသွားရန် နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်

    ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီလ(၂၇)ရက်နေ့တွင် မြစ်သားမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့်ပြန်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တေလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇန်နဝါရီလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် သွားတိုက်ဆေး အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူများ အသုံးပြုလျက်ရှိ သည့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများမှကာကွယ်ရန်၊ စီးပွားရေးလုပ်ငန်းများ အတွက် မျှတသောယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန်နှင့်ယုံကြည်စိတ်ချရသောစီးပွားရေးဝန်းကျင်ကောင်းကိုဖြစ်ပေါ်စေရန်၊ ဘေးအန္တရာယ်ရှိသောကုန်စည်များကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြန်လည် သိမ်းဆည်းစေရေးအပါအဝင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်စေရေး တို့အတွက် ဦးစားပေး ကုန်စည်များကို ရွေးချယ်ပြီး ဦးစားပေးဆောင်ရွက်ရန် လျာထားချက်အတိုင်း ဈေးကွက်စောင့်ကြည့် လုပ်ငန်းများ လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်  ဦးစားပေးကုန်စည်ဖြစ်သည့် သွားတိုက်ဆေးအမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးမှုမှာ  (၈) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကျင်းပ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်‌နေ့တွင် နံနက်(၁၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌနာ၊ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြော ကြားပြီး၊ စီမံရေးရာဌာနခွဲမှ ဦးစီးအရာရှိက စီမံရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ငွေစာရင်းဌာနခွဲမှ ဦးစီးအရာရှိက အသုံးစရိတ်များ ခွင့်ပြု/သုံးစွဲခြင်းဆိုင်ရာများ အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ပြည်တွင်းဌာနခွဲမှ လ/ထညွှန်ကြားရေးမှူးမှ ပြည်တွင်းကုန်သွယ် မှုဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးဌာနခွဲမှ ဦးစီးအရာရှိက တိုင်းကြားမှုများနှင့် စပ်လျဥ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာညွှန်ကြားချက်(၂/၂၀၂၂) ရှင်းလင်းဆွေးနွေး ခြင်း၊ ထုတ်လုံဌာနခွဲမှ ဦးစီးအရာရှိက ဘေးအန္တရာယ်ရှိ ကုန်စည်/ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားချက် (၃/၂၀၂၂)ရှင်းလင်းဆွေးနွေးခြင်း၊ သတင်း/နည်း ဌာနခွဲမှ ဦးစီးအရာရှိက မြန်မာဆန်စပါးအွန်လိုင်း (My Ro)တွင် မှတ်ပုံတင်လုပ်ငန်းများနှင့် ပတ်သက်သည့် သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးသင်ကြားပို့ချခဲ့ပြီး (၂၈)ရက်နေ့ ညနေ(၄)နာရီတွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။   

DOCA(စစ်ကိုင်း)

ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ်ခန့်အပ်တာဝန်ပေး၍စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့်ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များတွင် လစဉ်နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့် အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။             

 DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ