ကျိုက်လတ်မြို့ အမှတ်(၁) ရပ်ကွက်ရှိ “ မြမြင့်မိုရ်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ Msmeဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အမှတ်(၁)ရပ်ကွက်ရှိ ဦးစိန်သောင်းပိုင်ဆိုင်သော “ မြမြင့်မိုရ်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မီးသတ်ဌာနနှင့် ပူးပေါင်း၍ (၃.၄.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မှီကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ကုန်စည်များအားစားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မုန့်ဟင်းခါးဖက်များကို တာရှည်ခံစေသည့် ဖော်မလင်ဆေးများ အသုံးမပြုကြရန် အသိပေးခဲ့ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရင်းနှီးမြှုပ်နှံထားရှိမှု၊ လုပ်သားအင်အားအသုံးပြုမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု အခြေအနေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု ပြစ်မှုပစ်ဒဏ်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)