သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း()ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရေသည်လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်၏ (/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြထားခြင်းရှိ/မရှိ ဆွေးနွေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး၏ ညွှန်ကြားချက်အရ ခရိုင်ရုံးမှ စစ်ဆေးရေးမှူး (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  အစားအသောက်ကုန်စည်များအား စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားများအား ကာလအလိုက် ဆောင်ရွက်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ခရိုင်ရုံးမှ စစ်ဆေးရေးမှူး (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်ရှိ ဆေးအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင်  တိုင်းရင်းဆေးမျိုးမျိုးအား စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၂၃)ပါ တားမြစ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆေးအဝါးအတုများ ရောင်းချခြင်းမပြုရန်နှင့် တရားဝင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားသော ဆေးဝါများရောင်းချရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

‘ဖူးပွင့်’ ငါးရံခြောက်ဖုတ်လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

             ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီနှင့်ပူးပေါင်း၍ (၁၂.၅.၂၀၂၆)နေ့(၁၁:၃၀)အချိန်တွင်ကျိုက်လတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ‘ဖူးပွင့်’ငါးရံခြောက်ဖုတ်လုပ်ငန်းသို့ သွားရောက်၍ ငါးရံ့ခြောက်ဖုတ် ထုတ် လုပ်ပုံအဆင့်ဆင့် ၊ အလုပ်သမားများအခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှုအခြေအနေများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

                   ထို့နောက် ထုတ်လုပ်သောကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားများ ဖော်ပြချက်များကိုလည်း ကုန်စည်ထုတ်ပိုးထားမှုအပေါ်တွင် ထည့်သွင်းဖော်ပြရန်လိုကြောင်း မြို့နယ်တာဝန်ခံက ပြေားကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ကျိုက်လတ်မြို့နယ် ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့ သည်(၈.၅.၂၀၂၆)နေ့ (၁၆:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။

                   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့်ညွှန်ကြားချက်များအကြောင်းရှင်းလင်းခြင်းနှင့်၊ အဆိုပါညွှန့်ကြားချက်တွင်စားသုံးသူများ ထင်ရောင် ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်ကုန်စည်များတွင် အမျိုးအမည်နှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖော်ပြရမည့်ဖြစ်ကြောင်းကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာဘာသာဖြင့်ဖော်ပြရမည့်ဖြစ်ကြောင်း လုပ်ငန်းရှင်များအနေဖြင့် စားဆီ များဖြန့်ဖြူးသယ်ဆောင်ရာတွင် စားသုံးသူပြည့်သူများ အန္တရာယ် ကင်းရှင်းစေရန်အတွက် ဆီကန်မှထုတ်ယူ သော စားသုံးဆီများအား ဈေးကွက်အတွင်းဖြန့်ဖြူးရာ၌ ဓာတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထား သည့် ဗုံးများ၊ ပေပါများတွင် စားအုန်းဆီများထည့်သွင်းသုံးစွဲခြင်း မပြုဖို့လိုပါကြောင်း ဌာနအနေဖြင့် ပြည်ပ မှတင်သွင်းလာသည့် စားအုန်းဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားအုန်းဆီများတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းများကို ထိန်းကြောင်းကြပ်မက်ဆောင်ရွက်လျှက်ရှိပါကြောင်း လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်း ဌာနကကွင်း ဆင်းကြပ်မက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ကျိုက်လတ်မြို့နယ် အခြံချောင်းကျေးရွာတွင် ပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

                  ဖျာပုံခရိုင်၊ ကျိုတ်လက်မြို့နယ်၊ အခြံချောင်းကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာန၊တိမွေး ကု၊ ကျန်းမာရေး၊ ပြန်/ဆက်ဌာန တို့ပူးပေါင်း၍ (၁၀.၅.၂၀၂၆)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် အခြံချောင်း ကျေးရွာရှိ ပြည်သူ (၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

              ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံကရက်(၁၀၀)စီမံချက်လှုပ်ရှားမှုတွင်ကျေးရွာသူ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဉပဒေပါအခန်း(၉)ပုဒ်မ(၁၉)စားသုံးသူအခွင့်အရေး(၈)ချက် အကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူအသိပညာပေးရေးမှာဆိုရင် ရေရှည်တည် တံသော စားသုံးသူအလေ့အကျင့်နှင့်ပတ်သက်၍ စားသုံးသူတွေကို အသိပညာပေးနေတာတွေရှိပါတယ်။ အပင်ကို အခြေခံပြီး စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးအလှကုန်တို့ကို ရွေးချယ်ဝယ်ယူအသုံးပြုကြရန်၊ ကုန်စည်တွေ ထုတ်ပိုးတဲ့အပေါ်မှာ အထပ်ထပ်ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုရှောင်ရှားဖို့၊ စီးပွဦးရေးကျင့် ဝတ်နှင့်အညီ ထုတ်လုပ်ထားတဲ့ကုန်စည်တွေကို ဝယ်ယူဖို့လိုအပ်ကြောင်း၊ အစားအသောက်တွေကို စားသောက်တဲ့နေရာမှာလည်း မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းများနည်းပါးအောင်စီမံဆောင်ရွက်ဖို့ စားသုံးသူအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 “ သုံးခွမြို့နယ်၌ ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း  ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ကုန်စုံဆိုင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိတို့အား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်တင်မေလွင်နှင့် စည်ပင်သာယာမြို့မဈေးတာဝန်ခံ ဦးဖြိုးဝေတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မေလ(၁၄)၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးအသုံး အဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ရေးသား ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

               ဖျာပုံမြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက် နှင့် ဝန်ထမ်းများသည်၂၀၂၆ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေ ပြဌာန်းချက်နှင့်စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုစပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့်ဆောင်ရွက်ပေးနိုင်သည့်အခြေအနေများ၊ စားသုံးသူများ နစ်နာမှုရှိလာပါကတိုင်ကြားနိုင်သည့် Call Center1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအ မှတ်အသားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မီးသတ်အဖွဲ့ဝင်များမှသိလိုသည်များ မေးမြန်းမှုအပေါ် ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

(Doca  ဧရာဝတီ)

 

Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်သော ဝန်ထမ်း(၂)ဦးသည် ၂၀၂၆ခုနှစ်၊ မေလ( ၁၅ )ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးလိပ်အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များသို့ Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်အတု ရောင်းချနေမှု ရှိ/မရှိ ပြည်တွင်းအခွန် များဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍  ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ လွိုင်ကော်မြို့ပေါ်ရှိ ဆေးလိပ်အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များ၌ Mevius Original Blue အမှတ်တံဆိပ်ဆေးလိပ်အတုရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် Mevius Original Blue အမှတ်တံဆိပ် ဆေးလိပ်အတုများ ဝယ်ယူ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး သတိထားဆောင်ရွက်ကြရန်၊ တရားမဝင်ကုန်စည်များဝယ်ယူရောင်း ချခြင်းမပြုကြရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်း၏ ဆိုးကျိုးများကိုပါ တပါတည်း အသိ ပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)ဦးဆောင် သောဝန်ထမ်း(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ( ၄ ) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရင်းနှီးမြုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား  စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးခဲ့ရာ ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ U9၊ Atom၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သိရှိလိုသည် များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများ ပြုလုပ်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ