
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦးတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၉ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်း/ အပြင်ရှိ အစားအသောက်ရောင်းချသည့် ဆိုင်များဖြစ်သော ကုန်စုံဆိုင်နှင့် ငါးပိ/ ငါးခြောက်ဆိုင်(၂)ဆိုင်၊ ဆေးဆိုင်(၁)ဆိုင်၊ ဝက်သားရောင်းချသည့်အသားဆိုင်(၂)ဆိုင်၊ စံပင်လယ် စာဆိုင်(၁)ဆိုင်၊ အမှတ်(၁) ကျောင်းမုန့်ဈေးဆိုင်များ၊ OKသိန်းသောက်ရေသန့်လုပ်ငန်းတို့အား မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့်ဆိုင်များ၊ ကျောင်းမုန့်ဈေးတန်းများတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အစားအသောက်များ၊ ရောင်းချခြင်းမရှိစေရေး၊ ခွင့်ပြုချက်မဲ့ဓာတု ဆိုးဆေးများပါ အစားအသောက်များ၊ စားသုံးရန်မသင့်သည့် တားမြစ်ထားသော အေးခဲReady Made အသားများ၊ အစားအစာများရောင်းချခြင်းမရှိစေရေး၊ ဆေးဆိုင်များမှသက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများရောင်းချမှုမရှိစေရေး၊ အများပြည်သူသောက်သုံးလျက်ရှိသော ရေသန့်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
