HighLight News

Powered by Drupal

ဂန့်ဂေါမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တာဝန်ခံရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၂၇.၇.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင်ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များအား စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသည့်ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့လည်း ပါဝင်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်စည်များရောင်းချနေသည်ကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များအား ချပြရှင်းလင်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ရွေးချယ်ဝယ်ယူတတ်စေဖို့ ဂန့်ဂေါမြို့ စာသင်ကျောင်းများသို့ အသိပညာပေးကြစို့

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တာဝန်ခံရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၂၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/သူ(၈၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သည့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်း၊ စားသုံးသူ ပြည်သူများအတွက် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် ( Consumer Call Center ) ဖွင့်လှစ်ထားကြောင်းနှင့် ခေါ်ဆိုနိုင်သည် နံပါတ် (1535)သို့ ခေါ်ဆို၍ သိရှိလိုသည်များ၊ တိုင်ကြားလိုသည်များကို မေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက် ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီများအား FDA ဌာန၏ ထောက်ခံချက် ပါ/ မပါစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ပူးပေါင်းအဖွဲ့တို့သည် ပန်းတနော်မြို့နယ်ပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို အသုံးပြုနိုင်ရေးအတွက် ပန်းနှံသာဈေး၊ အင်းမဈေး၊ မြို့မဈေးနှင့် အခြားလက်လီ/လက်ကား ဆီအရောင်းဆိုင်တို့တွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ အမျိုးမျိုးတို့တွင် FDA ဌာန၏ ထောက်ခံချက်မပါဝင်သော ကုန်စည်များရောင်းချခြင်း ရှိ/ မရှိနှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/ မရှိကို (၂၁.၇.၂၀၂၆)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆီအရောင်းဆိုင်ရှင်များကို စစ်ဆေးပြောကြားရာတွင် စားအုန်းဆီများ မြို့နယ်အတွင်းဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးသောအခါ ကျန်းမာရေးနှင့် ညီညွတ်ပြီး စနစ်တကျရှိစေရန်၊ ရောက်းချနေသော ဘူးဆီအမျိုးမျိုးတို့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု ထောက်ခံချက်များ ရှိ/ မရှိနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပါဝင်မှု ရှိ/ မရှိကိုစစ်ဆေးခဲ့ရာ ပန်းတနော်ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ ဆီဗူးများသည် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ၊ ကုန်အညွှန်းများ ပါဝင်သောဆီဗူးများကိုသာ ရောင်းချနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)တွင် လူငယ်များအသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်တောင်ရပ်ကွက်ရှိ  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာအထက်တန်ကျောင်း အစည်းအဝေးခန်းမတွင်(၂၀.၇.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်တို့သည် အစိုးရနည်းပညာကျောင်းရှိ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် Online Shopping နှင့် ပတ်သတ်၍ စားသုံးသူများ ရင်ဆိုင်ရမည့်  အချက်အလက်များအား အသိပညာပေး ဟောပြောခြင်းနှင့် Consumer Call Center 1535 သို့ ခေါ်ဆိုဆက်သကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ ဟင်္သာတမြို့နယ် တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ တက္ကသိုလ်ကျောင်းသားများမှ Call Center 1535 သို့ ဆက်သွယ်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၂.၇.၂၀၂၆)ရက်နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်း၊  အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီဆောင်ရွက်သွားကြရန်၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov. mmwebsite တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ စတားမုန့်လုပ်ငန်းသို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရန် ကွင်းဆင်းလေ့လာခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍(၂၂.၇.၂၀၂၆)ရက်နေ့     နေ့လယ် (၁၃း၀၀)နာရီအချိန်တွင်   လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ စတားမုန့်လုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစေရန်အတွက်  ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် စတားမုန့်လုပ်ငန်းပိုင်ရှင်အား ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ကုန်ချောထွက်ရှိမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းစုံစမ်းပြီးမိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းအနေဖြင့်ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိစေရေး အဓိကထားဆောင်ရွက်ရန်၊ ဓါတုဆေးဝါးများသုံးစွဲခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော၂၀၁၉ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၂.၇.၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန််းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီး အရေးကြီးကုန်စည်ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးဆီလုပ်ငန််းရှင်များမှ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၁၇)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ မြို့မဈေးရှိ  အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၇.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့၊ မြို့မဈေးရှိ  အလှကုန်ဆိုင်များအား ရွှေပြည်နန်းအမှတ်တံဆိပ် သနပ်ခါးဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ မြို့မဈေးရှိ  အလှကုန်ဆိုင်များတွင် ရောင်းချနေသော ရွှေပြည်နန်းအမှတ်တံဆိပ်သနပ်ခါးဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊စီး ပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၂၁.၇.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီး အရာရှိမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက် အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များအကြောင်း အသိပညာပေးရှင်းလင်း ဆွေးခဲ့ပြီး၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC နှင့် 1535 သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာရှိ  သစ္စာရှင်ဆန်စက်သို့ ဆန်စပါးလက်ကျန်စာရင်းနှင့် My Ro တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့်ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့်ပူးပေါင်း၍  မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာရှိ သစ္စာရှင်ဆန်စက်သို့ (၂၁..၂၀၂)ရက်နေ့၊   နေ့လယ် (:၃၀)  နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ  သစ္စာရှင်ဆန်စက်ပိုင်ရှင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRoတွင်မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်ကုန်လက်ကျန်စာရင်းများအား အချိန်မီ Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News