ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

နယူးဇီလန်နိုင်ငံ၏ နို့ထွက်ပစ္စည်းများ စံချိန်တင်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်

             နယူးဇီလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဇူလိုင်လအထိတွင် စားသောက်ကုန်ဈေးနှုန်း ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဤမြင့်တက်မှုသည် ယခင်နှစ် ၄.၆ ရာခိုင်နှုန်းမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာန Stats NZ က သြဂုတ်လ ၁၅ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          နို့ထွက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်မျိုးစုံတို့သည့် ၅.၁ရာခိုင် နှုန်း မြင့်တက်ခဲ့ပါသည်။ နို့ ၁၆ရာခိုင်နှုန်း၊ ထောပတ် ၄၂.၂ရာခိုင်နှုန်း၊ ချိစ် ၂၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Stats NZ က ပြောကြားခဲ့ပါသည်။၂၀၂၀ခုနှစ် ဇူလိုင်လ ကတည်းက နို့ဈေးနှုန်း ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

          အသားနှင့် ငါးဈေးနှုန်းများ ၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမဲသားအကင် ၂၄.၆ရာခိုင်နှုန်းနှင့် ခုတ်ဖြတ်ပြီးအသား ၁၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အသီးနှင့် ဟင်းသီးဟင်းရွက်များ ၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရက်မပါသော အချိုရည် ၄.၄ရာခိုင်နှုန်းနှင့် စားသောက်ဆိုင်အစား အစာ ၂.၂ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

          အိမ်ငှားခဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်အတွင်း ဇူလိုင်လအထိ ၂.၄ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၄င်းတိုးတက်မှုသည် ၂၀၁၁ခုနှစ်ကတည်းက အနှေးဆုံးတိုးတက်နှုန်းဖြစ်ကြောင်း Stats NZ ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                                  

တရုတ်အမှတ်တံဆိပ်များ အင်ဒိုနီးရှား EV ကားဈေးကွက်ကို လွှမ်းမိုးထား

          တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကား EVများသည် အင်ဒိုနီးရှား လျှပ်စစ်ကားဈေးကွက်ကို ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ ဇွန်လိုင်လအတွင်း လွှမ်းမိုးထားကြောင်း အင်ဒိုနီးရှား မော်တော်ကား စက်မှုလုပ်ငန်းအသင်း (GAIkINDO) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။

          တရုတ်ကားထုတ်လုပ်ရေး BYD သည် ၂၀၂၅ ခုနှစ်၏ ပထမ ခုနှစ်လအတွင်း ဈေးကွက် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ယူနစ် ၁၆၄၂၇ ရောင်းချခဲ့ပါသည်။ M6, Sealion 7, Atto 3,Seal, and Dolphin စသည့် နာမည်ကြီးမော်ဒယ်များကြောင့် အားကောင်းတဲ့စွမ်းဆောင်ရည်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လနှောင်းပိုင်းတွင် BYDသည် ၄င်းတို့၏ နောက်ဆုံးပေါ်ကား Atto 1 ကို GAIKINDO Indonesia International Auto Show တွင်စတင်မိတ်ဆက်ခဲ့ပါသည်။ ထိုပြပွဲတွင် ရူပီး ၁၉၅ (အမေရိကန်ဒေါ်လာ ၁၂၀၈၀ခန့်) ဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရပါသည်။

          ဈေးကွက်၏ ဒုတိယနေရာတွင် BYD အဖွဲ့၏ အမှတ်တံဆိပ်ခွဲ Denza က ယူနစ် ၆၂၅၆ ရောင်းချခဲ့ပြီး တရုတ်ကားထုတ်လုပ်ရေး Wuling က ယူနစ် ၆၂၁၀ နှင့် တတိယနေရာတွင် ရပ်တည်နေပါသည်။စတုတ္ထနေရာတွင် Chery က ယူနစ် ၅၁၉၆ ဖြင့်ရပ်တည်နေပြီး Aion က ယူနစ် ၃၁၂၆ ဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

          ခြုံငုံကြည့်လျှင် အင်ဒိုနီးရှား၏ လျှပ်စစ်ကား ရောင်းအားသည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယူနစ် ၄၂၁၇၈ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စုစုပေါင်းရောင်းအား ၄၃၁၈၈ ယူနစ်နီးပါး ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

          အင်ဒိုနီးရှားအစိုးရသည် ရုပ်ကြွမ်းလောင်စာများမှ သန့်ရှင်းသော စွမ်းအင်သို့ကူးပြောင်း ခြင့်ဖြင့် ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန် ကတိပြုထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                                   

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံ၏ သစ်နှင့်အထည်အလိပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေ

           ကမ္ဘောဒီးယားနိုင်ငံတွင် သစ်နှင့်အထည်အလိပ်လုပ်ငန်းတို့၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ် များကို အဓိကထား၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများပိုမိုလေ့လာရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing နှင့် Anhui ပြည်နယ်တို့မှ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားသို့ လာရောက်ကြသည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Lim Visal နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် များသည် Beijing  နှင့် Anhui ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ၁၃-၈-၂၀၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း CDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံမှုအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ၎င်းတို့၏ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ အထူးသဖြင့် သစ်လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများမှ အခွင့်အလမ်းများကို ပိုမိုနားလည်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Visal မှ ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား နီးကပ်သောဆက်ဆံရေးအပြင် တရုတ်အစိုးရနှင့် ပြည်သူတို့ ပံ့ပိုးပေးထားသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း၊ သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများကို ခြုံငုံသုံးသပ်ပြီး နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးမှု အစီအစဉ်များကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ချည်မျှင်နှင့်အထည်မှအချောထည်အထိ အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံမှုသည် တော်ဝင်အစိုးရ၏မူဝါဒနှင့်အညီ ပြည်တွင်းကုန်ကြမ်းထုတ်လုပ်မှု၊ အပိုတန်ဖိုးတိုးမြင့်လာပြီး ပို့ကုန်ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်း Visal က ဆက်လက်ရှင်းပြသည်။

Source: Khmer Times

DOCA (ရန်ကုန်)  

သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် MAFF နှင့် EU တို့က သင်တန်းများကျင်းပ

           ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန (MAFF) မှ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ဆိုင်ရာ သင်တန်းအား ခရိုင်စိုက်ပျိုးရေးအရာရှိ  ဦးဆောင်း၍ Kampot, Tbong Khmum နှင့် Kep ပြည်နယ်များမှ အဓိက တောင်သူ (၁၀၀)ကျော်အား သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေး ကွင်းဆက်အတွက် သင်တန်းပို့ချပေးခဲ့သည်။ ၁၄-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Yang Saing Koma၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ Bryan Fornari နှင့် MAFF လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး Khim Finan တို့က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ တက်ရောက်သူများတွင် Kampot၊ Tbong Khmum နှင့် Kep ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရပ်ရွာသင်တန်းဆရာများ၊ CAPSAFE EU-Germany ပရောဂျက်မှ ကိုယ်စားလှယ်များနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) အဖွဲ့တို့ ပါဝင်ပြီး စုစုပေါင်းတက်ရောက်သူ ၁၅၀ နီးပါးရှိခဲ့သည်။ Saing Koma က တောင်သူလယ်သမားများအား ဝန်ဆောင်မှုပေးရာတွင် ပိုမို ကောင်းမွန်စေရန်နှင့် လယ်ယာထွက်ကုန်များ အထူးသဖြင့် နိုင်ငံ့စီးပွားရေးနှင့် တောင်သူ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းအတွက် အဓိကသီးနှံနှစ်မျိုးဖြစ်သည့် သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းများ၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သီးနှံများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အီးယူ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ Bryan Fornari က ကမ္ဘောဒီးယားနိုင်ငံသည် ပိုမိုခေတ်မီပြီး ကွဲပြားသော စိုက်ပျိုးရေးစီးပွားရေးဆီသို့ ဆက်လက် လျှောက်လှမ်းနေချိန်တွင် ဥရောပသမဂ္ဂသည် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများကို ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ ဤလေ့ကျင့်ရေး အစီအစဉ်ကဲ့သို့သော ပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် ကမ္ဘောဒီးယားကျေးလက်ဒေသ အသိုင်းအဝန်းအတွက် ပိုမိုရေရှည်တည်တံ့သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးပါဝင်နိုင်သည့် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ချထားပေးနေသည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း EU သည် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် ကျေးလက်လူထုအတွက် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးရန် ရည်ရွယ်သည့် အမျိုးသားရေးကြိုးပမ်းမှုများကို ပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။

 Source: Khmer Times

DOCA (ရန်ကုန်)                                                                                

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပို့ကုန်‌တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ရရှိလာရန်မျှော်မှန်းထား

          ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၅ ဇူလိုင်လ မှ ၂၀၂၆ ဇွန်လ အထိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၎င်း၏ပို့ကုန်ရည်မှန်းချက်အား ၁၆.၅ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ဒေါ်လာ သို့ရောက်ရှိရန်ပြစ်မှတ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးအကြံပေး Sk Bashir Uddin က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

          ဝန်ကြီး၏ အဆိုအရ ကုန်စည်တင်ပို့မှုမှ ဒေါ်လာ ၅၅ ဘီလီယံနှင့် ဝန်ဆောင်မှုကဏ္ဍမှ ဒေါ်လာ ၈.၅ ဘီလီယံ ရရှိမည်ဖြစ်ကြောင်းသိရသည်။ ပို့ကုန်ပစ်မှတ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း အကြံပေးပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့သည် ကုန်သွယ်မှု၊ တိုးတက်မှုကို မြှင့်တင်ရန် စံနှုန်းများ မိတ်ဖက်ပြုရန် သဘောတူညီခဲ့ကြ

           နယူးဇီလန်နှင့် သြစတြေးလျ ခေါင်းဆောင်များသည် ကုန်သွယ်မှု ပိုမိုဖြေလျှော့ရန်နှင့် စီးပွားရေး ဆက်ဆံမှုအားကောင်းစေရန် ရည်ရွယ်၍ ၎င်းတို့၏ အမျိုးသား စံနှုန်းအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုကို သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon သည် သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ၏ နှစ်ပတ်လည်ခေါင်းဆောင်များ အစည်းအဝေးကို နယူးဇီလန်နိုင်ငံ Queenstown တွင် လက်ခံ ကျင်းပခဲ့သည်။ နယူးဇီလန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါ သဘောတူညီချက်သည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုစံနှုန်းများကို ညီညွတ်စေရန်၊ Tasman တစ်လျှောက် ကုန်သွယ်မှုကို ချောမွေ့စေရန်၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် နှစ်နိုင်ငံစလုံးတွင် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ "နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမယ့် အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်" ဟု New Zealand ၏ "Ging for Growth" အစီအစဉ်နှင့် သြစတြေးလျ၏ ကုန်ထုတ်စွမ်းအားဆိုင်ရာ ဦးစားပေးများအကြား ပေါင်းစပ်လုပ်ဆောင်မှုကို သတိပြုမိကြောင်း Luxon က ပြောကြားခဲ့သည်။ Queenstown အစည်းအဝေးသည် စက်တင်ဘာလတွင် သြစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာတွင် သြစတြေးလျ-နယူးဇီလန် ခေါင်းဆောင်မှုဖိုရမ် အပါအဝင် အဆင့်မြင့် Trans-Tasman စီးပွားရေးဆိုင်ရာ အစည်းအဝေးများ ဆက်တိုက်ကျင်းပခြင်း၏ အစဖြစ်သည်။ ယင်းကို ယခုနှစ်နှောင်းပိုင်းတွင် ရာသီဥတုနှင့် ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံရေး ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမ ၄ လတွင် FDI ၁၁၈ သန်းကျော် ဝင်ရောက်ခဲ့

           မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမလေးလ (ဧပြီမှ ဇူလိုင်လ) အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွင် အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ သြဂုတ်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

           ယင်းကာလအတွင်း နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၆ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

         လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံနှင့် တိုင်းဒေသကြီး စုစုပေါင်း ၅၃ ခုမှ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့က ထိပ်တန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်လည်း မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

ကမ္ဘောဒီးယား၏ ပို့ကုန်သည် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ၁၈.၄ ရာခိုင်နှုန်း မြင့်တက်လာ

 

            ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၇.၇၂ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၄.၉၆ ဘီလီယံမှ ၁၈.၄ ရာခိုင်နှုန်း တိုးလာကြောင်း သြဂုတ်လ ၁၁ ရက် နေ့တွင် ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာအရသိရသည်။ အဓိကပို့ကုန်များမှာ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာများနှင့် ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးနှင့် သရက်သီး စသည်တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံများအတွက် ထိပ်တန်းပို့ကုန်ငါးနိုင်ငံသည် အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် နိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း စုစုပေါင်းသွင်းကုန် ဒေါ်လာ ၁၉.၁၆ ဘီလီယံကို မှတ်တမ်းတင်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ဒေါ်လာ ၁၆.၅၈ ဘီလီယံမှ ၁၅.၅ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာအရသိရသည်။ အဓိကတင်သွင်းသည့် ကုန်စည်များမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်စည်အတွက် ကုန်ကြမ်းများ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စသည်တို့ ပါဝင်သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် ကမ္ဘောဒီးယား -တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်မှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။ "လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် နှစ်ခုစလုံးသည် ကျွန်ုပ်တို့၏ရေရှည်နှင့် ရေရှည်တည်တံ့သော ပို့ကုန်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည်" ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

သြစတြေးလျ-တရုတ်စီးပွားရေးကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲအား မဲလ်ဘုန်းတွင်ဖွင့်လှစ်ခဲ့

          သြစတြေးလျ-တရုတ် စီးပွားရေးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲ (ACETIE)  2025 ကို သြဂုတ်လ ၁၄ ရက်နေ့ မဲလ်ဘုန်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများကို အာရုံစိုက်ကာ ပြပွဲများနှင့် ကုန်စည်ဖလှယ်မှုများမှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ အခမ်းအနားတွင် သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ်ကြီး Xiao Qian က တရုတ်နှင့် သြစတြေးလျ၏ စီးပွား‌ရေးတည်ဆောက်ပုံများသည် အလွန်လိုက်ဖက်ညီပြီး အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြားဆက်ဆံရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားစုများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နေပြီး သြစတြေးလျသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဗျူဟာနှင့် အလွန်လိုက်ဖက်သော ဒေသတွင်း ကုန်ထုတ်လုပ်မှုစွမ်းရည်များကို အရှိန်မြင့်လုပ်ဆောင်ရန် အစီအစဉ် များကို မိတ်ဆက်ခဲ့ကြောင်း Xiao မှ ပြောကြားခဲ့သည်။ သြစတြေးလျကုန်သွယ်ရေးရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာရေးဝန်ကြီးဟောင်း Andrew Robb သည် အခမ်းအနားတွင် ACETIE ကျင်းပရေးကော်မတီ၏ ဥက္ကဌအဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့၏ အနာဂတ်ကို အကျိုးပြုစေမည့် အရည်အသွေးသစ်စွမ်းအားများထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် သုံးရက်ကြာ အဆိုပါအခမ်းအနားကို သြစတြေးလျ-တရုတ် စီးပွားရေး ကောင်စီ နှင့် သြစတြေးလျရှိ တရုတ်ကုန်သည်ကြီးများအသင်းတို့က ပူး‌ပေါင်းစီစဉ်ကာ နှစ်နိုင်ငံမှပြပွဲပြ သသူ ၁၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပွဲတော်သို့လာရောက်ကြည့်ရှုလေ့လာသူ ၁၀၀၀၀ ကျော်ရှိမည်ဟုလည်း ခန်းမှန်းထားကြသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

၂၀၂၅ ခုနှစ်ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသည် ငါးတန်ချိန် ၈၀၀၀၀ ကျော်တင်ပို့ခဲ့

          ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမလေးလဖြစ်သော ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ငါးတန်ချိန် ၈၀၀၀၀ ကျော်အား တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆ သန်းရရှိခဲ့ကြောင်း The Global New Light Of Myanmar ၏ သြဂုတ်လ ၁၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ ငါး တန်ချိန် ၄၅၉၀၀ ကျော်ကို ရေကြောင်းမှတစ်ဆင့်တင်ပို့ခဲ့ပြီး တန်ချိန် ၃၅၀၀၀ ကျော်ကို နယ် စပ်ကုန်သွယ်ရေးမှ တစ်ဆင့်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ပြောကြားချက်အရသိရသည်။

          တရုတ်၊ ထိုင်း၊ ဘင်္ဂလာဒေရှ်နှင့် ဂျပန်တို့ အပါအဝင် နိုင်ငံပေါင်း ၄၀ သို့ ပင်လယ်စာများအား ရေကြောင်းလမ်းနှင့် ကုန်းလမ်းကြောင်းနှစ်မျိုးလုံးမှ တင်ပို့လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် ငါးတန်ချိန် ၄၀၀၀၀၀ အား တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ