ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၆ နှစ်လယ်ပိုင်းအထိ သကြားတင်သွင်းမှု ဆိုင်းငံ့မည်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ပြောကြား

       ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။

          စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. ၊ သကြားလုပ်ငန်းကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (Sugar Regulatory Administration ̶ SRA) မှ အုပ်ချုပ်စီမံခန့်ခွဲရေးမှူး Paul Azcona နှင့် SRA ဘုတ်အဖွဲ့ဝင်နှင့်တောင်သူလယ်သမားကိုယ်စားလှယ် Dave Sanson တို့သည် ၂၀၂၆ ခုနှစ် မေလ သို့မဟုတ် ဇွန်လအထိ သကြားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ညှိနှိုင်းသဘောတူညီခဲ့ကြ သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြထားသည်။

          ပထမအကြိမ် သကြားအဝယ်တင်ဒါခေါ်ယူသည့်ကာလ၌ သကြားကုန်ကြမ်းဈေးနှုန်းများ စံချိန်တင်နိမ့်ကျနေခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်အတွက် အဆိုပါအစည်းအဝေးကို အောက်တို ဘာ ၉ ရက်နေ့တွင် Negros ကျွန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ရက်သတ္တပတ် ၃၈ ပတ်ခန့်ရှိသော ကြံရိတ်သိမ်းချိန်ရာသီကာလအတွင်း အဝယ်တင်ဒါများကို အပတ်စဉ် လုပ်ဆောင် ရမည် ဖြစ်သော်လည်း ကုန်သည်များအကြား အရောင်းအဝယ်ပြုလုပ်ရန် နှောင့်နှေးနေခြင်းက အထင်အရှားဖြစ်ပေါ်လျက်ရှိကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက မှတ်ချက်ပြုထားသည်။

          ၂၀၂၅-၂၀၂၆ သီးနှံရာသီနှစ်အတွင်း ကြံကြိတ်ဝါးလျက် သကြားထုတ်လုပ်မှု လုပ်ငန်းပြီးဆုံး မည့်အချိန်အထိ ကာလအတွင်း မည်သည့်သကြားတင်သွင်းမှု အစီအစဉ်မဆို အရန်သကြားအဖြစ် သာ သတ်မှတ်မည်ဟု ၎င်းတို့အနေဖြင့် သေချာစွာရှင်းလင်း အသိပေးလိုကြောင်း Mr. Azcona နှင့် Mr. Laurel တို့က ပြောဆိုခဲ့ကြသည်။ တောင်သူကိုယ်စားလှယ် Mr. Sanson ကလည်း ယခု လုပ်ဆောင်ချက်သည် လက်ရှိ အုပ်ချုပ်သူများအနေဖြင့် တောင်သူများ၏ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပြီး လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုအခါ ဈေးကစားမှုများကို ကိုင် တွယ်ဖြေရှင်းထားရှိပြီဖြစ်၍ ဈေးနှုန်းများ တည်ငြိမ်မှုရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောဆို ခဲ့သည်။

          အစိုးရအရာရှိများသည် ၂ လစာ အရန်သကြား‌အချော သိုလှောင်ထားရှိမှုကို အစဉ်တစိုက် ထိန်းသိမ်းထားရှိရန် သဘောတူညီခဲ့ကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ဆိုင်းငံ့ကာလအတွင်း တင်သွင်းလာမည့် မည်သည့်သကြားကိုမဆို အရန်ထားရှိမှုအဖြစ် တင်းကျပ်စွာ သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ဈေးကွက်ဈေးနှုန်းကို ထိခိုက်မှု မရှိစေရေးအတွက် ပြည်တွင်းဈေးကွက်သို့ ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။

           ဖိလစ်ပိုင်နိုင်ငံ၌ ကြံစိုက်ပျိုးမှုဧရိယာသည် ၂၀၂၂ ခုနှစ်မှစတင်၍ သိသာစွာ တိုးတက်လာခဲ့ ရာ ထိုစဉ်က ဧရိယာစုစုပေါင်း ဟက်တာ ၃၈၀၀၀၀ ရှိရာမှ ယခုနှစ်တွင် ဟက်တာပေါင်း ၄၀၉၀၀၀ အထိ မြင့်တက်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

Source: Philstar.com, 15 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလ ဖိလစ်ပိုင် တိုးမြှင့်

    ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌  ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

     အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အောက်လွှတ်တော် စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ကော်မတီ၏ အစည်းအဝေးမတိုင်မီ၌ စိုက်ပျိုးရေးဦးစီးဌာန၏ အတွင်းဝန် Francisco Tiu Laurel Jr. က ယင်းဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး ဆန်တင်သွင်းမှုအပေါ် အကောက်ခွန် နှုန်းထားတိုးမြှင့်ရန် အဆိုပြုလွှာတင်သွင်းထားခြင်းကို လွှတ်တော်က မကြာမီအတည်ပြုလိမ့်မည် ဟု အစိုးရအနေဖြင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

     ယင်းအဆိုပြုချက် အောင်မြင်ခြင်း မရှိပါက သမ္မတ Ferdinand Marcos Jr. က အတည်ပြု ထားပြီးဖြစ်သည့် အရန်ပြင်ဆင်ထားသော ယခုအစီအစဉ်က  ဆန်တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်သာ ခွင့်ပြုပေးမည်ဖြစ်ပြီး ရှေ့လာမည့် စပါးရိတ်သိမ်းချိန်ကာလကို ကာကွယ် သည့်အနေဖြင့် နောက်တစ်ကြိမ် ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလ အထိ လုပ်ဆောင်လိမ့်မည်ဖြစ်ပါသည်။

      လပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးအရည်အသွေးကျဆင်းခြင်းနှင့် ဈေးကွက် ရောင်းလိုအားပိုလျှံမှုတို့ကြောင့် ပြည်တွင်းစပါးဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ ကြောင်း၊၂၀၂၅ စက်တင်ဘာလကုန်အထိ ဖိလစ်ပိုင်သို့ ဆန်တင်သွင်းမှု တန်ချိန် ၃.၅ သန်းရှိခဲ့ပြီး မျှော်မှန်းထားသည့် တန်ချိန် ၂.၇ သန်းထက် တိုးမြှင့်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆန်တန်ချိန် ၈၀၀၀၀၀ ခန့်ပိုလျှံမှုရှိသဖြင့် နှစ်စဉ်ဆန်တင်သွင်းရန် လိုအပ်ချက်သည်  တစ်လလျှင် တန်ချိန် ၃၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်းတန်ချိန် ၃.၆ သန်းသာ ရှိမည်ဖြစ်ကြောင်း အတွင်းဝန် Francisco Tiu Laurel Jr. က ပြောဆိုခဲ့သည်။

     ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ဆန်တန်ချိန်  ၄.၇ သန်းကို တင်သွင်းလျက် ကမ္ဘာ့အကြီးဆုံးဆန်တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ကြောင်းသိရှိရပါသည်။

Source : Vietnam Plus, October 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စက်တင်ဘာလ၌ မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုကျဆင်းပြီး တင်ပို့မှု မြင့်တက်ခဲ့

     မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

   မလေးရှား၏ စက်တင်ဘာလ စုစုပေါင်း စားအုန်းဆီသိုလှောင်မှုလက်ကျန်မှာ တန်ချိန် ၂.၄ သန်းဖြစ်ပြီး ယခင်လထက် ၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အလားတူ တင်ပို့မှုမှာလည်း တန်ချိန် ၁.၄ သန်းသို့ မြင့်တက်ခဲ့ပြီး လအလိုက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း MPOB က ဆိုသည်။ ပြုပြင်ထုတ်လုပ်ထားသည့် စားသုံးဆီများအပါအဝင် စားအုန်းဆီ တင်သွင်းမှုမှာလည်း ယခင်လကထက် ၃၄ ရာခိုင်နှုန်းခန့် ပိုမိုလျက် တန်ချိန် ၇၈၄၁၃ တန်ရှိကြောင်း သိရှိရပါသည်။

   ရိုက်တာ (Reuters) သတင်းဌာန၏ စစ်တမ်းတစ်ခုကမူ စက်တင်ဘာလတွင် မလေးရှား၏ စားအုန်းဆီ သိုလှောင်မှု လက်ကျန်မှာ တန်ချိန် ၂.၁၅ သန်း၊ ထုတ်လုပ်မှုသည် တန်ချိန် ၁.၇၉ သန်း နှင့် တင်ပို့မှုမှာ တန်ချိန် ၁.၄၃ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ မလေးရှားသည် ကမ္ဘာ့ စားအုန်းဆီ ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသည် စားသုံးဆီသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်နေ့ အိန္ဒိယစံတော်ချိန် ၁၁:၃၅ နာရီအချိန်၌ ဘာဆာမလေးရှား ဆင့်ပွား စတော့ဈေးကွက် (Bursa Malaysia Derivatives) တွင် ဒီဇင်ဘာလ၌ ပို့ဆောင်ရန်အတွက် ချုပ်ဆိုသော စားအုန်းဆီ စာချုပ်အများစုသည် တစ်တန်လျှင် ၄၅၈၁ ရင်းဂစ် (၉၅၈၈၆.၇၀ အိန္ဒိယ ရူပီး) နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်နေ့ရက် ဈေးပိတ်သိမ်းခဲ့သည့် ဈေးနှုန်းထက် သုည ဒသမနှစ် ရာခိုင်နှုန်းကျဆင်းသွားသည်။

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် လက်ကျန်တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ နှိုင်းယှဉ်ကာ အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်ပါအတိုင်း အသေးစိတ်ဇယားဖော်ပြထားကြောင်း တင်ပြအပ်ပါသည်- 

အကြောင်းအရာ

အမျိုးအမည်

စက်တင်ဘာ(တန်)

 ဩဂုတ်(တန်)

ပြောင်းလဲမှု(%)

ထုတ်လုပ်မှု

စားအုန်းဆီကြမ်း

1,841,159

1,854,766

(-)0.73

တင်ပို့မှု

စားအုန်းဆီကြမ်း

1,427,577

1,325,672

8

ဇီဝဒီဇယ်

34,958

30,833

13

လက်ကျန်

စားအုန်းဆီကြမ်း

1,265,832

1,076,380

18

ပြုပြင်ထားသော စားအုန်းဆီ

1,095,144

1,126,033

(-)3

စုစုပေါင်း

2,360,976

2,202,413

7

Source: Informist Media, 10th October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ၃၃.၇ ရာခိုင်နှုန်း တိုးတက်

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကြိတ်ခွဲပြီးဆန် ၅၉၆၃၄၁ တန် ခန့် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူအတွင်း တင်ပို့ခဲ့သော ကြိတ်ခွဲပြီးဆန် ၄၄၅၉၁၃ တန်နှင့် နှိုင်း ယှဉ်ပါက ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ အစီရင်ခံစာအရ သိရသည်။

          အဆိုပါ ကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ ရရှိခဲ့သော ဆန်တင်ပို့မှုဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၅ သန်းနှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊  တင်ပို့သည့် ကြိတ်ခွဲပြီးဆန်အမျိုးအစားများတွင် ဆန်မွှေး၊ ဆန်လုံးရှည်၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ပါဝင်ကြောင်း၊ ဆန်မွှေးသည် စုစုပေါင်း ဆန်တင်ပို့မှု၏ ၆၈.၈၁ ရာခိုင်နှုန်းအထိ ရှိကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

          ကမ္ဘောဒီးယားဆန်ကို နိုင်ငံနှင့် ဒေသပေါင်း ၆၉ ခုသို့ တင်ပို့ခဲ့ကြောင်း၊ အဓိကဈေးကွက် ဖြစ်သော ဥရောပသမဂ္ဂရှိ နိုင်ငံများသို့ ကြိတ်ခွဲပြီးဆန် တန်ချိန် ၂၄၈၂၇၇ တင်ပို့ခဲ့ရာ စုစုပေါင်း တင်ပို့မှု၏ ၄၁ ရာခိုင်နှုန်းခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၁၉၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရှိရသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ဆန် တန်ချိန် ၁၄၃၁၈၇ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅ သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ အခြား ဈေးကွက်များမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အခြား နိုင်ငံ ၃၂ နိုင်ငံ ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ CRF အသင်းချုပ် ဥက္ကဋ္ဌ Lay Chhun Hour က မကြာသေးမီက ဆန်တင်ပို့မှု တိုးတက်လာခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ၎င်းတို့အနေဖြင့် ကမ္ဘောဒီးယားဆန်၏ အမှတ်တံဆိပ်ကို တက်ကြွစွာဖြင့် အရောင်းမြှင့်တင် ခြင်းနှင့် ဈေးကွက်ရရှိမှုကို ချဲ့ထွင်လျက်ရှိခြင်းတို့ကြောင့် တင်ပို့မည့်ဆန်ပမာဏနှင့် တန်ဖိုး နှစ်ရပ် လုံးတွင် သိသိသာသာ တိုးတက်မှုရရှိခဲ့ကြောင်း၊ CRF အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားဆန်ကို နိုင်ငံတကာဈေးကွက်များသို့ ပိုမိုရောင်းချနိုင်ရန် အစိုးရဝန်ကြီးဌာနများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CRF အသင်းချုပ် ဥက္ကဋ္ဌက Khmer Times သတင်းစာသို့ ပြော ကြားခဲ့သည်။

          ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသည် အထက်ဖော်ပြပါ ကာလအတွင်း စပါးတန်ချိန် ၅.၂၄ သန်းခန့်ကို နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၀၉ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း၊  ကမ္ဘောဒီးယားသည် ဆန်ကို စီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိကာ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုများ မြှင့်တင်ရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

          ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် နိုင်ငံတကာဈေးကွက်များသို့ တိုက်ရိုက်တင်ပို့မှုများ မြှင့်တင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းစေရန် CRF ကို တိုက်တွန်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၉၁ သန်း တန်ဖိုးရှိသော ကြိတ်ခွဲပြီးဆန် ၆၅၁၅၂၂ တန်ကျော်ကို တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

Source: Khmer Times, October 13, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၃၀-၃၁ ခုနှစ်၌ ပဲမျိုးစုံ တန်ချိန် ၃၅ သန်းအထိ ထုတ်လုပ်ရန် အိန္ဒိယ ရည်မှန်း

     အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ လက်ရှိကာလ၌ တန်ချိန် ၂၅ သန်းခန့်ရှိရာမှ ၂၀၃၀-၃၁ သီးနှံရာသီနှစ် (ဇူလိုင်-ဇွန်) အရောက်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၃၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အစိုးရက ရည်မှန်းချက် ချမှတ်ထားသည်။ အောက်တိုဘာ ၉ ရက်နေ့၌ နယူး‌ဒေလီမြို့တွင် ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က ရှေ့လာမည့် ၆ နှစ်တာ ကာလအတွင်း စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း မြှင့်တင်ခြင်းဖြင့် ပဲမျိုးစုံ ထုတ်လုပ်မှုကို တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi သည် နယူး‌ဒေလီမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့၌ ကျင်းပသော ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းဖြင့် ပဲမျိုးစုံ ဖူလုံမှုရရှိရေး အထူးလုပ်ငန်းတာဝန် (Self-Reliance in Pulses Mission) နှင့် လယ်သမားများသို့ ငွေကြေးနှင့် အထောက်အပံ့ပေးအပ်မှု အစီအစဉ် (PM Dhan-Dhaanya Krishi Yojana) စတင်သည့် အခမ်းအနားကို တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အထူးလုပ်ငန်းတာဝန်သည် ၂၀၃၀-၃၁ သီးနှံရာသီနှစ်အရောက်တွင် လက်ရှိ ပဲမျိုးစုံစိုက်ပျိုး ဧရိယာ ဟက်တာ ၂၇.၅ သန်းမှ ဟက်တာ ၃၁ သန်းသို့လည်းကောင်း၊ ပဲမျိုးစုံအထွက်နှုန်းကို ၁ ဟက်တာလျှင် ၈၈၀ ကီလိုဂရမ် ရှိရာမှ ၁ ဟက်တာလျှင် ၁၁၃၀ ကီလို ဂရမ်နှုန်းသို့ လည်းကောင်း တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

    ဝန်ကြီး Mr. Chouhan က အိန္ဒိယသည် ကမ္ဘာ့ပဲမျိုးစုံ ထုတ်လုပ်မှုနှင့် စားသုံးမှု အများဆုံး နိုင်ငံ ဖြစ်သော်လည်း ပြည်ပမှတင်သွင်းမှုအပေါ် ကြီးမားစွာ အမှီပြုနေရဆဲဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကို ရောက်ရှိအောင်မြင်စေရေးအတွက် ခိုင်မာသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတစ်ရပ်ကို ချမှတ် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမြင့်မားပြီး ရောဂါပိုးမွှား နှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော သီးနှံမျိုးကွဲများ တိုးတက်ထူထောင်ခြင်းကို အလေးပေး လုပ်ဆောင်မည်ဖြစ်ပြီး လယ်သမားများထံသို့ ၎င်းမျိုးစေ့များ အချိန်မီဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ အစိုးရ အနေဖြင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (certified seeds) မက်ထရစ်တန်ပေါင်း ၁.၂၆ သန်းနှင့် မျိုးစေ့နှင့် အခမဲ့ မျိုးစေ့ထုပ်ပေါင်း ၈.၈ သန်းကို တောင်သူလယ်သမားများထံ ဖြန့်ဖြူးပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လယ်သမားများသို့ ငွေကြေးနှင့် အထောက်အပံ့ပေးအပ်မှု အစီအစဉ်ကို စိုက်ပျိုးထုတ် လုပ်နိုင်စွမ်း နည်းပါးသည့် ခရိုင်ပေါင်း ၁၀၀ တွင် ဆည်ရေပေးဝေမှု၊ သီးနှံသိုလှောင်မှု၊ သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုးမှုနှင့် ချေးငွေရရှိရေး တိုးမြှင့်မှုများဖြင့် အလေးပေးဆောင်ရွက်မည်ဖြစ်သည်။ အစိုးရအနေဖြင့် တီထွင်ဆန်းသစ်မှုများ၊ အရည်အသွေးကောင်း သွင်းအားစုများနှင့် ဦးတည်ချက် ထားရှိသည့် အထောက်အပံ့များကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ လယ်သမား များ၏ ဝင်ငွေကောင်းမွန်ရေးနှင့် အာဟာရပြည့်ဝသော ကောက်ပဲသီးနှံများ ထုတ်လုပ်မှုမြှင့်တင် ရေးတို့ကို သေချာခိုင်မာစေရန် မျှော်မှန်းထားကြောင်း Mr. Chouhan က ပြောကြားခဲ့သည်။

Source: Informist, 9 October 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဗီယက်နမ်သည် ဥရောပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မြင့်တက်လာ

      ဗီယက်နမ်သည် ဥရောပမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အရှိန်အဟုန်ဖြင့် တိုးလာလျက်ရှိပြီး နိုင်ငံအား မဟာဗျူဟာကျသော နေရာတစ်ခုအဖြစ် ရှုမြင်သည့် စီးပွားရေး လုပ်ငန်းများ တိုးလာကာ အထူးသဖြင့် သန့်ရှင်းသော စွမ်းအင်၊ နည်းပညာမြင့်၊ ဆီမီးကွန်ဒတ် တာများနှင့် အခြေခံအဆောက်အအုံများ စသည်တို့ဖြစ်သည်။

     ကိန်းဂဏာန်းများအရ ဥရောပရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသို့ FDI ၂.၅ ဘီလီယံဒေါ်လာ ပေးပို့ခဲ့ပြီး နှစ်နှစ်အကြာတွင် ၃.၂၅ ဘီလီယံဒေါ်လာအထိ တက်လာ ခဲ့ကြောင်း ကိန်းဂဏန်းများအရ သိရသည်။

     ယခုအခါ အဆိုပါတိုက်ကြီးသည် အရှေ့တောင်အာရှနိုင်ငံများတွင် ပရောဂျက်ပေါင်း ၂,၅၀၀ နီးပါးကို ပိုင်ဆိုင်ထားပြီး နယ်သာလန်၊ ပြင်သစ်၊ လူဇင်ဘတ်နှင့် ဂျာမနီတို့က အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ခန့် ပံ့ပိုးပေးလျက်ရှိသည်။ ဥရောပမြို့တော်၏ အများစုကို ပြုပြင်ခြင်းနှင့် ထုတ်လုပ်မှု (၃၆.၃%)၊ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ (၂၀.၇%)၊ အိမ်ခြံမြေ (၁၁%)၊ နှင့် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး (၆.၆%) တို့ဆီသို့ ဦးတည်ထားသည်။

      ဥရောပစီးပွားရေးလုပ်ငန်းများသည် ပြည်နယ်နှင့်မြို့ကြီးအားလုံးနီးပါးတွင် ရှိနေသော်လည်း၊ ဟိုချီမင်း၊ ဒေါင်နိုင်၊ ဟနွိုင်း၊ ဘက်နင်းနှင့် ကွမ်နင်းကဲ့သို့သော မြို့ကြီးပြကြီးများနှင့် စက်မှု ဗဟိုချက်များတွင် အများဆုံးတွေ့ရှိရသည်။

     ဟနွိုင်းတွင် မကြာသေးမီက B2B ကွန်ရက်ချိတ်ဆက်ပွဲ၌ အီတလီကုမ္ပဏီ ၁၀၀ နှင့် ဗီယက်နမ်လုပ်ဖော်ကိုင်ဖက် ၂၀၀ တို့ကို စုစည်းကာ အီတလီအာမခံနှင့်ဘဏ္ဍာရေးအဖွဲ့ SACE မှ နိုင်ငံတကာစီးပွားရေးအရာရှိချုပ် Michal Ron က ဗီယက်နမ်သည် အီတလီကုမ္ပဏီများအတွက် ဦးစားပေးဈေးကွက်အဖြစ် အမြဲသတ်မှတ်ထားကြောင်း အတည်ပြုခဲ့သည်။

     EU-Vietnam Free Trade Agreement (EVFTA) သည် အီတလီမှ ဗီယက်နမ်အထိ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေမည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဟု သူမက မျှော်လင့်ပါသည်။

     မကြာသေးမီနှစ်များအတွင်း ဥရောပမှ ရင်းနှီးမြှုပ်နှံသူ အများအပြားသည် ဗီယက်နမ်သို့ လာရောက်ခဲ့ကြသည်။ ၎င်းတို့အနက် ဒိန်းမတ်နိုင်ငံမှ LEGO သည် ဟိုချီမင်းစီးတီးတွင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုးရှိ အရုပ်စက်ရုံကို တည်ဆောက်ခဲ့သည်။

     ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း (EuroCham) ၏ ဒုတိယဥက္ကဋ္ဌ ငုယင်ဟိုင်မင်းမှ ပြောကြားရာတွင် ဥရောပရင်းနှီးမြှုပ်နှံမှုများသည် သန့်ရှင်းသောစွမ်းအင်၊ မြင့်မားသောနည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးကဲ့သို့သော ထွန်းသစ်စကဏ္ဍများဆီသို့ တွန်းအား ပေးလျက်ရှိပြီး ဗီယက်နမ်ကို ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုချက်အဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက်ဖြင့် ပြောကြားခဲ့သည်။

     နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လေ့လာရေး အင်စတီကျု (ISC) ၏ အမှုဆောင်အရာရှိချုပ် Le Anh Dung က ဒိန်းမတ်နှင့် ဂျာမနီတို့မှ ရင်းနှီးမြှုပ်နှံသူများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် အထူးတက်ကြွစွာ လုပ်ဆောင်နေကြကြောင်း ပြောကြားခဲ့သည်။        

      သို့သော်လည်း ဥရောပမှ FDI သည် ဗီယက်နမ်၏ ဆွဲဆောင်မှုအလားအလာနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိသေးပြီး လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံ၊ အဖွဲ့အစည်းဆိုင်ရာ မူဘောင်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ကန့်သတ်ချက်များသည် အဓိက စိန်ခေါ်မှုများ ဆက်လက်ရှိနေဦးမည်ဟု သတိပေးထားသည်။

Source: Vietnam Plus                                             

DOCA(ပြည်ထောင်စုနယ်မြေ)

အပြန်အလှန်အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းမှုများအတွက် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သို့ စေလွှတ်မည်

      ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားပြီး အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက်ကို အပြီးသတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း စက်မှုနှင့် ကုန်သွယ်မှု ဒုဝန်ကြီး Nguyen Sinh Nhat Tan က အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

     ပွင့်လင်းမြင်သာမှု၊ အပြုသဘောဆောင်မှု၊ တန်းတူညီမျှမှု၊ တစ်ဦးနှင့်တစ်ဦး လွတ်လပ် ရေးကို လေးစားမှု၊ မိမိကိုယ်ကိုအားကိုးမှုနှင့် နိုင်ငံရေးစနစ်များနှင့် မျှဝေခံစားခွင့်များ ပေါ်အခြေခံ၍ အချင်းချင်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်များကို ထည့်သွင်းစဉ်းစားကာ စေ့စပ်ညှိနှိုင်းမှုများကို ဆောင် ရွက်လျက်ရှိသည်။ ဗီယက်နမ်နှင့် အမေရိကန်တို့ကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးနှင့်အညီ တည်ငြိမ်ပြီး သဟဇာတရှိသော စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားပါသည်။

     စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoIT) မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး Bui Huy Son က ယခုနှစ် နောက်ဆုံးလတွင် စက်မှုနှင့် ကုန်သွယ်မှုကဏ္ဍသည် ချမှတ်ထားသော ရည်မှန်းချက်များ ပြည့်မီပြီး တိုးတက်မှုအသစ်များ ရရှိရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးဌာနသည် ပေါ်လစ်ဗျူရိုမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက် ၅၉-NQ/TW ကို အကောင်အထည်ဖော်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

     တဆက်တည်းတွင်၊ MoIT သည် အမေရိကန်အကောက်ခွန်မူဝါဒဆိုင်ရာ တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး ပေါ်ပေါက်လာသောပြဿနာများကို ရှင်းလင်းဖြေရှင်းရန် နှစ်ဖက်စလုံး မှ သက်ဆိုင်ရာအာဏာပိုင်များနှင့် တက်ကြွစွာလုပ်ဆောင်နေပြီး ဗီယက်နမ်ပို့ကုန်များအပေါ် သက်ရောက်သည့်ဆိုးရွားသောကုန်သွယ်မှုအစီအမံများကို လျှော့ချရန်၊ ၂၀၂၅ ခုနှစ် စတုတ္ထသုံး လပတ်တွင် တောင်ပိုင်းဘုံဈေးကွက် (Mercosur) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) တို့နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) ညှိနှိုင်းမှုကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။ ပါကစ္စတန်နှင့် ဆွေးနွေးမှုများသည် ယခုနှစ်ကုန်တွင် ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်း (EFTA) နှင့် FTA စေ့စပ်ညှိနှိုင်းမှုများ ပြီးဆုံးသွားချိန်တွင် မကြာမီစတင် တော့မည်ဖြစ်ကြောင်း Son က ပြောကြားခဲ့သည်။

    FDI ကဏ္ဍအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအကြား ကန့်သတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် MoIT မှ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။ စက်မှုအသင်းအဖွဲ့များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပုံမှန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများနှင့် နီးကပ်စွာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ရာ အစိုးရထံသို့ အချိန်နှင့်တစ်ပြေးညီ မူဝါဒဆိုင်ရာ အကြံဉာဏ်များ ပေးစွမ်းနိုင် မည်ဖြစ်သည်။

    ထို့အပြင်၊ ဗီယက်နမ်ကုမ္ပဏီများသည် အထူးသဖြင့် အမေရိကန်ဈေးကွက်တွင် မိရိုးဖလာ မိတ်ဖက်များနှင့် ခိုင်မာသောဆက်ဆံရေးကို ထိန်းသိမ်းထားစဉ် ဗီယက်နမ်ကုမ္ပဏီများအား ဖောက်သည်အသစ်များထံရောက်ရှိစေရန် ကုန်သွယ်မှုမြှင့်တင်ရေး၊ ထောက်ပံ့ရေးဝယ်လိုအား ချိတ်ဆက်မှုနှင့် ထုတ်ကုန်စျေးကွက်ရှာဖွေရေးတို့တွင် ကြိုးပမ်းအားထုတ်မှုများသည် ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

     MoIT သည် စစ်ဆေးခြင်း၊ လိုင်စင်ပေးခြင်း နှင့် ချိုးဖောက်မှုဖြေရှင်းခြင်းများမှတဆင့် ဇာစ်မြစ်ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကျင့်သုံးရန် ကတိကဝတ်ကို ထပ်မံအတည်ပြုပြီး တစ်ချိန်တည်းတွင် ကုန်သွယ်မှုဆိုင်ရာ ကုစားရှောင်တိမ်းမှုနှင့် ဇာစ်မြစ်လိမ်လည်မှုကို တိုက်ဖျက်ရန် ကြီးကြပ်မှုကို အားကောင်းစေမှာဖြစ်ပါသည်။

Source: Vietnam Plus                                             

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်ထုတ်လုပ်မှုကြောင့် နယူးဇီလန်နိုင်ငံ၏ GDP သည် ၀.၉ ရာခိုင်နှုန်းကျဆင်း

      နယူးဇီလန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်ဇွန်လ သုံးလပတ်တွင် ၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခင်သုံးလပတ်က ၀.၉ တိုးတက်မှုကိုပြောင်းပြန်လှန်ခဲ့ကြောင်း စာရင်းအင်းဌာနက စက်တင်ဘာလ ၁၈ ရက်နေ့ကပြောကြားခဲ့ပါသည်။

    စီးပွား‌ရေးလုပ်ငန်းများကျဆင်းမှုသည် ကျယ်ပြန့်ပြီး စက်မှုလုပ်ငန်း ၁၆ ခုအနက် ၁၀ ခုကျ ဆင်းမှုများ ဖြစ်ပေါ်ခဲ့ကာ ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်‌ရေးလုပ်ငန်းများမှ ဦးဆောင်လျက်ရှိပါ သည်။ GDP သည် လွန်ခဲ့သော ၅ လ ပတ်အတွင်း ၄ လပတ်ကျဆင်းခဲ့ပါသည်။

   ကုန်ပစ္စည်းထုတ်လုပ်သည့် စက်မှုလုပ်ငန်းသည် ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကုန်ထုတ်လုပ် မှုတွင် ၃.၅ ရာခိုင်နှုန်း လျော့သွားကာ သယ်ယူပို့ဆောင်ရေး ပစ္စည်းများ၊ စက်ယန္တယားများနှင့် စက်ကိရိယာများ ထုတ်လုပ်မှုသည် ၆.၂ ရာခိုင်နှုန်းကျဆင်းသွား ကြောင်းသိရပါသည်။

    အစားအသောက်၊ ယမကာနှင့်ဆေးရွက်ကြီးထုတ်လုပ်မှုသည် ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ သည်။ ဆောင်လုပ်ရေးလုပ်ငန်းသည် ၂၀၂၅ ခုနှစ် မတ်လ ၃ လပတ်အတွင်း ၁.၂ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး ဇွန်လ ၃ လပတ်တွင် ၁.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

   အဓိကစက်မှုလုပ်ငန်းများ ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းများသည် ဒုတိယ သုံးလပတ်တွင် အပြောင်းအလဲအနည်းငယ်သာ ရှိခဲ့ကြောင်းသိရပါသည်။ တစ်ဦးချင်း GDP သည် ၂၀၂၅ ခုနှစ် ဇွန်လသုံးလပတ်အတွင်း ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲပါသည်။ နို့ထွက်ပစ္စည်း၊ အသားနှင့် အခြားစားသောက်ကုန်များတင်ပို့မှု အားနည်းခြင်းကြောင့် ပို့ကုန် ၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း stats NZ က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

 DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏စီးပွား‌ရေးသည် ၂၀၂၅ ခုနှစ်တွင် ၇.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု UOB ထုတ်ပြန်

      စင်္ကာပူနိုင်ငံ၏ United Oversea Bank (UOB) သည် ဗီယက်နမ်၏ ပြည်တွင်းအသားတင် ထုတ်ကုန်(GDP) တိုးတက်မှုခန့်မှန်းချက်ကို ယခင် ၆.၉ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါသည်။

   ဤတိုးမြင့်ခန့်မှန်းချက်သည် အကောက်ခွန်ဆိုင်ရာများနှင့် မသေချာမှုများကြားမှ ဗီယက်နမ်၏ စီးပွားရေးတည်ငြိမ်မှုနှင့် တိုးတက်မှုကို ထင်ဟပ်စေကြောင်း ဘဏ်ကပြောကြား ခဲ့ပါသည်။

   အခွန်အခများ ဆက်လက်ရှိနေသော်လည်း UOB ဘဏ်ကဗီယက်နမ်၏ ပို့ကုန်များသည် ၂၀၂၄ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့်တိုးတက် မည်ဟု ခန့်မှန်းရပါသည်။

    UOB ဘဏ်သည် ၂၀၂၆ ခုနှစ်အတွက် ဗီယက်နမ်၏ GDP တိုးတက်မှုခန့်မှန်းချက်ကို ၇ ရာခိုင် နှုန်းတွင်ဆက်လက်ထိန်းထားကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)

တရုတ်နိုင်ငံတွင် EV ကားများ၏အားသွင်းအခြေခံအဆောက်အအုံများ ဆက်လက်တိုးချဲ့

      တရုတ်နိုင်ငံတွင် EV ကားများအားသွင်းအခြေခံအဆောက်အအုံများကို ဆက်လက်တိုးချဲ့ တည်ဆောက်နေပြီး စုစုပေါင်းအဆောင်အအုံအရေအတွက်သည် သြဂုတ်လကုန်တွင် ၁၇.၃၅ သန်းခန့် တည်ဆောက်ပြီးဖြစ်ပါသည်။ ယခက်နှစ်ကထက် ၅၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်တင် ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရသိရပါသည်။

     အများပြည်သူသုံး EV ကား အားသွင်းစက်များသည် ၄.၃၂ ရာခိုင်နှုန်ခန့်ရှိပြီး၊ ယခင်နှစ်က ထက် ၃၇.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ ၎င်းတို့၏ စုစုပေါင်း စွမ်းအင်မှာ ကီလိုဝပ် ၁၉၆ သန်း ရှိကြောင်း သိရှိရပါသည်။

    ပုဂ္ဂလိက အားသွင်းစက်များသည် အလျင်အမြန်တိုးလာခဲ့ပြီး ယခင်နှစ်ကထက် ၅၉.၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၁၃.၀၃ သန်းသို့ရောက်ရှိခဲ့ပါသည်။ အားသွင်းအခြေခံအဆောက်အအုံ များတိုး လာ ခြင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ယာဉ် (NEV) စျေးကွက်တိုးတက်လာခြင်းနှင့် ကိုက်ညီစေ ပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ NEV ရောင်းချမှုနှင့် ထုတ်လုပ်မှုသည် နှစ်ဆတိုးလာခဲ့ပါ သည်။

    ထိုကာလအတွင်း NEV ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၃၇.၃ ရာခိုင်နှုန်း တိုးတက်ကာ ၉.၆၃ သန်းခန့်ရောက်ရှိခဲ့ပြီး ရောင်းချမှုသည် ၃၆.၇ ရာခိုင်နှုန်း တိုးတက်ကာ ၉.၆၂ သန်းခန့်ရောင်းချ ခဲ့ရကြောင်း သိရှိရပါသည်။

Source : Xinhua                                                                              

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ