
ဖနွမ်းပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိပ်ကမ်း (PPAP) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဆိပ်ကမ်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်လာကြောင်း အစီရင်ခံတစ်ခုထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယား စတော့ရှယ်ယာဈေးကွက်သို့ တင်သွင်းလာခဲ့သော စာရင်းစစ်မပြုလုပ်ရသေးသည့် ဝင်ငွေအစီရင်ခံစာတွင် ဆိပ်ကမ်းမှတစ်ဆင့် ကွန်တိန်နာ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်ကာလတူတွင် TEU ၄၃၆,၈၃၉ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၂၂.၈၅ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့ပြီး TEU ၅၃၆,၆၄၂ ရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထား သည်။ ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာသော ကုန်စည်နှင့် သဘာဝဓာတ်ငွေ့ လောင်စာမှာ ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း မှတ်တမ်းတင်ထားသော တန်ချိန် ၄.၃၆ သန်း မှ ၁၆ ရာခိုင်နှုန်း မြင့်တက်လာကာ တန်ချိန် ၅.၀၆ သန်း ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဆိပ်ကမ်းသို့ ကွန်တိန်နာ ၄၈,၃၈၃ ခု ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလထက် ၃၅.၉၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၂၇.၃၇ ဘီလီယံခန့်ရှိပြီး ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းတိုးလာကာ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၃၀.၆၅ ဘီလီယံရှိပြီး ၁၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ယစ်မျိုးခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။
Source: Khmer Times
DOCA (ရန်ကုန်)
